iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳၿမိန္ၿပီး စားလို႔လည္းေကာင္းတဲ့ ေထာပတ္သီးေလးေတြကို မႏွစ္သက္သူ ႐ွိမယ္မထင္ပါဘူးေနာ္။ ဒါေပမယ့္ ေထာပတ္သီးေလးေတြက တာ႐ွည္ေတာ့ မခံပါဘူး။ စားမယ္ဆိုၿပီး ဝယ္ထားၿပီးကာမွ ညိဳမဲသြားတဲ့ ေထာပတ္သီးေတြကို လူတိုင္းၾကံဳဖူးၾကမွာပါ။

ဒါကလည္း ေထာပတ္သီးကို တစ္ျခမ္းပဲစားၿပီး တစ္ျခမ္းသိမ္းထားတာတို႔၊ ထက္ျခမ္းျခမ္းၿပီး ထမင္းစား စားပြဲေပၚမွာ တင္ထားခဲ့မိတာတို႔ဆို ျဖစ္တတ္ပါတယ္။ စားခ်င္လို႔ ဝယ္ထားတဲ့ အစားအစာတစ္ခုကို မစားလိုက္ရဘဲ လႊင့္ပစ္လိုက္ရတာ ဘယ္ေလာက္ဆိုးလဲဆိုတာကို အစားအေသာက္ခ်စ္သူဆိုရင္ နားလည္ၾကမွာပါ။

ဒါေပမယ့္ ေထာပတ္သီးကို ေျခာက္လခန္႔ တာ႐ွည္ခံေအာင္ ထားလို႔ရတဲ့ နည္းလမ္းေလးတစ္ခု ႐ွိပါေသးတယ္။ ေထာပတ္သီးကို လတ္ဆတ္ၿပီး စားလို႔ေကာင္းေအာင္ ဖန္တီးေပးႏိုင္တဲ့ နည္းလမ္းေလးပါ။ ေနာက္ၿပီး ဒီနည္းလမ္းေလးက ေရခဲေသတၱာထဲမွာ ထည့္ရသလိုပဲ ႐ိုး႐ွင္းလြယ္ကူပါတယ္။

တကယ္လို႔ ေထာပတ္သီးက မွည့္ေနၿပီး ေနာက္တစ္ပတ္က်မွ စားခ်င္လို႔ သိုေလွာင္ထားခ်င္တယ္ဆိုရင္ အရင္ဆံုး ေထာပတ္သီးကို အခြံမခြာဘဲ ေရေျပာင္ေအာင္ေဆးလိုက္ပါ။ ၿပီးရင္ အလည္ကေန ထက္ျခမ္းျခမ္းၿပီး အခြံခြာလိုက္ပါ။ အခြံခြာၿပီးရင္ အလည္က အေစ့ကိုထုတ္ၿပီး တစ္ျခမ္းခ်င္းစီကို ပလတ္စတစ္အိတ္ (သို႔) အလူမီနီယမ္ စကၠဴနဲ႔ထုပ္ထားလိုက္ပါ။ ၿပီးရင္ ေလလံု ပလတ္စတစ္အိတ္ထဲမွာ ထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ထားလိုက္ပါ။ အေပၚမွာေတာ့ သိုေလွာင္တဲ့ေန႔ရဲ႕ ေန႔စြဲကို ေရးထားလိုက္ပါ။

ေထာပတ္သီးကို အႏွစ္ထုတ္ၿပီးရင္လည္း သိုေလွာင္လို႔ရပါေသးတယ္။ ေထာပတ္သီးအႏွစ္ထဲကို သံပုရာရည္ (သို႔) ေ႐ွာက္ရည္ညွစ္ထည့္ၿပီး ပလတ္စတစ္အိတ္တစ္လံုးထဲထည့္ၿပီး ေရခဲေသတၱာထဲမွာ သိုေလွာင္ေပးထားလိုက္ပါ။

ေထာပတ္သီးေတြကို အခ်ိန္အၾကာႀကီး သိုေလွာင္လို႔ရတယ္ဆိုေပမယ့္ လတ္လတ္ဆတ္ဆတ္ အသီးေလာက္ေတာ့ မလတ္ဆတ္ႏိုင္ဘူးေပါ့။ ဒါေၾကာင့္ ေထာပတ္သီး လတ္လတ္ဆတ္ဆတ္လို ထုတ္ထုတ္ ထုတ္ထုတ္နဲ႔ေတာ့ ဝါးလို႔ေကာင္းမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေထာပတ္သီးေဖ်ာ္ေသာက္ခ်င္တာပဲျဖစ္ျဖစ္၊ ေထာပတ္သီးအႏွစ္ လုပ္ခ်င္တာပဲျဖစ္ျဖစ္ လုပ္ရင္ေတာ့ အဆင္ေျပပါေသးတယ္။

