iMyanmarHouse.com - Best Property Website for Myanmar
×

ျပစ္မ်ိဳးမွဲ႔မထင္ မ်က္ႏွာေလးရဖို႔ ငွက္ေပ်ာသီးခြံေလးနဲ႔ လုပ္ေဆာင္ၾကမယ္

ပ်ိဳမဒီေလးတို႔ေရ ငွက္ေပ်ာသီး စားၿပီးရင္ အခြံေလးကို ဒီအတိုင္း လႊင့္ပစ္လိုက္တယ္ဆိုရင္ေတာ့ အရမ္းႏွေျမာစရာ ေကာင္းသြားပါၿပီ။ ကုိယ့္ရဲ႕ မ်က္ႏွာေလး ႏုပ်ိဳလွပၿပီး အနာအဆာေတြ မရွိဖို႔ဆိုတာ ေဈးႀကီးတဲ့ skin care ထုတ္ကုန္ေတြ သံုးႏိုင္မွ မဟုတ္ပါဘူးေနာ္။ လက္လွမ္းမီတဲ့ အသီးေလးေတြနဲ႔တင္ ရႏိုင္တာပါ။ ငွက္ေပ်ာသီး အတြင္းသား အခြံံျဖဴက မ်က္ႏွာေလး လွဖို႔ ဘာေတြ အသံုးဝင္တယ္ဆိုတာ မွ်ေဝေပးမယ္ေနာ္။

ငွက္ေပ်ာသီးခြံက ယားယံၿပီး အနီေရာင္ အဖုအဖိန္႔ေတြ ထတာကို သက္သာေစပါတယ္။ ငွက္ေပ်ာသီး အတြင္းသား အျဖဴခြံက အေရးအေၾကာင္းနဲ႔ တင္းတိပ္ေတြကို ေပ်ာက္ကင္းေစၿပီး အသားအေရကို ၾကည္လင္ေတာက္ပေစပါတယ္။ မ်က္ႏွာမွာ Psoriasis လိုမ်ိဳး မညီမညာဘဲ အဖုေတြ ျဖစ္ေနတာကို သက္သာေစတဲ့ ဓါတ္တုိး ဆန္႔က်င္မႈေတြလည္း ပါဝင္ပါေသးတယ္။ ငွက္ေပ်ာသီး အခြံမွာ ပိုတက္စီယမ္၊ lutein ေတြ ပါဝင္တာက မ်က္ႏွာေလးကို ၾကည္လင္ေစဖို႔ အစြမ္းေဆာင္ႏိုင္ဆံုးပါ။

အေရးအေၾကာင္း

ငွက္ေပ်ာသီးခြံရဲ႕ အတြင္းသား အျဖဴဟာ ေရဓါတ္ေတြ အျပည့္အဝ ေပးစြမ္းႏိုင္တာေၾကာင့္ အသားအေရ ေျခာက္ေသြ႔တာေတြ မျဖစ္ေစပါဘူး။ ငွက္ေပ်ာသီးရဲ႕ အတြင္းမွာရွိတဲ့ အျဖဴေတြကို ျခစ္ၿပီး ၾကက္ဥအႏွစ္ေလးနဲ႔ ေရာလိုက္ပါ။သမေအာင္ ေမႊၿပီးၿပီဆိုရင္ေတာ့ မ်က္ႏွာမွာ ငါးမိနစ္ေလာက္ လိမ္းထားပါ။ ငါးမိနစ္ေက်ာ္ၿပီဆိုမွ ေရေဆးခ်ေပးေနာ္။ အေရးအေၾကာင္း ျဖစ္တာေတြ သက္သာမွာ အေသအခ်ာပါပဲ။

အဖုအဖိန္႔

မ်က္ႏွာ အေကာင္ကိုက္တာ၊ ဓါတ္မတည့္မႈေၾကာင့္ အဖုအဖိန္႔ေတြျဖစ္တယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီး အခြံကို လွီးျဖတ္ၿပီး အတြင္းဘက္အျဖဴသားေလးနဲ႔ အဖုအဖိန္႔ေတြေပၚ ကပ္ထားလိုက္ပါ။ အခြံေလး ညိဳသြားၿပီဆိုရင္ေတာ့ ဖယ္လိုက္ပါ။ အဖုအဖိန္႔နဲ႔ နာက်င္တာေတြ သက္သာသြားပါလိမ့္မယ္။

UV ကာကြယ္ေပးျခင္း

UV ေတြထိရင္ မ်က္ႏွာအသားအေရ ပ်က္စီးေစတယ္ဆိုတာ သိထားၿပီးသား ျဖစ္မွာပါ။ ပ်ိဳေမတို႔မ်က္ႏွာမွာ UVေတြ ထိၿပီး မ်က္ႏွာမွာ ေနေလာင္ဒဏ္ေတြ ျဖစ္ေနတယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီး အတြင္းသားအျဖဴေလးေတြနဲ႔ ထိေတြ႔လုိက္ပါ။ မ်က္ႏွာမွာ ကပ္ထားေနာ္။ (၁၀) မိနစ္ေလာက္ လုပ္ေပးပါ။ေန႔တိုင္းလုပ္မယ္ဆိုရင္ ေနေလာင္ဒဏ္ေၾကာင့္ မ်က္ႏွာမွာ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္တာေတြကအစ သက္သာသြားမွာပါ။

