iMyanmarHouse.com - Best Property Website for Myanmar
×

၀က္ျခံေတြဆိုတာ အရည္ျပားေပၚမွာရွိတဲ့ ေမႊးညွင္းေပါက္ေတြနဲ႔ အဆီထုတ္ေပးနိုင္တဲ့ ဂလင္းေတြ ေရာင္ရမ္းတတ္တဲ့ အေရျပားေရာဂါတစ္မ်ိဳးပါ။ အေရျပားေပၚမွာအထူးသျဖင့္ မ်က္ႏွာေပၚမွာ ၀က္ျခံဖုေတြနဲ႔ ျပည္ဖုေလးေတြ ေပါက္လာတာကိုေခၚပါတယ္။

ပ်ားရည္ဟာ နည္းလမ္းေပါင္းမ်ားစြာနဲ႔ ၀က္ျခံေတြျဖစ္မလာေအာင္ ေသခ်ာေပါက္ ကာကြယ္ေပးနိုင္ပါတယ္။ ပ်ားရည္ဆိိုတာ ၀က္ျခံေတ ြေပ်ာက္ေစရံုသာမကဘဲ အျခားအလွအပျပႆနာေတြကို ဖရွင္းေပးနုိင္တဲ့ သဘာ၀ရဲ႕ လ်ွိဳ႕၀ွက္အလွကုန္ပစၥည္းတစ္ခုပါပဲ။ သူ႕မွာ သဘာ၀ပိုးသတ္္ႏိုင္တဲ့ အာနိသင္၊ေစးကပ္ကပ္သဘာ၀၊ ဓါတ္္တိုးဆန္ ့က်င္ဂုဏ္သတၱိ၊ ေရာင္ရမ္းျခင္းမျဖစ္ေစတဲ့အရာ၊ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၊ အစိုဓာတ္ျဖည့္ေပးနိုင္စြမ္း၊ ေရဆြဲႏိုင္စြမ္္း (osmotic effect)နဲ႔ လ်င္ျမန္စြာ ကုသေပးနိုင္တဲ့ အစြမ္းသတၱိေတြ ပါ၀င္ပါတယ္။ ဒီအရာေတြက ၀က္ျခံကုသရာမွာအျခားအရာေတြထက္ ပိုျပီးထိေရာက္လ်င္ျမန္စြာနဲ႔ သဘာ၀က်က် အက်ိဳးရွိရွိ ကုသေပးနုိင္ပါတယ္။

