iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ စမူဆာပူပူေလး စားရတာ ႀကိဳက္ၾကလားရွင့္။ စမူဆာက ကမၻာနဲ႔ အဝွမ္းမွာ လူႀကိဳက္မ်ားတဲ့ အစားအစာျဖစ္ပါတယ္။

အျပင္မွာ ဝယ္စားတာထက္ မိမိကိုယ္ကို လုပ္စားခ်င္သူေတြအတြက္ ဒီတခါမွာေတာ့ စမူဆာလုပ္နည္းေလးကို မွ်ေဝေပးလိုက္တယ္ေနာ္။

ပါဝင္ပစၥည္း

ဂ်ံဳမႈန္႔ ၂ ခြက္ မွ ၄ ခြက္

စမူဆာ ေၾကာ္ဖို႔ ဆီ ၃ ခြက္ မွ ၄ ခြက္

မႈန္႕ညွက္လုပ္ဖို႔ ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ဆားအနည္းငယ္

ေရေႏြး

ငရုတ္ေကာင္းမႈန္႕

ၾကက္သြန္နီ ေတာက္ေတာက္စဥ္း စားပြဲတင္ဇြန္း ၁ ဇြန္း

အာလူး ၃ လံုး (မထည့္ခ်င္လည္းရပါတယ္။)

ၾကက္သြန္ျဖဴ ၁ ေတာင့္

ဂ်င္း ၁ လက္မ

နံနံပင္ အနည္းငယ္

မိမိႏွစ္သက္တဲ့ အသား ေတာက္ေတာက္စဥ္း အနည္းငယ္

ျပဳလုပ္နည္း

အရင္ဆံုး ဂ်င္းေတြ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြကိုေထာင္းလိုက္ပါ။ အာလူးကို အတံုးေသးေသးေလးလွီးလိုက္ပါ။  နံနံပင္ကို ပါးပါးလွီးလိုက္ပါ။ ၿပီးရင္ အသားကို ဆားနဲ႔နယ္ေပးထားပါ။

ဆီကိုအပူေပးၿပီး ၾကက္သြန္နီ ၾကက္သြန္ျဖဴထည့္ၿပီး ေမႊးေအာင္ေၾကာ္ပါ။ အဲဒီေနာက္ အာလူးထည့္ေၾကာ္ပါ။ ၿပီးရင္ အသားထည့္ပါ။ အဲဒီေနာက္ ဂ်င္းနဲ႔ တျခားဟင္းခတ္အေမႊးအႀကိဳင္ေတြထည့္ၿပီး ေသခ်ာေမြပါ။

ေရနည္းနည္းထည့္ပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားပါ။ ေရခမ္းသြားရင္ ရပါၿပီေနာ္။

ဂ်ံဳကို ေရေႏြးဆူဆူထည့္ၿပီး ဇြန္းနဲ႔ ေသခ်ာေမႊေပးပါ။ ခပ္ၾကာၾကာေလး ေမႊေပးပါ။ အပူေလ်ာ့သြားရင္ လက္နဲ႔ ေသခ်ာေလး နယ္ေပးရပါတယ္။ ဆားနည္းနည္းထည့္ပါ။ ဆီနည္းနည္းထည့္ပါ။ ၿပီးရင္ လက္နဲ႔ ေသခ်ာေလး ႏွံ႕စပ္ေအာင္ေမြပါ။ အရမ္းမကပ္ပါေစနဲ႔။ ဒါေပမယ့္ ဆြဲလိုက္ရင္ ပါလာတာမ်ိဳးက ပိုေကာင္းပါတယ္။

ရၿပီဆိုရင္ အလံုးေသးေသးေလး လံုးလိုက္ၿပီး အျပားေလးထပ္လုပ္ပါ။

ၿပီးရင္ေတာ့ အဲဒါကို Pan အိုးထဲထည့္လိုက္ၿပီး အေျခာက္ခံလိုက္ပါ။ မီးအပူကို ေလွ်ာ့ထားပါ။ အဲဒီလိုဆိုပိုၿပီးလိပ္လို႔ လြယ္ကူသြားမွာျဖစ္ပါတယ္။

