iMyanmarHouse.com - Best Property Website for Myanmar
×

ပင္လယ္စာေတြလို႔ ေျပာလိုက္ရင္ အရင္ဆံုး သတိရမိမွာက ဂဏန္းပဲ ျဖစ္မွာပါ။ ခုဆိုရင္ ပင္လယ္စာဆိုင္ ေတာ္ေတာ္မ်ားမ်ားလည္း ရွိလာၿပီျဖစ္ၿပီး ဂဏန္းကို အစပ္ခ်က္၊ ဂဏန္းေပါင္း၊ ဂဏန္းခြက္ေၾကာ္နဲ႔ အမ်ိဳးအမည္ စံုေအာင္ကို ခ်က္ျပဳတ္စားလို႔ ရပါတယ္။ လူေတာ္ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္ၿပီး စားသံုးၾကတဲ့ ဂဏန္းက က်န္းမာေရးနဲ႔ ညီညြတ္လား၊ က်န္းမာေရးအတြက္   ေကာင္းလားဆိုရင္ေတာ့ ေကာင္းပါတယ္၊ စားေပးဖို႔ လိုအပ္တယ္လို႔ ေျဖရမွာပါ။ ဂဏန္းမွာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အာဟာရဓါတ္ေတြအမ်ားႀကီးပါပဲ။ Hello ဆရာ၀န္ပရိသတ္ေတြ ဘာေတြလဲဆိုတာသိရေအာင္ ဖတ္ၾကည့္ပါဦးေနာ္။

ဂဏန္းမွာ Omega 3 fatty acid ေတြ မ်ားမ်ား ပါဝင္ၿပီး ကိုလက္စထေရာ ပမာဏကို ထိန္းညွိေပးပါတယ္။ ေသြးဖိအား မ်ားတာ၊ ႏွလံုအားနည္းတာေတြကို ကာကြယ္ေပးတဲ့ အစားအစာ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ အစားအစာေတြကရတဲ့ အာဟာရဆိုတာ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္ကို အေထာက္အကူ ျပဳဖို႔ အဓိကပါ။ ဂဏန္းမွာ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေအာင္ လံႈ႔ေဆာ္ေပးႏိုင္တဲ့ Sekenium ပါဝင္ပါတယ္ေနာ္။ ဒီလိုမ်ိဳး ကိုယ္ခံအားစနစ္ ေကာင္းမြန္ေနမယ္ဆိုရင္ေတာ့ နာတာရွည္ ေရာဂါေတြနဲ႔ ခႏၶာကိုယ္ကို နာက်င္ေစတဲ့ free radical ေတြကို တိုက္ထုတ္ေပးပါတယ္။ ဒါ့အျပင္ ဂဏန္းအသားဟာ ဓါတ္တိုးဆန္႔က်င္မႈေတြကိုလည္း ထုတ္လုပ္ေပးေသးတာမို႔ က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

ဂဏန္းမွာ ေကာ့ပါးဓါတ္လည္း ပါဝင္တာမို႔ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ပံုမွန္လည္ပတ္ႏိုင္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ေကာ့ပါးဓါတ္မ်ားတာဟာ သံဓါတ္ စုပ္ယူမႈအားေကာင္းေစတာမို႔ ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ျခင္း၊ ေသြးလည္ပတ္မႈ အားေကာင္းျခင္းေတြ ျဖစ္ေစပါတယ္။ အနာတရ ျဖစ္ျခင္းေတြေၾကာင့္ ဆဲလ္ေသေတြ ရွိေနရင္လည္း ဆဲလ္အသစ္ ျပန္လည္ ျဖစ္ဖို႔ ကူညီပါတယ္။