၀က္ျခံေတြကုသနိုင္ဖို႔ ပ်ားရည္ကဘယ္လို လုပ္ေဆာင္ေပးသလဲ။

    ပ်ားရည္ဟာ ၀က္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကိုသတ္ေပးတဲ့ သဘာ၀ ပိုးသတ္ေဆးအျဖစ္ လုပ္ေဆာင္ေပးပါတယ္။
    ပ်ားရည္မွာဒဏ္ရာထဲမွာရွိတဲ့ ေရေတြကိုစုပ္ေပးနိုင္ျပီးhydrogenperoxideကိုထုတ္ေပးနိုင္တဲ့ osmotic effect လည္းရွိပါတယ္။ Hydrogen peroxide က ဘက္တီးရီးယားေတြကိုပိုသတ္ေပးနိုင္တဲ့ ပိုးသတ္ေဆးေကာင္းတစ္ခုျဖစ္ျပီး ၀က္ျခံေတြကိုလည္းေပ်ာက္ကင္းေစပါတယ္။
    သူ႕မွာဘက္တီးရီးယားေတြၾကီးထြားမႈကိုရပ္တန္႔ေပးနိုင္တဲ့ အက္ဆစ္ဓါတ္သဘာ၀လည္းရွိပါတယ္။
    ၀က္ျခံေတြေၾကာင့္ နီရဲေရာင္ရမ္းေနတာေတြကိုေလွ်ာ့ခ်ေပးနိုင္တဲ့ အေရာင္က်ေစတဲ့ဂုဏ္သတၱိလည္္းရွိပါတယ္။
    Free radicals ေတြေၾကာင့္ ပ်က္စီးတာကိုကာကြယ္ေပးနိုင္တဲ့ သဘာ၀ဓါတ္တိုးဆန္ ့က်င္ပစၥည္းေတြၾကြယ္၀စြာပါ၀င္ပါတယ္။
    ပ်ားရည္ရဲ႕ ေစးကပ္ကပ္ျဖစ္ေနျခင္းဟာဖုန္မႈန္႔နဲ႔ အညစ္အေၾကးေတြကိုဆြဲထုတ္သန္႔စင္ေပးနိုင္ပါတယ္။
    ပ်ားရည္စစ္စစ္ရဲ႕ သဘာ၀ ေကာင္းမြန္ေသာပိုးေမြးျမဴႏိုင္ေသာဂုဏ္သတၱိနဲ႔ မေကာင္းေသာဘတ္တီးရီးယားပိုးမ်ားေသေစႏို္င္ေသာဂုဏ္သတၱိေတြက ၀က္ျခံေပါက္ထားတာေတြကိုေလွ်ာ့ခ်ေပးနိုင္ျပီး ၀က္ျခံအသစ္ေတြထပ္ေပါက္မလာေအာင္လည္းကာကြယ္တားဆီးေပးနုိင္ပါတယ္။
    အသားအရည္အားလံုးအတြက္ အစိုဓာတ္ျဖည့္ဆည္းထိန္းသိမ္းေပးနိုင္ပါတယ္။ ဆိုလိုတာကအဆီျပန္တဲ့အသားအေရအတြက္ဆိုရင္ အဆီပိုေတြကိုဖယ္ရွားေပးနိုင္ျပီးအစိုဓာတ္ျပည့္၀ေခ်ာမြတ္ေနေစပါတယ္။ ေျခာက္ေသြ႕တဲ့အသားအေရအတြက္ေတာ့ လိုအပ္တဲ့အဆီေတြျဖည့္ဆည္းေပးျခင္းအားျဖင့္ အစိုဓာတ္ျပန္လည္ျဖည့္တင္းေပးပါတယ္။
    ပ်ားရည္စစ္စစ္အျပင္ manuka honeyေတြမွာလည္း ၀က္ျခံကိုလ်င္ျမန္စြာေပ်ာက္ကင္းေစနိုင္တဲ့ စြမ္းအားျမင့္ ပိုးသတ္ႏိုင္ေသာဂုဏ္သတၱိနဲ႔ အနာက်က္ေစေသာ ဂုဏ္သတၱိေတြပါ၀င္ပါတယ္။

၀က္ျခံကုသဖို႔အတြက္ ပ်ားရည္ကို ဘယ္လိုအသံုးျပဳသင့္သလဲ။

၀က္ျခံကုသတဲ့ေနရာမွာပ်ားရည္ကိုနည္းလမ္းအမ်ိဳးမ်ိဳးနဲ႔အသံုးျပဳနိုင္ပါတယ္။ အသံုးျပဳနိုင္တဲ့နည္းလမ္းေတြကိုေအာက္မွာေဖာ္ျပထားပါတယ္။

နည္းလမ္္း ၁- Raw Honey ( သဘာ၀ပ်ားရည္စစ္စစ္)

    သန္႔စင္တဲ့သဘာ၀ပ်ားရည္အနည္းငယ္ကိုယူပါ။
    လက္ေခ်ာင္းထိပ္ေလးေတြ သို႔မဟုတ္ ဂြမ္းဖတ္ေလးကိုအသံုးျပဳျပီးမ်က္နွာေပၚလိမ္းပါ။
    နာရီ၀က္ခန္႔ထားျပီးေရေႏြးေလးနဲ႔ အရင္ေဆးပါ။ ျပီးတာနဲ႔ ေရေအးနဲ႔တစ္ခါထပ္ေဆးလိုက္ပါ။ ေရေအးကိုအသံုးျပဳျခင္းကေခၽြးေပါက္ေတြကို ျပန္က်ဥ္းေစပါတယ္။
    ဒီနည္းလမ္းကိုပံုမွန္အသံုးျပဳျခင္းကအသားအရည္ၾကည္လင္သန္႔ရွင္းေစျပီး ၀က္ျခံမေပါက္ေအာင္ကာကြယ္ေပးနိုင္ပါတယ္။

