iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းနီဆိုးရတာ ႀကိဳက္တဲ့ မိန္းကေလးေတြအတြက္ ႏႈတ္ခမ္းနီဆိုးနည္း(၃) မ်ိဳး

မိန္းကေလးေတြမွာ ေပါ့ေပါ့ပါးပါးေလးပဲ အလွျပင္ျပင္၊ ပြဲတက္ဖို႔အတြက္ပဲ အလွျပင္ျပင္ ႏႈတ္ခမ္းနီကေတာ့ မပါမျဖစ္ပဲေနာ္။ ဘာလို႔လဲဆိုေတာ့ မ်က္ခံုးေမႊးေလး ဆြဲၿပီး ႏႈတ္ခမ္းနီေလး ဆိုးရင္ကို ေတာ္ေတာ္ေလး ၾကည့္ေကာင္းေနၿပီေလ။ ဒီေတာ့ ႏႈတ္ခမ္းနီကေတာ့ မျဖစ္မေန လိုပါတယ္။ ႏႈတ္ခမ္းနီဆိုးရတာ ႀကိဳက္တဲ့ မိန္းကေလးေတြကေတာ့ ႏႈတ္ခမ္းနီကို ဆိုးနည္း အမ်ိဳးမ်ိဳးနဲ႔ ေျပာင္းၿပီးဆိုးၾကည့္ၾကဖို႔ ဆႏၵရွိၾကပါတယ္။ ဘယ္လုိနည္းလမ္းေတြ ရွိလဲဆုိတာ ဖတ္ၾကည့္ပါဦးေနာ္။

နည္းလမ္း(၁)

ႏႈတ္ခမ္းနီ ဆိုးနည္း နည္းလမ္း(၁) ကေတာ့ ခပ္ထူထူႀကီး မျဖစ္ေနဘဲ အေရာင္လင္းလင္း စိုိစိုေလးရွိခ်င္တဲ့ မိန္းကေလးေတြအတြက္ အေကာင္းဆံုးပါေနာ္။ ပံုမွန္အားျဖင့္ေတာ့ ဒီလိုပံုစံေလးဆိုးမယ္ဆိုရင္ အနီေရာင္ကို ေရြးခ်ယ္ေလ့ ရွိၾကေပမယ့္ တျခား လိေမၼာ္ေရာင္၊ ခရမ္းေဖ်ာ့ေရာင္ေလးေတြနဲ႔လည္း စမ္းသပ္ၿပီး ဆိုးႏိုင္ပါတယ္ေနာ္။ ပထမဆံုး ႏႈတ္ခမ္းမွာ Balmလိုေလး အျဖဴေဖ်ာ့ေဖ်ာ့ေလး ဆိုးလိုက္ပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းနီကို ေအာက္ႏႈတ္ခမ္းနဲ႔ အလယ္(အတြင္းသား) ေနရာမွာပဲ ဆိုးေပးပါ။ အေရာင္ေတာက္ခ်င္ရင္ေတာ့ ထူထူေလးဆိုးလိုက္ပါ။ ၿပီးရင္ အေပၚဘက္ကို ဆိုးေပးပါ။ လက္ေခ်ာင္းေလးနဲ႔ ႏႈတ္ခမ္းသားေလး အျပည့္ျဖစ္သြားေအာင္ ျဖည္ခ်လိုက္ပါ။ ဒါဆိုရင္ေတာ့ ေအာက္က အျဖဴေရာင္ေလးနဲ႔ ေရာသြားၿပီး ငံုဖူးၿပီး အေရာင္လင္းတဲ့ ႏႈတ္ခမ္းတစ္စံု ရရွိပါၿပီ။

နည္းလမ္း(၂)