ဂဏန္းဟာ ပရိုတင္းဓါတ္ ရရွိဖို႔ အရင္းအျမစ္ တစ္ခုဆိုရင္လည္း မမွားပါဘူးေနာ္။ အားအင္ ျပည့္ဝဖို႔ လိုအပ္ေနသလို ခံစားေနရရင္ေတာ့ ဂဏန္းေလး စားၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဂဏန္းမွာ  စတီးရြိဳက္နဲ႔ ေသြးနီဥ ဆဲလ္ေတြ ထုတ္လုပ္ျခင္းအတြက္ အေရးပါတဲ့ ဗီတာမင္ B2လည္း ပါဝင္တာမို႔ အသားအေရ ေကာင္းဖို႔ ထိန္းသိမ္းေပးျခင္း၊ အျမင္အာရံုနဲ႔ ဦးေႏွာက္အာရံုေၾကာ စနစ္ေတြ တိုးတက္ႀကီးထြားဖို႔ အေထာက္အကူျပဳပါတယ္ေနာ္။ ဗီတာမင္ B2 ဟာ အစာေျခလမ္းေၾကာင္းအတြက္ သံဓါတ္စုပ္ယူမႈ အားေကာင္ၿပီး ဓါတ္တိုးဆန္႔က်င္မႈေတြရဲ႕ အခန္းက႑ကိုလည္း ျမွင့္တင္ေပးပါတယ္။

အရိုး က်န္းမာေရး ေကာင္းဖို႔ဆိုရင္ အားလံုးက ကယ္လ္စီယမ္ဓါတ္ ရွိဖို႔လိုတယ္လို႔ ေတြးၿပီးသား ျဖစ္မွာပါ။ ကယ္လ္စီယမ္လိုပဲ အရိုးကုိ အားေကာင္းေစတဲ့ ေနာက္ထပ္ ဗီတာမင္ ဓါတ္တစ္မ်ိဳးကေတာ့ ေဖာ့စေဖာရပ္ပါ။ ဂဏန္းမွာ ျပည့္ျပည့္ဝဝ ပါဝင္တာမို႔ အရိုးနဲ႔ သြားရဲ႕ က်န္းမာေရးကို စိတ္ပူစရာ မလိုပါဘူး။

သတိျပဳရမယ့္အခ်က္

ဂဏန္းဟာ ဆိုဒီယမ္ပါဝင္မႈ မ်ားတဲ့ ပင္လယ္စာ တစ္မ်ိဳးျဖစ္ၿပီး ကိုလက္စထေရာလည္း ပါဝင္ပါတယ္။ ကိုလက္စထေရာ ပမာဏ မ်ားေနျခင္း ဒါမွမဟုတ္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြ ခံစားေနရတယ္ဆိုရင္ေတာ့ ဂဏန္းစားလို႔ ရမရ  ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ဒီေရာဂါ ရွိတယ္ဆိုရင္ေတာ့ ဆရာဝန္ ခြင့္ျပဳခ်က္ရမွ စားတာ အေကာင္းဆံုးပါေနာ္။

Credit : Mizzima
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပင်လယ်စာတွေလို့ ပြောလိုက်ရင် အရင်ဆုံး သတိရမိမှာက ဂဏန်းပဲ ဖြစ်မှာပါ။ ခုဆိုရင် ပင်လယ်စာဆိုင် တော်တော်များများလည်း ရှိလာပြီဖြစ်ပြီး ဂဏန်းကို အစပ်ချက်၊ ဂဏန်းပေါင်း၊ ဂဏန်းခွက်ကြော်နဲ့ အမျိုးအမည် စုံအောင်ကို ချက်ပြုတ်စားလို့ ရပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်ပြီး စားသုံးကြတဲ့ ဂဏန်းက ကျန်းမာရေးနဲ့ ညီညွတ်လား၊ ကျန်းမာရေးအတွက်   ကောင်းလားဆိုရင်တော့ ကောင်းပါတယ်၊ စားပေးဖို့ လိုအပ်တယ်လို့ ဖြေရမှာပါ။ ဂဏန်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေအများကြီးပါပဲ။ Hello ဆရာဝန်ပရိသတ်တွေ ဘာတွေလဲဆိုတာသိရအောင် ဖတ်ကြည့်ပါဦးနော်။