နည္းလမ္္း ၂ – ပ်ားရည္နွင့္ စေတာ္ဘယ္ရီ

    မ်က္နွာကိုနူးညံ႔ညင္သာစြာေဆးေၾကာျပီးေျခာက္သြားေအာင္ မိနစ္အနည္းငယ္ခန္႔ တဘက္ေလးနဲ႔ပုတ္ေပးပါ။
    လတ္ဆတ္တဲ့ စေတာ္ဘယ္ရီ ၃လံုးကိုယူျပီး ၾကိတ္ေျခထားပါ။
    ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္းကို ေျခထားတဲ့ စေတာ္ဘယ္ရီထဲထည့္ျပီးအနွစ္ေကာင္းေကာင္းရေအာင္ ၾကိတ္ေပးပါ။
    ရလာတဲ့အနွစ္ကိုမ်က္နွာေပၚလိမ္းျပီးမိနစ္ ၂၀ မွ ၂၅မိနစ္ခန္႔ ထားေပးပါ။
    ေရေႏြးနဲ႔ေသခ်ာသန္႔စင္ေပးျပီးမိနစ္အနည္းငယ္ခန္႔ အေျခာက္ခံထားပါ။
    Moisturizer သံုးေပးပါ။ ၀က္ျခံေတြရွင္းလင္းသြားေစဖို႔ ဒီနည္းလမ္းကိုတစ္ပတ္ ၂ခါ လုပ္ေပးပါ။
    ဒီနည္းအတုိင္း ၁လေလာက္ပံုမွန္လုပ္ေပးျခင္းက ၀က္ျခံေတြကိုအျပီးတိုင္ ကာကြယ္ဖယ္ရွားေပးနိုင္ပါလိမ့္မယ္။

နည္းလမ္း ၃- ပ်ားရည္နွင့္ သၾကား scrub (ေခၽြးခၽြတ္ျခင္း)

    သၾကားအနည္းငယ္နဲ႔ သၾကားညိဳအနည္းငယ္ကိုယူပါ။ (သၾကားညိဳဟာအျခားေသာေခ်းခၽြတ္ပစၥည္းေတြေလာက္မၾကမ္းတမ္းဘဲတိုက္လိုက္တာနဲ႔ လြယ္ကူလ်င္ျမန္စြာအရည္ေပ်ာ္သြားနိုင္ပါတယ္)
    ပ်ားရည္နဲ႔ေသခ်ာေရာျပီးမ်က္ႏွာေပၚလိမ္းပါ။
    မ်က္နွာနဲ႔ အျခားေသာ ၀က္ျခံေပါက္ေနတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြေပၚမွာမိနစ္အနည္းငယ္ခန္႔ စက္၀ိုင္းပံု ညင္သာစြာပြတ္တိုက္ေပးပါ။
    ေရေဆးခ်လိုက္ပါ။ ၀က္ျခံနဲ႔ အျခားေသာ ျပႆနာေတြကိုမျဖစ္လာေစဖို႔ ဒီေခ်းခၽြတ္နည္းကိုမၾကာခဏအၾကိမ္ၾကိမ္လုပ္ေပးပါ။