နည္းလမ္း(၂) ကေတာ့ ႏႈတ္ခမ္းသား ထူထူေလးနဲ႔ ႏႈတ္ခမ္နီအျပည့္ဆိုးခ်င္သူေတြအတြက္ အသံုးဝင္မွာပါ။ ႀကိဳးဆြဲႏႈတ္ခမ္းနီလိုမ်ိဳး ႏႈတ္ခမ္းနီကို သံုးရင္ ပိုေကာင္းပါတယ္ေနာ္။ ပထမဆံုး ႏႈတ္ခမ္းနီမဆိုးခင္ ႏႈတ္ခမ္းေပၚကို  concealer ေလးအရင္ဖံုးအုပ္ေပးပါ။ျပီးရင္ ႏႈတ္ခမ္းအေပၚဘက္ အလယ္မွာ ၾကက္ေျခခတ္ပံုစံေလး ဆြဲပါ။ ၿပီးရင္ ေအာက္ႏႈတ္ခမ္း အျပင္ဘက္ကို ခပ္ဝိုက္ဝိုက္ေလး ဆိုးပါ။ အဲဒါၿပီးရင္ေတာ့ ႏႈတ္ခမ္းေဘာင္အနားေတြ ျပည့္ေအာင္ ဆိုးလိုက္ပါ။ ေနာက္ဆံုးအဆင့္ေရာက္မွ အတြင္သားေတြေရာ အျပည့္ဆိုးလိုက္ပါ။ ခုလိုမ်ိဳး အျပင္ေဘာင္ေတြကို အရင္ေဖာ္ၿပီးမွ ဆိုးတာက ႏႈတ္ခမ္းသားကို ထူသေယာင္ျဖစ္ေစၿပီး တိလည္း တိက်ပါတယ္။ အေရာင္ျပည့္ျပည့္ေလးနဲ႔ လွေနမွာပါ။

နည္းလမ္း(၃)

နည္းလမ္း(၃) ကေတာ့ ႏႈတ္ခမ္းနီအေရာင္ ႏွစ္ေရာင္စပ္ၿပီး ဆိုးတာမ်ိဳးပါ။ ပထမဆံုး ႏႈတ္ခမ္းသားေလး ႏူးညံ့ဖို႔နဲ႔ စိုိစုိေလး ျဖစ္ဖို႔ Lip Balm ေလးဆိုးလိုက္ပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းအလယ္မွာ အျဖဴေရာင္ေလး ဒါမွမဟုတ္ ကိုယ္စပ္ဆိုးခ်င္တဲ့ အေရာင္တစ္ေရာင္ ဆိုးလိုက္ပါ။ ေနာက္ထပ္ တစ္ေရာင္နဲ႔ ႏႈတ္ခမ္းေဘာင္အနားေလးေတြ အနားသတ္ဆိုးလို္က္ပါ။ ခုနက အျဖဴေဘးနားမွာ ႏႈတ္ခမ္းနီ ဆိုးလိုက္ပါ။ လက္ေခ်ာင္းေလးေတြနဲ႔ ႏႈတ္ခမ္းနီေလးေတြ ျဖန္႔လိုက္ၿပီဆိုရင္ေတာ့ ႏွစ္ေရာင္စပ္ ႏႈတ္ခမ္းနီေလးရၿပီေနာ္။

ကဲ..ပ်ိဳပ်ိဳေမတို႔ေရ ႏႈတ္ခမ္းေလး ပိုမိုလွပဖို႔ ဆိုးၾကည့္ပါဦးေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း(၃) မျိုး

မိန်းကလေးတွေမှာ ပေါ့ပေါ့ပါးပါးလေးပဲ အလှပြင်ပြင်၊ ပွဲတက်ဖို့အတွက်ပဲ အလှပြင်ပြင် နှုတ်ခမ်းနီကတော့ မပါမဖြစ်ပဲနော်။ ဘာလို့လဲဆိုတော့ မျက်ခုံးမွှေးလေး ဆွဲပြီး နှုတ်ခမ်းနီလေး ဆိုးရင်ကို တော်တော်လေး ကြည့်ကောင်းနေပြီလေ။ ဒီတော့ နှုတ်ခမ်းနီကတော့ မဖြစ်မနေ လိုပါတယ်။ နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေကတော့ နှုတ်ခမ်းနီကို ဆိုးနည်း အမျိုးမျိုးနဲ့ ပြောင်းပြီးဆိုးကြည့်ကြဖို့ ဆန္ဒရှိကြပါတယ်။ ဘယ်လိုနည်းလမ်းတွေ ရှိလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

နည်းလမ်း(၁)