ဂဏန်းမှာ Omega 3 fatty acid တွေ များများ ပါဝင်ပြီး ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးဖိအား များတာ၊ နှလုံအားနည်းတာတွေကို ကာကွယ်ပေးတဲ့ အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ အစားအစာတွေကရတဲ့ အာဟာရဆိုတာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို အထောက်အကူ ပြုဖို့ အဓိကပါ။ ဂဏန်းမှာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်တဲ့ Sekenium ပါဝင်ပါတယ်နော်။ ဒီလိုမျိုး ကိုယ်ခံအားစနစ် ကောင်းမွန်နေမယ်ဆိုရင်တော့ နာတာရှည် ရောဂါတွေနဲ့ ခန္ဓာကိုယ်ကို နာကျင်စေတဲ့ free radical တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းအသားဟာ ဓါတ်တိုးဆန့်ကျင်မှုတွေကိုလည်း ထုတ်လုပ်ပေးသေးတာမို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ဂဏန်းမှာ ကော့ပါးဓါတ်လည်း ပါဝင်တာမို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်နိုင်အောင် အထောက်အပံ့ပေးပါတယ်။ ကော့ပါးဓါတ်များတာဟာ သံဓါတ် စုပ်ယူမှုအားကောင်းစေတာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ခြင်း၊ သွေးလည်ပတ်မှု အားကောင်းခြင်းတွေ ဖြစ်စေပါတယ်။ အနာတရ ဖြစ်ခြင်းတွေကြောင့် ဆဲလ်သေတွေ ရှိနေရင်လည်း ဆဲလ်အသစ် ပြန်လည် ဖြစ်ဖို့ ကူညီပါတယ်။

ဂဏန်းဟာ ပရိုတင်းဓါတ် ရရှိဖို့ အရင်းအမြစ် တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ အားအင် ပြည့်ဝဖို့ လိုအပ်နေသလို ခံစားနေရရင်တော့ ဂဏန်းလေး စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂဏန်းမှာ  စတီးရွိုက်နဲ့ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ခြင်းအတွက် အရေးပါတဲ့ ဗီတာမင် B2လည်း ပါဝင်တာမို့ အသားအရေ ကောင်းဖို့ ထိန်းသိမ်းပေးခြင်း၊ အမြင်အာရုံနဲ့ ဦးနှောက်အာရုံကြော စနစ်တွေ တိုးတက်ကြီးထွားဖို့ အထောက်အကူပြုပါတယ်နော်။ ဗီတာမင် B2 ဟာ အစာခြေလမ်းကြောင်းအတွက် သံဓါတ်စုပ်ယူမှု အားကောင်ပြီး ဓါတ်တိုးဆန့်ကျင်မှုတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးပါတယ်။

အရိုး ကျန်းမာရေး ကောင်းဖို့ဆိုရင် အားလုံးက ကယ်လ်စီယမ်ဓါတ် ရှိဖို့လိုတယ်လို့ တွေးပြီးသား ဖြစ်မှာပါ။ ကယ်လ်စီယမ်လိုပဲ အရိုးကို အားကောင်းစေတဲ့ နောက်ထပ် ဗီတာမင် ဓါတ်တစ်မျိုးကတော့ ဖော့စဖောရပ်ပါ။ ဂဏန်းမှာ ပြည့်ပြည့်ဝဝ ပါဝင်တာမို့ အရိုးနဲ့ သွားရဲ့ ကျန်းမာရေးကို စိတ်ပူစရာ မလိုပါဘူး။

သတိပြုရမယ့်အချက်

ဂဏန်းဟာ ဆိုဒီယမ်ပါဝင်မှု များတဲ့ ပင်လယ်စာ တစ်မျိုးဖြစ်ပြီး ကိုလက်စထရောလည်း ပါဝင်ပါတယ်။ ကိုလက်စထရော ပမာဏ များနေခြင်း ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်ဆိုရင်တော့ ဂဏန်းစားလို့ ရမရ  ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီရောဂါ ရှိတယ်ဆိုရင်တော့ ဆရာဝန် ခွင့်ပြုချက်ရမှ စားတာ အကောင်းဆုံးပါနော်။

Credit : Mizzima

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top