နည္းလမ္း ၄ – ပ်ားရည္နွင့္နႏြင္း

    ပ်ားရည္စားပြဲတင္ဇြန္း၁ဇြန္းကိုယူျပီး နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္းရဲ႕ ၈ပံု၁ပံုနဲ႔ ေရာေပးပါ။ နႏြင္းဟာအေရာင္က်ေစေသာဂုဏ္သတၱိရွိျပီး ေရာဂါပိုးမ၀င္ေအာင္ (ဘက္တီးရီးယားေတြကိုေသေစျပီးနာက်င္မႈနဲ႔ နီရဲေရာင္ရမ္းတာေတြကိုေလ်ာ့က်ေအာင္) လုပ္ေပးနိုင္ပါတယ္။
    ေသခ်ာေရာျပီးမိနစ္အနည္းငယ္ခန္႔နွပ္ထားပါ။
    မ်က္ႏွာနဲ႔ အျခား၀က္ျခံေပါက္တဲ့ေနရာေတြမွာလိမ္းျပီးမိနစ္ ၂၀မွ ၂၅မိနစ္ခန္႔ထိထားပါ။
    ေရေႏြးနဲ႔သန္႔စင္ေပးျပီးတဘက္နဲ႔သုတ္ျပီးအေျခာက္ခံပါ။
    အသားအရည္ေခ်ာေမြ႕သန္႔စင္ေစဖို႔ moisturizer လိမ္းေပးပါ။ ၀က္ျခံေတြသက္သာသြားဖို႔ ဒီနည္းလမ္းကိုပံုမွန္ေလးလုပ္ေပးပါ။

နည္းလမ္း၅- ပ်ားရည္နွင့္ Aspirin

    အျပင္ခြံမပါတဲ့ Aspirin (ေသြးက်ဲေဆး)ေဆးျပား ၃လံုးမွ ၅လံုးထိ ယူပါ။ aspirin ဟာနာက်င္ျပီးနီရဲေရာင္ရမ္းတာကိုေလွ်ာ့ခ်ေပးနိုင္တဲ့ အေရာင္က်ေစေသာဂုဏ္သတၱိရွိ္ပါတယ္။ သူ႕မွာ salicylic acid ပါ၀င္ျပီး ၎က ေခၽြးေပါက္ေတြနဲ႔ အသားအေရကို သန္႔စင္ေပးနိုင္ပါတယ္။
    ဇလံုအေသးေလးယူပါ။ aspirinေတြကိုေရအနည္းငယ္(လံုေလာက္တဲ့ ေရပမာဏ) ထည့္ျပီး ၾကိတ္ေျခေပးပါ။
    ရလာတဲ့ အနွစ္ထဲမွာပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္ျပီးေသခ်ာေရာေမႊေပးပါ။
    မ်က္နွာနဲ႔အျခား၀က္ျခံရွိတဲ့ေနရာေတြမွာလိမ္းေပးပါ။
    ၁၀ မိနစ္ မွ ၁၅မိနစ္ခန္႔ထိထားျပီးေရေဆးခ်ပါ။
    ဒီနည္းလမ္းကိုပံုမွန္လုပ္ေပးျခင္းက ၀က္ျခံေတြအျပင္ ၀က္ျခံေၾကာင့္ျဖစ္တဲ့ ျပႆနာေတြကိုဖယ္ရွားေပးနိုင္ပါတယ္။
    ဒီအႏွစ္ကို ၀က္ျခံေတြေပၚမွာလိမ္းျပီးတစ္ညအိပ္လိုက္ကာနံနက္မိုးလင္းမွ ေဆးခ်လိုက္တာမိ်ဳးလည္း ျပဳလုပ္နုိင္ပါတယ္။

နည္းလမ္္း ၆ – ညဘက္ ပ်ားရည္လိမ္းအိပ္ပါ။

    သဘာ၀ပ်ားရည္စစ္စစ္ အနည္းငယ္ကိုယူျပီး ၀က္ျခံေတြေပၚမွာ အိပ္ရာမ၀င္ခင္လိမ္းေပးပါ။
    တစ္ညလံုးထားျပီးအိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာတျခားေနရာေတြပါ ေပေရျပီးရႈပ္ေထြးမသြားေအာင္ ပလာစတာကပ္ထားေပးပါ။
    ေနာက္တစ္ေန႔ နံနက္မွာေတာ့ ပလာစတာဖယ္ပစ္ျပီးေရနဲ႔ေဆးလိုက္တဲ့အခါမွာသင့္၀က္ျခံေတြေလ်ာ့နည္းသြားတာကိုေတြ႕ရမွာပါ။
    ၀က္ျခံေတြ လံုး၀ေပ်ာက္ကင္းသြားသည္အထိ ညတိုင္းလုပ္ေပးပါ။