မ်က္ကြင္းညိဳျခင္း

မ်က္ကြင္းညိဳလို႔ ပန္ဒါေလးလို ျဖစ္ေနၿပီဆိုရင္ေတာ့ ငွက္ေပ်ာသီး အခြံေလးကို သတိရပါ။ ငွက္ေပ်ာသီး အခြံဟာ မ်က္လံုးနားတဝုိက္က မ်က္ကြင္းညိဳတာကို သက္သာေစၿပီး နဂို ျဖဴတာေလး ျပန္လည္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ ငွက္ေပ်ာသီး အခြံအတြင္းသားေလးေတြကို ျခစ္ၿပီး ရွားေစာင္းလက္ပပ္ အတြင္းသားဂ်ယ္လ္ေလးနဲ႔ ေရာပါ။ ၿပီးရင္ မ်က္လံုးနားတဝိုက္မွာ ခပ္ပါးပါးေလး လိမ္းပါ။ ေျခာက္သြားရင္ေတာ့ ေရေဆးလိုက္ပါ။ မ်က္စိထဲ မဝင္ဖို႔ အထူး(အထူး)  ဂရုျပဳပါ။ ငွက္ေပ်ာသီး အခြံမွာ ပိုတက္စီယမ္ ပါဝင္တာမို႔ အစိုဓါတ္ကို ထိန္းေပးၿပီး မ်က္ကြင္းညိဳတာေတြကို သက္သာေစပါတယ္။

ဝက္ျခံ

နီရဲၿပီး အျဖဴဆံေတြ ထြက္တဲ့ ဝက္ျခံေတြ ေယာင္ရမ္းေနလို႔ ညွစ္လို႔လည္း မရ ၊ နာက်င္တာေတြလည္း ခံစားရေနရင္ေတာ့ ငွက္ေပ်ာသီး အခြံက ကူညီေပးႏိုင္ပါတယ္။ ဝက္ျခံရွိတဲ့ ေနရာေတြမွာ ငွက္ေပ်ာသီး အခြံေလးကို ပါးပါးေလး လွီးၿပီး ကပ္ထားလိုက္ပါ။ အခြံေလး ညိဳလာတဲ့အထိ ကပ္ေနာ္။ တပတ္ကို (၂) ႀကိမ္ေလာက္ ျပဳလုပ္ႏိုင္ၿပီး ဝက္ျခံေတြ ခ်ပ္သြားမွာပါ။

ငွက္ေပ်ာသီး အခြံက ေပးစြမ္းႏိုင္တဲ့ မ်က္ႏွာေပၚက အလွတရားေတြကို သိရၿပီေတာ့ ေနာက္တခါ ငွက္ေပ်ာသီး စားၿပီးတိုင္း အခြံေလးေတြ လႊင့္မပစ္ဘဲ မ်က္ႏွာအလွတရားေလးေတြ ေဖာ္ေဆာင္လိုက္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

ပျိုမဒီလေးတို့ရေ ငှက်ပျောသီး စားပြီးရင် အခွံလေးကို ဒီအတိုင်း လွှင့်ပစ်လိုက်တယ်ဆိုရင်တော့ အရမ်းနှမြောစရာ ကောင်းသွားပါပြီ။ ကိုယ့်ရဲ့ မျက်နှာလေး နုပျိုလှပပြီး အနာအဆာတွေ မရှိဖို့ဆိုတာ ဈေးကြီးတဲ့ skin care ထုတ်ကုန်တွေ သုံးနိုင်မှ မဟုတ်ပါဘူးနော်။ လက်လှမ်းမီတဲ့ အသီးလေးတွေနဲ့တင် ရနိုင်တာပါ။ ငှက်ပျောသီး အတွင်းသား အခွံံဖြူက မျက်နှာလေး လှဖို့ ဘာတွေ အသုံးဝင်တယ်ဆိုတာ မျှဝေပေးမယ်နော်။

ငှက်ပျောသီးခွံက ယားယံပြီး အနီရောင် အဖုအဖိန့်တွေ ထတာကို သက်သာစေပါတယ်။ ငှက်ပျောသီး အတွင်းသား အဖြူခွံက အရေးအကြောင်းနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ မျက်နှာမှာ Psoriasis လိုမျိုး မညီမညာဘဲ အဖုတွေ ဖြစ်နေတာကို သက်သာစေတဲ့ ဓါတ်တိုး ဆန့်ကျင်မှုတွေလည်း ပါဝင်ပါသေးတယ်။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ်၊ lutein တွေ ပါဝင်တာက မျက်နှာလေးကို ကြည်လင်စေဖို့ အစွမ်းဆောင်နိုင်ဆုံးပါ။