Source: Reader's Digest

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချိုမြိန်ပြီး စားလို့လည်းကောင်းတဲ့ ထောပတ်သီးလေးတွေကို မနှစ်သက်သူ ရှိမယ်မထင်ပါဘူးနော်။ ဒါပေမယ့် ထောပတ်သီးလေးတွေက တာရှည်တော့ မခံပါဘူး။ စားမယ်ဆိုပြီး ဝယ်ထားပြီးကာမှ ညိုမဲသွားတဲ့ ထောပတ်သီးတွေကို လူတိုင်းကြုံဖူးကြမှာပါ။

ဒါကလည်း ထောပတ်သီးကို တစ်ခြမ်းပဲစားပြီး တစ်ခြမ်းသိမ်းထားတာတို့၊ ထက်ခြမ်းခြမ်းပြီး ထမင်းစား စားပွဲပေါ်မှာ တင်ထားခဲ့မိတာတို့ဆို ဖြစ်တတ်ပါတယ်။ စားချင်လို့ ဝယ်ထားတဲ့ အစားအစာတစ်ခုကို မစားလိုက်ရဘဲ လွှင့်ပစ်လိုက်ရတာ ဘယ်လောက်ဆိုးလဲဆိုတာကို အစားအသောက်ချစ်သူဆိုရင် နားလည်ကြမှာပါ။

ဒါပေမယ့် ထောပတ်သီးကို ခြောက်လခန့် တာရှည်ခံအောင် ထားလို့ရတဲ့ နည်းလမ်းလေးတစ်ခု ရှိပါသေးတယ်။ ထောပတ်သီးကို လတ်ဆတ်ပြီး စားလို့ကောင်းအောင် ဖန်တီးပေးနိုင်တဲ့ နည်းလမ်းလေးပါ။ နောက်ပြီး ဒီနည်းလမ်းလေးက ရေခဲသေတ္တာထဲမှာ ထည့်ရသလိုပဲ ရိုးရှင်းလွယ်ကူပါတယ်။

တကယ်လို့ ထောပတ်သီးက မှည့်နေပြီး နောက်တစ်ပတ်ကျမှ စားချင်လို့ သိုလှောင်ထားချင်တယ်ဆိုရင် အရင်ဆုံး ထောပတ်သီးကို အခွံမခွာဘဲ ရေပြောင်အောင်ဆေးလိုက်ပါ။ ပြီးရင် အလည်ကနေ ထက်ခြမ်းခြမ်းပြီး အခွံခွာလိုက်ပါ။ အခွံခွာပြီးရင် အလည်က အစေ့ကိုထုတ်ပြီး တစ်ခြမ်းချင်းစီကို ပလတ်စတစ်အိတ် (သို့) အလူမီနီယမ် စက္ကူနဲ့ထုပ်ထားလိုက်ပါ။ ပြီးရင် လေလုံ ပလတ်စတစ်အိတ်ထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အပေါ်မှာတော့ သိုလှောင်တဲ့နေ့ရဲ့ နေ့စွဲကို ရေးထားလိုက်ပါ။

ထောပတ်သီးကို အနှစ်ထုတ်ပြီးရင်လည်း သိုလှောင်လို့ရပါသေးတယ်။ ထောပတ်သီးအနှစ်ထဲကို သံပုရာရည် (သို့) ရှောက်ရည်ညှစ်ထည့်ပြီး ပလတ်စတစ်အိတ်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိုလှောင်ပေးထားလိုက်ပါ။

ထောပတ်သီးတွေကို အချိန်အကြာကြီး သိုလှောင်လို့ရတယ်ဆိုပေမယ့် လတ်လတ်ဆတ်ဆတ် အသီးလောက်တော့ မလတ်ဆတ်နိုင်ဘူးပေါ့။ ဒါကြောင့် ထောပတ်သီး လတ်လတ်ဆတ်ဆတ်လို ထုတ်ထုတ် ထုတ်ထုတ်နဲ့တော့ ဝါးလို့ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထောပတ်သီးဖျော်သောက်ချင်တာပဲဖြစ်ဖြစ်၊ ထောပတ်သီးအနှစ် လုပ်ချင်တာပဲဖြစ်ဖြစ် လုပ်ရင်တော့ အဆင်ပြေပါသေးတယ်။

Source: Reader's Digest

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top