နည္းလမ္္း 7- ပန္းသီးပ်ားရည္ ေပါင္းတင္မ်က္ႏွာဖံုး

    ပန္းသီးအလတ္စားတစ္၀က္ကိုယူျပီး အေစ့ေတြဖယ္ရွားထားပါ။
    ပန္းသီးကိုေဖ်ာ္ရည္စက္ထဲထည့္ျပီးအနွစ္ျဖစ္ေအာင္လုပ္ပါ။
    ပ်ားရည္ စားပြဲတင္ဇြန္း၂ဇြန္းကိုေရာျပီး မွ်တတဲ့အေရာတစ္ခုရဖို႔ ေဖ်ာ္ရည္စက္ထဲမွာပဲထပ္ၾကိတ္ပါ။
    ဒီအႏွစ္ကိုမ်က္နွာေပၚမွာေပါင္းတင္မ်က္ႏွာဖံုးအျဖစ္လိမ္းျပီး ၁၅ မိနစ္မွ မိနစ္ ၂၀ထိ ထားပါ။
    ေရနဲ႔ေဆးေၾကာလိုက္ပါ။ ဒီနည္းကိုလည္းပံုမွန္ေလးလုပ္ေပးပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၀က်ခြံတွေဆိုတာ အရည်ပြားပေါ်မှာရှိတဲ့ မွှေးညှင်းပေါက်တွေနဲ့ အဆီထုတ်ပေးနိုင်တဲ့ ဂလင်းတွေ ရောင်ရမ်းတတ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာအထူးသဖြင့် မျက်နှာပေါ်မှာ ဝက်ခြံဖုတွေနဲ့ ပြည်ဖုလေးတွေ ပေါက်လာတာကိုခေါ်ပါတယ်။

ပျားရည်ဟာ နည်းလမ်းပေါင်းများစွာနဲ့ ဝက်ခြံတွေဖြစ်မလာအောင် သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဆိုတာ ဝက်ခြံတေ ွပျောက်စေရုံသာမကဘဲ အခြားအလှအပပြဿနာတွေကို ဖရှင်းပေးနိုင်တဲ့ သဘာဝရဲ့ လျှို့ဝှက်အလှကုန်ပစ္စည်းတစ်ခုပါပဲ။ သူ့မှာ သဘာဝပိုးသတ်နိုင်တဲ့ အာနိသင်၊စေးကပ်ကပ်သဘာဝ၊ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ရောင်ရမ်းခြင်းမဖြစ်စေတဲ့အရာ၊ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၊ အစိုဓာတ်ဖြည့်ပေးနိုင်စွမ်း၊ ရေဆွဲနိုင်စွမ်း (osmotic effect)နဲ့ လျင်မြန်စွာ ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ဒီအရာတွေက ဝက်ခြံကုသရာမှာအခြားအရာတွေထက် ပိုပြီးထိရောက်လျင်မြန်စွာနဲ့ သဘာဝကျကျ အကျိုးရှိရှိ ကုသပေးနိုင်ပါတယ်။