အရေးအကြောင်း

ငှက်ပျောသီးခွံရဲ့ အတွင်းသား အဖြူဟာ ရေဓါတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်တာကြောင့် အသားအရေ ခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။ ငှက်ပျောသီးရဲ့ အတွင်းမှာရှိတဲ့ အဖြူတွေကို ခြစ်ပြီး ကြက်ဥအနှစ်လေးနဲ့ ရောလိုက်ပါ။သမအောင် မွှေပြီးပြီဆိုရင်တော့ မျက်နှာမှာ ငါးမိနစ်လောက် လိမ်းထားပါ။ ငါးမိနစ်ကျော်ပြီဆိုမှ ရေဆေးချပေးနော်။ အရေးအကြောင်း ဖြစ်တာတွေ သက်သာမှာ အသေအချာပါပဲ။

အဖုအဖိန့်

မျက်နှာ အကောင်ကိုက်တာ၊ ဓါတ်မတည့်မှုကြောင့် အဖုအဖိန့်တွေဖြစ်တယ်ဆိုရင်တော့ ငှက်ပျောသီး အခွံကို လှီးဖြတ်ပြီး အတွင်းဘက်အဖြူသားလေးနဲ့ အဖုအဖိန့်တွေပေါ် ကပ်ထားလိုက်ပါ။ အခွံလေး ညိုသွားပြီဆိုရင်တော့ ဖယ်လိုက်ပါ။ အဖုအဖိန့်နဲ့ နာကျင်တာတွေ သက်သာသွားပါလိမ့်မယ်။

UV ကာကွယ်ပေးခြင်း

UV တွေထိရင် မျက်နှာအသားအရေ ပျက်စီးစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပျိုမေတို့မျက်နှာမှာ UVတွေ ထိပြီး မျက်နှာမှာ နေလောင်ဒဏ်တွေ ဖြစ်နေတယ်ဆိုရင်တော့ ငှက်ပျောသီး အတွင်းသားအဖြူလေးတွေနဲ့ ထိတွေ့လိုက်ပါ။ မျက်နှာမှာ ကပ်ထားနော်။ (၁၀) မိနစ်လောက် လုပ်ပေးပါ။နေ့တိုင်းလုပ်မယ်ဆိုရင် နေလောင်ဒဏ်ကြောင့် မျက်နှာမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကအစ သက်သာသွားမှာပါ။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုလို့ ပန်ဒါလေးလို ဖြစ်နေပြီဆိုရင်တော့ ငှက်ပျောသီး အခွံလေးကို သတိရပါ။ ငှက်ပျောသီး အခွံဟာ မျက်လုံးနားတဝိုက်က မျက်ကွင်းညိုတာကို သက်သာစေပြီး နဂို ဖြူတာလေး ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ ငှက်ပျောသီး အခွံအတွင်းသားလေးတွေကို ခြစ်ပြီး ရှားစောင်းလက်ပပ် အတွင်းသားဂျယ်လ်လေးနဲ့ ရောပါ။ ပြီးရင် မျက်လုံးနားတဝိုက်မှာ ခပ်ပါးပါးလေး လိမ်းပါ။ ခြောက်သွားရင်တော့ ရေဆေးလိုက်ပါ။ မျက်စိထဲ မဝင်ဖို့ အထူး(အထူး)  ဂရုပြုပါ။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ် ပါဝင်တာမို့ အစိုဓါတ်ကို ထိန်းပေးပြီး မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။

ဝက်ခြံ

နီရဲပြီး အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ယောင်ရမ်းနေလို့ ညှစ်လို့လည်း မရ ၊ နာကျင်တာတွေလည်း ခံစားရနေရင်တော့ ငှက်ပျောသီး အခွံက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံရှိတဲ့ နေရာတွေမှာ ငှက်ပျောသီး အခွံလေးကို ပါးပါးလေး လှီးပြီး ကပ်ထားလိုက်ပါ။ အခွံလေး ညိုလာတဲ့အထိ ကပ်နော်။ တပတ်ကို (၂) ကြိမ်လောက် ပြုလုပ်နိုင်ပြီး ဝက်ခြံတွေ ချပ်သွားမှာပါ။

ငှက်ပျောသီး အခွံက ပေးစွမ်းနိုင်တဲ့ မျက်နှာပေါ်က အလှတရားတွေကို သိရပြီတော့ နောက်တခါ ငှက်ပျောသီး စားပြီးတိုင်း အခွံလေးတွေ လွှင့်မပစ်ဘဲ မျက်နှာအလှတရားလေးတွေ ဖော်ဆောင်လိုက်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top