iMyanmarHouse.com - Best Property Website for Myanmar
×

ေမႊးရနံ႕သင္းပ်ံ႕ၿပီး အရသာအထူးေကာင္းမြန္လို႕ ဟင္းခ်က္ရာမွာထည့္သြင္းအသံုးျပဳသည့္ ဖာလာေစ့ဟာ လူသိမ်ားလွေသာ္လည္း သူ႕ရဲ႕က်န္းမာေရးဆိုင္ရာအက်ိဳးေက်းဇူးေတြကိုေတာ့ လူသိနည္းလွပါတယ္။

ပိုတက္ဆီယမ္၊ ကယ္လ္စီယမ္၊ ဆာလဖာ၊ မဂၢနီဆီယမ္၊ သံဓာတ္ စတာေတြ အေျမာက္အျမားပါ၀င္တဲ့ ဖာလာေစ့ဟာ သင့္ကိုေကာင္းက်ိဳးအမ်ိဳးမ်ိဳးေပးစြမ္းႏုိင္ပါတယ္။

ဒါေႀကာင့္ ဖာလာေစ့က သင့္ကိုဘယ္လိုအက်ိဳးေက်းဇူးေတြေပးစြမ္းႏိုင္သလဲဆိုတာကို သိရွိႏုိင္ေစဖို႕ အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အစာေျခဖ်က္အားေကာင္းေစျခင္း

ဖာလာေစ့သည္ ေလႏွင့္ေဖာေရာင္ျခင္းတုိ႕ကို ေလ်ာ့က်ေစၿပီး သည္းေျခစီးဆင္းမႈကို တုိးျမွင့္ေပးလုိ႕ အဆီႏွင့္အျခားအာဟာရဓာတ္တုိ႕ကို ေျခဖ်က္ဖုိ႕ျမွင့္တင္ေပးပါတယ္။ ေရေႏြးႀကမ္းအေနနဲ႕လည္း ေသာက္သံုးေပးႏုိင္ပါတယ္။

၂။ ခံတြင္းနံ႕ဆိုးကိုဖယ္ရွားေပးျခင္း

ခံတြင္းနံ႔ဆိုးရတဲ့အေၾကာင္းရင္းနဲ႔ ေျဖရွင္းႏိုင္မယ့္ သဘာဝနည္းလမ္း

Antibacterial အစြမ္းသတၱိေတြပါ၀င္လုိ႕ ခံတြင္းနံ႕ဆိုးကိုျဖစ္ေစတဲ့ ပိုးမႊားမ်ားကိုအလြယ္တကူ တိုက္ထုတ္ေပးႏို္င္ပါတယ္။ ဒါ့အျပင္ ဖာေလာေစ့ရဲ႕အဆီက ခံတြင္းနံ႕ဆိုးႏွင့္ အျခားကူးစက္မႈေတြကို ျဖစ္ေစသည့္ ဘတ္တီးရီးယားမ်ားကို ေသေစႏိုင္ပါတယ္။ ဒါေႀကာင့္ အစာစားၿပီးတိုင္း သို႕မဟုတ္ ခံတြင္းနံ႕ရွင္းလင္းေစလိုသည့္အခါတိုင္း ဖာလာေစ့အနည္းငယ္ကို၀ါးစားေပးႏုိင္ပါတယ္။

၃။ အစာစားခ်င္စိတ္ကိုျဖစ္ေပၚေစျခင္း

Woman eating

ဖာလာေစ့က အစာေျခဖ်က္မႈကို အကူအညီေပးသည့္အတြက္ အစာစားခ်င္စိတ္ကိုလည္း ျဖစ္ေပၚေစပါတယ္။ ဒါေႀကာင့္ အစာစားခ်င္စိတ္နည္းပါးေနပါက ဖာလာေစ့အမႈန္႕အနည္းငယ္ကို စြပ္ၿပဳတ္ထဲထည့္ေသာက္ႏုိင္သလို အေစ့ကိုလည္း၀ါးစားလုိ႕ရပါတယ္။

၄။ ခႏၶာကိုယ္ကိုအဆိပ္အေတာက္ဖယ္ရွားေပးျခင္း

Antioxidant အမ်ားအျပားပါ၀င္တဲ့ ဖာလာေစ့ဟာ ခႏၶာကိုယ္ကိုလည္း အဆိပ္အေတာက္ဖယ္ရွားေပးႏုိင္ပါတယ္။ အဆိပ္အေတာက္ကင္းရွင္းတဲ့ ခႏၶာကိုယ္ဟာ စြမ္းအင္အျပည့္ႏွင့္ ပိုမိုေကာင္းမြန္တဲ့ကိုယ္ခံအား၊ ဇီ၀ျဖစ္စဥ္တို႕အတြက္ လမ္းဖြင့္ေပးပါတယ္။ ဒါေႀကာင့္ ေန႕စဥ္ ဖာလာေစ့လက္ဖက္ရည္ႀကမ္းတစ္ခြက္ကို ေသာက္သံုးေပးပါ။