ဝက်ခြံတွေကုသနိုင်ဖို့ ပျားရည်ကဘယ်လို လုပ်ဆောင်ပေးသလဲ။

    ပျားရည်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသတ်ပေးတဲ့ သဘာ၀ ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။
    ပျားရည်မှာဒဏ်ရာထဲမှာရှိတဲ့ ရေတွေကိုစုပ်ပေးနိုင်ပြီးhydrogenperoxideကိုထုတ်ပေးနိုင်တဲ့ osmotic effect လည်းရှိပါတယ်။ Hydrogen peroxide က ဘက်တီးရီးယားတွေကိုပိုသတ်ပေးနိုင်တဲ့ ပိုးသတ်ဆေးကောင်းတစ်ခုဖြစ်ပြီး ဝက်ခြံတွေကိုလည်းပျောက်ကင်းစေပါတယ်။
    သူ့မှာဘက်တီးရီးယားတွေကြီးထွားမှုကိုရပ်တန့်ပေးနိုင်တဲ့ အက်ဆစ်ဓါတ်သဘာဝလည်းရှိပါတယ်။
    ဝက်ခြံတွေကြောင့် နီရဲရောင်ရမ်းနေတာတွေကိုလျှော့ချပေးနိုင်တဲ့ အရောင်ကျစေတဲ့ဂုဏ်သတ္တိလည်းရှိပါတယ်။
    Free radicals တွေကြောင့် ပျက်စီးတာကိုကာကွယ်ပေးနိုင်တဲ့ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။
    ပျားရည်ရဲ့ စေးကပ်ကပ်ဖြစ်နေခြင်းဟာဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုဆွဲထုတ်သန့်စင်ပေးနိုင်ပါတယ်။
    ပျားရည်စစ်စစ်ရဲ့ သဘာ၀ ကောင်းမွန်သောပိုးမွေးမြူနိုင်သောဂုဏ်သတ္တိနဲ့ မကောင်းသောဘတ်တီးရီးယားပိုးများသေစေနိုင်သောဂုဏ်သတ္တိတွေက ဝက်ခြံပေါက်ထားတာတွေကိုလျှော့ချပေးနိုင်ပြီး ဝက်ခြံအသစ်တွေထပ်ပေါက်မလာအောင်လည်းကာကွယ်တားဆီးပေးနိုင်ပါတယ်။
    အသားအရည်အားလုံးအတွက် အစိုဓာတ်ဖြည့်ဆည်းထိန်းသိမ်းပေးနိုင်ပါတယ်။ ဆိုလိုတာကအဆီပြန်တဲ့အသားအရေအတွက်ဆိုရင် အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီးအစိုဓာတ်ပြည့်ဝချောမွတ်နေစေပါတယ်။ ခြောက်သွေ့တဲ့အသားအရေအတွက်တော့ လိုအပ်တဲ့အဆီတွေဖြည့်ဆည်းပေးခြင်းအားဖြင့် အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။
    ပျားရည်စစ်စစ်အပြင် manuka honeyတွေမှာလည်း ဝက်ခြံကိုလျင်မြန်စွာပျောက်ကင်းစေနိုင်တဲ့ စွမ်းအားမြင့် ပိုးသတ်နိုင်သောဂုဏ်သတ္တိနဲ့ အနာကျက်စေသော ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

ဝက်ခြံကုသဖို့အတွက် ပျားရည်ကို ဘယ်လိုအသုံးပြုသင့်သလဲ။

ဝက်ခြံကုသတဲ့နေရာမှာပျားရည်ကိုနည်းလမ်းအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့နည်းလမ်းတွေကိုအောက်မှာဖော်ပြထားပါတယ်။

နည်းလမ်း ၁- Raw Honey ( သဘာဝပျားရည်စစ်စစ်)

    သန့်စင်တဲ့သဘာဝပျားရည်အနည်းငယ်ကိုယူပါ။
    လက်ချောင်းထိပ်လေးတွေ သို့မဟုတ် ဂွမ်းဖတ်လေးကိုအသုံးပြုပြီးမျက်နှာပေါ်လိမ်းပါ။
    နာရီဝက်ခန့်ထားပြီးရေနွေးလေးနဲ့ အရင်ဆေးပါ။ ပြီးတာနဲ့ ရေအေးနဲ့တစ်ခါထပ်ဆေးလိုက်ပါ။ ရေအေးကိုအသုံးပြုခြင်းကချွေးပေါက်တွေကို ပြန်ကျဉ်းစေပါတယ်။
    ဒီနည်းလမ်းကိုပုံမှန်အသုံးပြုခြင်းကအသားအရည်ကြည်လင်သန့်ရှင်းစေပြီး ဝက်ခြံမပေါက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