ၿပီးရင့္ အခုပံုမွာျပထားသလို ကန္ေတာ့ခြက္လိုမ်ိဳး လိပ္ေပးလိုက္ပါ။

ၿပီးရင္ေစာေစာက ေၾကာ္ထားတဲ့ အသားထည့္လိုက္ပါ။

အဲဒီေနာက္ ျပန္ပိတ္ၿပီး ဆီပူပူထဲ ထည့္ေၾကာ္ပါ။

ကိုယ့္ဘာသာကိုယ္ အိမ္မွာလုပ္စားတာဆိုေတာ့ က်န္းမာေရးနဲ႔လည္း ညီညြတ္ၿပီး အရသာပိုရွိမွာ ေသခ်ာပါတယ္ေနာ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ စမူဆာပူပူလေး စားရတာ ကြိုက်ကြလားရှင့်။ စမူဆာက ကမ္ဘာနဲ့ အဝှမ်းမှာ လူကြိုက်များတဲ့ အစားအစာဖြစ်ပါတယ်။

အပြင်မှာ ဝယ်စားတာထက် မိမိကိုယ်ကို လုပ်စားချင်သူတွေအတွက် ဒီတခါမှာတော့ စမူဆာလုပ်နည်းလေးကို မျှဝေပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်း

ဂျုံမှုန့် ၂ ခွက် မှ ၄ ခွက်

စမူဆာ ကြော်ဖို့ ဆီ ၃ ခွက် မှ ၄ ခွက်

မှုန့်ညှက်လုပ်ဖို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆားအနည်းငယ်

ရေနွေး

ငရုတ်ကောင်းမှုန့်

ကြက်သွန်နီ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း

အာလူး ၃ လုံး (မထည့်ချင်လည်းရပါတယ်။)

ကြက်သွန်ဖြူ ၁ တောင့်

ဂျင်း ၁ လက်မ

နံနံပင် အနည်းငယ်

မိမိနှစ်သက်တဲ့ အသား တောက်တောက်စဉ်း အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဂျင်းတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုထောင်းလိုက်ပါ။ အာလူးကို အတုံးသေးသေးလေးလှီးလိုက်ပါ။  နံနံပင်ကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် အသားကို ဆားနဲ့နယ်ပေးထားပါ။

ဆီကိုအပူပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူထည့်ပြီး မွှေးအောင်ကြော်ပါ။ အဲဒီနောက် အာလူးထည့်ကြော်ပါ။ ပြီးရင် အသားထည့်ပါ။ အဲဒီနောက် ဂျင်းနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး သေချာမွေပါ။

ရေနည်းနည်းထည့်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပါ။ ရေခမ်းသွားရင် ရပါပြီနော်။

ဂျုံကို ရေနွေးဆူဆူထည့်ပြီး ဇွန်းနဲ့ သေချာမွှေပေးပါ။ ခပ်ကြာကြာလေး မွှေပေးပါ။ အပူလျော့သွားရင် လက်နဲ့ သေချာလေး နယ်ပေးရပါတယ်။ ဆားနည်းနည်းထည့်ပါ။ ဆီနည်းနည်းထည့်ပါ။ ပြီးရင် လက်နဲ့ သေချာလေး နှံ့စပ်အောင်မွေပါ။ အရမ်းမကပ်ပါစေနဲ့။ ဒါပေမယ့် ဆွဲလိုက်ရင် ပါလာတာမျိုးက ပိုကောင်းပါတယ်။

ရပြီဆိုရင် အလုံးသေးသေးလေး လုံးလိုက်ပြီး အပြားလေးထပ်လုပ်ပါ။

ပြီးရင်တော့ အဲဒါကို Pan အိုးထဲထည့်လိုက်ပြီး အခြောက်ခံလိုက်ပါ။ မီးအပူကို လျှော့ထားပါ။ အဲဒီလိုဆိုပိုပြီးလိပ်လို့ လွယ်ကူသွားမှာဖြစ်ပါတယ်။

ပြီးရင့် အခုပုံမှာပြထားသလို ကန်တော့ခွက်လိုမျိုး လိပ်ပေးလိုက်ပါ။

ပြီးရင်စောစောက ကြော်ထားတဲ့ အသားထည့်လိုက်ပါ။

အဲဒီနောက် ပြန်ပိတ်ပြီး ဆီပူပူထဲ ထည့်ကြော်ပါ။

ကိုယ့်ဘာသာကိုယ် အိမ်မှာလုပ်စားတာဆိုတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရသာပိုရှိမှာ သေချာပါတယ်နော်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top