၅။ ေက်ာက္ကပ္က်န္းမာေရးကို တိုးျမွင့္ေပးျခင္း

ဖာလာေစ့ေတြဟာ ဆီးရႊင္ေစၿပီး ေသြးေပါင္ခ်ိန္ကိုေလ်ာ့နည္းေစရံုသာမက ေက်ာက္ကပ္အတြင္းရွိ ကယ္လ္စီယမ္ႏွင့္ urea တို႕ကို ဖယ္ရွားေပးပါတယ္။ ဖာလာေစ့ကို မွန္မွန္သံုးစြဲေပးမယ္ဆိုရင္ ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ ဆီးသြားစဥ္နာက်င္ျခင္း၊ ဆီးမႀကာခဏသြားျခင္း စတဲ့ျပႆနာေတြကို ေျဖရွင္းေပးႏုိင္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မွှေးရနံ့သင်းပျံ့ပြီး အရသာအထူးကောင်းမွန်လို့ ဟင်းချက်ရာမှာထည့်သွင်းအသုံးပြုသည့် ဖာလာစေ့ဟာ လူသိများလှသော်လည်း သူ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုတော့ လူသိနည်းလှပါတယ်။

ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ သံဓာတ် စတာတွေ အမြောက်အမြားပါဝင်တဲ့ ဖာလာစေ့ဟာ သင့်ကိုကောင်းကျိုးအမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ဖာလာစေ့က သင့်ကိုဘယ်လိုအကျိုးကျေးဇူးတွေပေးစွမ်းနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ အစာခြေဖျက်အားကောင်းစေခြင်း

ဖာလာစေ့သည် လေနှင့်ဖောရောင်ခြင်းတို့ကို လျော့ကျစေပြီး သည်းခြေစီးဆင်းမှုကို တိုးမြှင့်ပေးလို့ အဆီနှင့်အခြားအာဟာရဓာတ်တို့ကို ခြေဖျက်ဖို့မြှင့်တင်ပေးပါတယ်။ ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးပေးနိုင်ပါတယ်။

၂။ ခံတွင်းနံ့ဆိုးကိုဖယ်ရှားပေးခြင်း

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း

Antibacterial အစွမ်းသတ္တိတွေပါဝင်လို့ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ပိုးမွှားများကိုအလွယ်တကူ တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖာလောစေ့ရဲ့အဆီက ခံတွင်းနံ့ဆိုးနှင့် အခြားကူးစက်မှုတွေကို ဖြစ်စေသည့် ဘတ်တီးရီးယားများကို သေစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း သို့မဟုတ် ခံတွင်းနံ့ရှင်းလင်းစေလိုသည့်အခါတိုင်း ဖာလာစေ့အနည်းငယ်ကိုဝါးစားပေးနိုင်ပါတယ်။

၃။ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေခြင်း

Woman eating

ဖာလာစေ့က အစာခြေဖျက်မှုကို အကူအညီပေးသည့်အတွက် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အစာစားချင်စိတ်နည်းပါးနေပါက ဖာလာစေ့အမှုန့်အနည်းငယ်ကို စွပ်ပြုတ်ထဲထည့်သောက်နိုင်သလို အစေ့ကိုလည်းဝါးစားလို့ရပါတယ်။

၄။ ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖယ်ရှားပေးခြင်း

Antioxidant အများအပြားပါဝင်တဲ့ ဖာလာစေ့ဟာ ခန္ဓာကိုယ်ကိုလည်း အဆိပ်အတောက်ဖယ်ရှားပေးနိုင်ပါတယ်။ အဆိပ်အတောက်ကင်းရှင်းတဲ့ ခန္ဓာကိုယ်ဟာ စွမ်းအင်အပြည့်နှင့် ပိုမိုကောင်းမွန်တဲ့ကိုယ်ခံအား၊ ဇီဝဖြစ်စဉ်တို့အတွက် လမ်းဖွင့်ပေးပါတယ်။ ဒါကြောင့် နေ့စဉ် ဖာလာစေ့လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်သုံးပေးပါ။

၅။ ကျောက်ကပ်ကျန်းမာရေးကို တိုးမြှင့်ပေးခြင်း

ဖာလာစေ့တွေဟာ ဆီးရွှင်စေပြီး သွေးပေါင်ချိန်ကိုလျော့နည်းစေရုံသာမက ကျောက်ကပ်အတွင်းရှိ ကယ်လ်စီယမ်နှင့် urea တို့ကို ဖယ်ရှားပေးပါတယ်။ ဖာလာစေ့ကို မှန်မှန်သုံးစွဲပေးမယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း စတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top