နည်းလမ်း ၂ – ပျားရည်နှင့် စတော်ဘယ်ရီ

    မျက်နှာကိုနူးညံ့ညင်သာစွာဆေးကြောပြီးခြောက်သွားအောင် မိနစ်အနည်းငယ်ခန့် တဘက်လေးနဲ့ပုတ်ပေးပါ။
    လတ်ဆတ်တဲ့ စတော်ဘယ်ရီ ၃လုံးကိုယူပြီး ကြိတ်ခြေထားပါ။
    ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ခြေထားတဲ့ စတော်ဘယ်ရီထဲထည့်ပြီးအနှစ်ကောင်းကောင်းရအောင် ကြိတ်ပေးပါ။
    ရလာတဲ့အနှစ်ကိုမျက်နှာပေါ်လိမ်းပြီးမိနစ် ၂၀ မှ ၂၅မိနစ်ခန့် ထားပေးပါ။
    ရေနွေးနဲ့သေချာသန့်စင်ပေးပြီးမိနစ်အနည်းငယ်ခန့် အခြောက်ခံထားပါ။
    Moisturizer သုံးပေးပါ။ ဝက်ခြံတွေရှင်းလင်းသွားစေဖို့ ဒီနည်းလမ်းကိုတစ်ပတ် ၂ခါ လုပ်ပေးပါ။
    ဒီနည်းအတိုင်း ၁လလောက်ပုံမှန်လုပ်ပေးခြင်းက ဝက်ခြံတွေကိုအပြီးတိုင် ကာကွယ်ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

နည်းလမ်း ၃- ပျားရည်နှင့် သကြား scrub (ချွေးချွတ်ခြင်း)

    သကြားအနည်းငယ်နဲ့ သကြားညိုအနည်းငယ်ကိုယူပါ။ (သကြားညိုဟာအခြားသောချေးချွတ်ပစ္စည်းတွေလောက်မကြမ်းတမ်းဘဲတိုက်လိုက်တာနဲ့ လွယ်ကူလျင်မြန်စွာအရည်ပျော်သွားနိုင်ပါတယ်)
    ပျားရည်နဲ့သေချာရောပြီးမျက်နှာပေါ်လိမ်းပါ။
    မျက်နှာနဲ့ အခြားသော ဝက်ခြံပေါက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်မှာမိနစ်အနည်းငယ်ခန့် စက်ဝိုင်းပုံ ညင်သာစွာပွတ်တိုက်ပေးပါ။
    ရေဆေးချလိုက်ပါ။ ဝက်ခြံနဲ့ အခြားသော ပြဿနာတွေကိုမဖြစ်လာစေဖို့ ဒီချေးချွတ်နည်းကိုမကြာခဏအကြိမ်ကြိမ်လုပ်ပေးပါ။

နည်းလမ်း ၄ – ပျားရည်နှင့်နနွင်း

    ပျားရည်စားပွဲတင်ဇွန်း၁ဇွန်းကိုယူပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းရဲ့ ၈ပုံ၁ပုံနဲ့ ရောပေးပါ။ နနွင်းဟာအရောင်ကျစေသောဂုဏ်သတ္တိရှိပြီး ရောဂါပိုးမဝင်အောင် (ဘက်တီးရီးယားတွေကိုသေစေပြီးနာကျင်မှုနဲ့ နီရဲရောင်ရမ်းတာတွေကိုလျော့ကျအောင်) လုပ်ပေးနိုင်ပါတယ်။
    သေချာရောပြီးမိနစ်အနည်းငယ်ခန့်နှပ်ထားပါ။
    မျက်နှာနဲ့ အခြားဝက်ခြံပေါက်တဲ့နေရာတွေမှာလိမ်းပြီးမိနစ် ၂၀မှ ၂၅မိနစ်ခန့်ထိထားပါ။
    ရေနွေးနဲ့သန့်စင်ပေးပြီးတဘက်နဲ့သုတ်ပြီးအခြောက်ခံပါ။
    အသားအရည်ချောမွေ့သန့်စင်စေဖို့ moisturizer လိမ်းပေးပါ။ ဝက်ခြံတွေသက်သာသွားဖို့ ဒီနည်းလမ်းကိုပုံမှန်လေးလုပ်ပေးပါ။

