iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ရဲ႕ သားရတနာေလး ဘုန္းမင္းေနလ ကေတာ့ မိန္းကေလးပရိသတ္အမ်ားစုလည္း ပိုင္ဆိုင္ထားသလို လူခ်စ္ လူခင္ေပါတဲ့ ေကာင္ေလးတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီလို အေၾကာင္းအရင္းေတြ ျဖစ္လာတာကလည္း အေမ့ေၾကာင့္ပါလို႔ ေျပာျပခဲ့ပါတယ္။

” ေကာင္မေလးေတြ အားေပးတာကို ဘယ္လိုျမင္လဲဆိုေတာ့ အေမ့ေၾကာင့္ေပါ့ေနာ္၊ အေမ့ရဲ႕ သားဆိုၿပီးေတာ့လူေတာ္ေတာ္မ်ားမ်ား သိၾက တယ္၊ အေမ့ရဲ႕ Fan ေတြကလည္း ဓာတ္ပုံေတြတြဲတင္တဲ့အခါမွာ ကြၽန္ေတာ္က ခ်စ္စရာေလးေပါ့ ဆိုၿပီးေျပာတာကလည္း အေမ့ေၾကာင့္ လို႔ပဲထင္ပါတယ္။ သူငယ္ခ်င္းေတြကေတာ့ စတာေပါ့ တစ္ခါတစ္ေလက်ရင္ေတာ့ ရွက္တယ္” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္ရဲ႕ သားတစ္ေယာက္ျဖစ္ခြင့္ရတဲ့ သူ႔ရဲ႕ ခံစားခ်က္ကိုလည္း အခုလိုေျပာျပခဲ့ပါတယ္။

” အေမက အေတြ႕အႀကဳံရွိတဲ့ မင္းသမီးတစ္ေယာက္ျဖစ္တဲ့အတြက္ ကြၽန္ေတာ္ အႏုပညာလမ္းေၾကာင္းထဲကို ဝင္မယ္ဆိုရင္လည္း အစစ အရာရာ ကူညီၿပီးေတာ့ လမ္းေၾကာင္းေပးႏိုင္မယ္လို႔ ထင္ပါတယ္” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္ရဲ႕ သားျဖစ္သူ ဘုန္းမင္းေနလ ကေတာ့ တကၠသိုလ္ဝင္တန္း တက္ေရာက္ေနတယ္လို႔ သိရပါတယ္။ မိခင္ျဖစ္သူ ခင္ဇာျခည္ေက်ာ္ကလည္း လက္ရွိမွာ သားျဖစ္သူကို အႏုပညာအလုပ္ေတြ ေပးမလုပ္ေသးပဲ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုၿပီးမွသာ အႏုပညာေလာကထဲကို ဝင္ေစခ်င္တယ္လို႔ သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားရတနာလေး ဘုန်းမင်းနေလ ကတော့ မိန်းကလေးပရိသတ်အများစုလည်း ပိုင်ဆိုင်ထားသလို လူချစ် လူခင်ပေါတဲ့ ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို အကြောင်းအရင်းတွေ ဖြစ်လာတာကလည်း အမေ့ကြောင့်ပါလို့ ပြောပြခဲ့ပါတယ်။

” ကောင်မလေးတွေ အားပေးတာကို ဘယ်လိုမြင်လဲဆိုတော့ အမေ့ကြောင့်ပေါ့နော်၊ အမေ့ရဲ့ သားဆိုပြီးတော့လူတော်တော်များများ သိကြ တယ်၊ အမေ့ရဲ့ Fan တွေကလည်း ဓာတ်ပုံတွေတွဲတင်တဲ့အခါမှာ ကျွန်တော်က ချစ်စရာလေးပေါ့ ဆိုပြီးပြောတာကလည်း အမေ့ကြောင့် လို့ပဲထင်ပါတယ်။ သူငယ်ချင်းတွေကတော့ စတာပေါ့ တစ်ခါတစ်လေကျရင်တော့ ရှက်တယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သားတစ်ယောက်ဖြစ်ခွင့်ရတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” အမေက အတွေ့အကြုံရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော် အနုပညာလမ်းကြောင်းထဲကို ဝင်မယ်ဆိုရင်လည်း အစစ အရာရာ ကူညီပြီးတော့ လမ်းကြောင်းပေးနိုင်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလ ကတော့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်ကလည်း လက်ရှိမှာ သားဖြစ်သူကို အနုပညာအလုပ်တွေ ပေးမလုပ်သေးပဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးမှသာ အနုပညာလောကထဲကို ဝင်စေချင်တယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top