iMyanmarHouse.com - Best Property Website for Myanmar
×








Photo : ဝင့်ယမုံနိုင်

Credit : Duwun

သရုပ်ဆောင် ဝင့်ယမုံနိုင်က လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဝီတိုရိယဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ဆေးကုသမှု ခံယူနေတဲ့ ပုံလေးတွေ တင်ထားပေမယ့် ဘာကြောင့် ဆေးရုံတက်နေရလည်း ဆိုတာကိုတော့ မရေးထားပါဘူး။

ဒါပေမယ့် ပုံတစ်ပုံအောက်ရဲ့ ကောမန့်မှာတော့ ခြေထောက်ခွဲစိတ်မှု လုပ်ရတာပါ စိုးရိမ်စရာသိပ်မရှိပါဘူးဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

သူမတင်ထားတဲ့  ပုံတွေထဲမှာလည်း ခြေထောက်တစ်ဖက်မှာပတ်တီးကြီး စည်းထားတာကို တွေ့ရပါတယ်။

သူမရဲ့ ပရိသတ်တွေ မိတ်ဆွေတွေကလည်း ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း သူမပုံရဲ့ ကောမန့်တွေမှာ ရေးသားထားကြပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေကစပြီး ပရိသတ်အားပေးမှု ရရှိထားသူလေးလည်း ဖြစ်ပါတယ်။

ယခင်က အနုပညာအလုပ်တွေကို ဝင့်ယမုံလှိုင်နာမည်နဲ့ လုပ်ကိုင်ခဲ့တဲ့ သူမက ပြီးခဲ့တဲ့ လပိုင်းလောက်က ဝင့်ယမုံနိုင်ဆိုတဲ့ နာမည် ပြောင်းပြီးတော့ အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo : ဝင့်ယမုံနိုင်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top