နည်းလမ်း၅- ပျားရည်နှင့် Aspirin

    အပြင်ခွံမပါတဲ့ Aspirin (သွေးကျဲဆေး)ဆေးပြား ၃လုံးမှ ၅လုံးထိ ယူပါ။ aspirin ဟာနာကျင်ပြီးနီရဲရောင်ရမ်းတာကိုလျှော့ချပေးနိုင်တဲ့ အရောင်ကျစေသောဂုဏ်သတ္တိရှိပါတယ်။ သူ့မှာ salicylic acid ပါဝင်ပြီး ၎င်းက ချွေးပေါက်တွေနဲ့ အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။
    ဇလုံအသေးလေးယူပါ။ aspirinတွေကိုရေအနည်းငယ်(လုံလောက်တဲ့ ရေပမာဏ) ထည့်ပြီး ကြိတ်ခြေပေးပါ။
    ရလာတဲ့ အနှစ်ထဲမှာပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးသေချာရောမွှေပေးပါ။
    မျက်နှာနဲ့အခြားဝက်ခြံရှိတဲ့နေရာတွေမှာလိမ်းပေးပါ။
    ၁၀ မိနစ် မှ ၁၅မိနစ်ခန့်ထိထားပြီးရေဆေးချပါ။
    ဒီနည်းလမ်းကိုပုံမှန်လုပ်ပေးခြင်းက ဝက်ခြံတွေအပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ ပြဿနာတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
    ဒီအနှစ်ကို ဝက်ခြံတွေပေါ်မှာလိမ်းပြီးတစ်ညအိပ်လိုက်ကာနံနက်မိုးလင်းမှ ဆေးချလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း ၆ – ညဘက် ပျားရည်လိမ်းအိပ်ပါ။

    သဘာဝပျားရည်စစ်စစ် အနည်းငယ်ကိုယူပြီး ဝက်ခြံတွေပေါ်မှာ အိပ်ရာမဝင်ခင်လိမ်းပေးပါ။
    တစ်ညလုံးထားပြီးအိပ်ပျော်သွားတဲ့အချိန်မှာတခြားနေရာတွေပါ ပေရေပြီးရှုပ်ထွေးမသွားအောင် ပလာစတာကပ်ထားပေးပါ။
    နောက်တစ်နေ့ နံနက်မှာတော့ ပလာစတာဖယ်ပစ်ပြီးရေနဲ့ဆေးလိုက်တဲ့အခါမှာသင့်ဝက်ခြံတွေလျော့နည်းသွားတာကိုတွေ့ရမှာပါ။
    ဝက်ခြံတွေ လုံးဝပျောက်ကင်းသွားသည်အထိ ညတိုင်းလုပ်ပေးပါ။

နည်းလမ်း 7- ပန်းသီးပျားရည် ပေါင်းတင်မျက်နှာဖုံး

    ပန်းသီးအလတ်စားတစ်ဝက်ကိုယူပြီး အစေ့တွေဖယ်ရှားထားပါ။
    ပန်းသီးကိုဖျော်ရည်စက်ထဲထည့်ပြီးအနှစ်ဖြစ်အောင်လုပ်ပါ။
    ပျားရည် စားပွဲတင်ဇွန်း၂ဇွန်းကိုရောပြီး မျှတတဲ့အရောတစ်ခုရဖို့ ဖျော်ရည်စက်ထဲမှာပဲထပ်ကြိတ်ပါ။
    ဒီအနှစ်ကိုမျက်နှာပေါ်မှာပေါင်းတင်မျက်နှာဖုံးအဖြစ်လိမ်းပြီး ၁၅ မိနစ်မှ မိနစ် ၂၀ထိ ထားပါ။
    ရေနဲ့ဆေးကြောလိုက်ပါ။ ဒီနည်းကိုလည်းပုံမှန်လေးလုပ်ပေးပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top