နှုတ်ခမ်းနီ ဆိုးနည်း နည်းလမ်း(၁) ကတော့ ခပ်ထူထူကြီး မဖြစ်နေဘဲ အရောင်လင်းလင်း စိုစိုလေးရှိချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးပါနော်။ ပုံမှန်အားဖြင့်တော့ ဒီလိုပုံစံလေးဆိုးမယ်ဆိုရင် အနီရောင်ကို ရွေးချယ်လေ့ ရှိကြပေမယ့် တခြား လိမ္မော်ရောင်၊ ခရမ်းဖျော့ရောင်လေးတွေနဲ့လည်း စမ်းသပ်ပြီး ဆိုးနိုင်ပါတယ်နော်။ ပထမဆုံး နှုတ်ခမ်းမှာ Balmလိုလေး အဖြူဖျော့ဖျော့လေး ဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီကို အောက်နှုတ်ခမ်းနဲ့ အလယ်(အတွင်းသား) နေရာမှာပဲ ဆိုးပေးပါ။ အရောင်တောက်ချင်ရင်တော့ ထူထူလေးဆိုးလိုက်ပါ။ ပြီးရင် အပေါ်ဘက်ကို ဆိုးပေးပါ။ လက်ချောင်းလေးနဲ့ နှုတ်ခမ်းသားလေး အပြည့်ဖြစ်သွားအောင် ဖြည်ချလိုက်ပါ။ ဒါဆိုရင်တော့ အောက်က အဖြူရောင်လေးနဲ့ ရောသွားပြီး ငုံဖူးပြီး အရောင်လင်းတဲ့ နှုတ်ခမ်းတစ်စုံ ရရှိပါပြီ။

နည်းလမ်း(၂)

နည်းလမ်း(၂) ကတော့ နှုတ်ခမ်းသား ထူထူလေးနဲ့ နှုတ်ခမ်နီအပြည့်ဆိုးချင်သူတွေအတွက် အသုံးဝင်မှာပါ။ ကြိုးဆွဲနှုတ်ခမ်းနီလိုမျိုး နှုတ်ခမ်းနီကို သုံးရင် ပိုကောင်းပါတယ်နော်။ ပထမဆုံး နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းပေါ်ကို  concealer လေးအရင်ဖုံးအုပ်ပေးပါ။ပြီးရင် နှုတ်ခမ်းအပေါ်ဘက် အလယ်မှာ ကြက်ခြေခတ်ပုံစံလေး ဆွဲပါ။ ပြီးရင် အောက်နှုတ်ခမ်း အပြင်ဘက်ကို ခပ်ဝိုက်ဝိုက်လေး ဆိုးပါ။ အဲဒါပြီးရင်တော့ နှုတ်ခမ်းဘောင်အနားတွေ ပြည့်အောင် ဆိုးလိုက်ပါ။ နောက်ဆုံးအဆင့်ရောက်မှ အတွင်သားတွေရော အပြည့်ဆိုးလိုက်ပါ။ ခုလိုမျိုး အပြင်ဘောင်တွေကို အရင်ဖော်ပြီးမှ ဆိုးတာက နှုတ်ခမ်းသားကို ထူသယောင်ဖြစ်စေပြီး တိလည်း တိကျပါတယ်။ အရောင်ပြည့်ပြည့်လေးနဲ့ လှနေမှာပါ။

နည်းလမ်း(၃)

နည်းလမ်း(၃) ကတော့ နှုတ်ခမ်းနီအရောင် နှစ်ရောင်စပ်ပြီး ဆိုးတာမျိုးပါ။ ပထမဆုံး နှုတ်ခမ်းသားလေး နူးညံ့ဖို့နဲ့ စိုစိုလေး ဖြစ်ဖို့ Lip Balm လေးဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းအလယ်မှာ အဖြူရောင်လေး ဒါမှမဟုတ် ကိုယ်စပ်ဆိုးချင်တဲ့ အရောင်တစ်ရောင် ဆိုးလိုက်ပါ။ နောက်ထပ် တစ်ရောင်နဲ့ နှုတ်ခမ်းဘောင်အနားလေးတွေ အနားသတ်ဆိုးလိုက်ပါ။ ခုနက အဖြူဘေးနားမှာ နှုတ်ခမ်းနီ ဆိုးလိုက်ပါ။ လက်ချောင်းလေးတွေနဲ့ နှုတ်ခမ်းနီလေးတွေ ဖြန့်လိုက်ပြီဆိုရင်တော့ နှစ်ရောင်စပ် နှုတ်ခမ်းနီလေးရပြီနော်။

ကဲ..ပျိုပျိုမေတို့ရေ နှုတ်ခမ်းလေး ပိုမိုလှပဖို့ ဆိုးကြည့်ပါဦးနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top