iMyanmarHouse.com - Best Property Website for Myanmar
×

မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)

မေကာင္းသတင္းေတြက ေကာက္ရိုးမီးလိုပဲ ပ်ံ႕ႏွံ႕သြားႏုိင္ၿပီး အိမ္နီးနားခ်င္းမ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ားအႀကား အထင္အျမင္လြဲမွားမႈေတြျဖစ္လာႏုိင္ပါတယ္။ နားစြန္နားဖ်ား ႀကားသိရတဲ့ အတင္းအဖ်င္းေတြ၊ ေကာလဟာလေတြကို မယံုႀကည္ဘဲ မိမိကိုယ္တိုင္ေသခ်ာသိရေအာင္ျပဳလုပ္ပါ။ ျပႆနာထဲပါၿပီးကာမွ သတင္းအမွားျဖစ္သြားခဲ့မယ္ဆိုရင္ မိမိေရာယွက္ပါ၀င္ခဲ့တာကို ေနာင္တရလို႕ဆံုးမွာမဟုတ္ပါဘူး။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ မွ – ေမ ၂၀ အထိ)

ေရရွည္ေတြးေတာႀကံစည္ေနတဲ့ ရည္မွန္းခ်က္ပန္းတိုင္ေတြ ေအာင္ျမင္မယ့္အခ်ိန္ပါ။ ဒါေပမယ့္လည္း အေႏွာင့္အယွက္ေတြ၀င္လာဖို႕ ျဖစ္ႏုိင္ေခ်ရွိေသးလို႕စိတ္ဒံုးဒံုးခ်ၿပီး မေနပါနဲ႕အံုး။ သို႕ေသာ္ၿငား ေနာက္တစ္လွမ္းဆုတ္ၿပီး ေရရွည္ကိုေတြးေမွ်ာ္ႀကည့္မယ္ဆိုရင္ ဒီအေႏွာင့္အယွက္ေတြက သင့္ရဲ႕အေကာင္းဆံုးစိတ္၀င္စားမႈေတြမွာ ပါ၀င္လာတာကို ေတြ႕ျမင္ႏိုင္မွာပါ။

ေမထုန္ရာသီဖြား (ေမ ၂၁ ရက္မွ – ဇြန္ ၂၀ အထိ)

ေမထုန္ရာသီဖြားေတြအတြက္ေတာ့ ဒီရက္မွာ ေရွ႕ေနမ်ား၊ ဘဏ္လုပ္ငန္းရွင္မ်ား၊ ရွယ္ယာပြဲစားမ်ားကို အထူးေရွာင္ႀကဥ္သင့္ပါတယ္။ ထုိအထဲမွတေယာက္ေယာက္က သင့္ကိုမမွန္မကန္သတင္းအခ်က္အလက္ေတြေပးၿပီး လမ္းမွားေရာက္သြားေစႏုိင္ပါတယ္။ ဒါေႀကာင့္ ကိုယ့္ကိုတိုက္တြန္းလာတဲ့ ေငြေရးေႀကးေရးႏွင့္ပတ္သက္၍ ဆံုးျဖတ္ခ်က္ခ်ရေတာ့မယ့္ကိစၥေတြဆိုရင္ အခ်က္အလက္ေတြေသခ်ာရွာေဖြၿပီး ဖတ္ရႈဖို႕မေမ့ပါနဲ႕။

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ ရက္မွ – ဇူလိုင္ ၂၂ ရက္အထိ)

မိမိရဲ႕မိသားစု၀င္ သို႕မဟုတ္ ကိုယ္ခ်စ္ခင္ရသူတစ္ဦးတစ္ေယာက္က ကုိယ့္အေပၚ အမွန္တရားဖံုးကြယ္ထားႏုိင္ပါတယ္။ ထိုသူအတြက္ေတာ့ အမွန္တရားဖံုးကြယ္ထားျခင္းျဖင့္ သင့္ကိုကာကြယ္ေပးတယ္လို႕ ထင္ေကာင္းထင္ႏုိင္ပါတယ္။ ဒါေႀကာင့္ ကိုယ့္ရဲ႕စိတ္သေဘာထားေပၚလိုက္ၿပီး ေျပာသမွ်နား၀င္မယ့္အစား မိမိကိုယ္တိုင္ေသခ်ာစစ္ေဆးဖုိ႕လိုအပ္ပါမယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ ရက္မွ – ႀသဂုတ္ ၂၂ ရက္အထိ)

သိဟ္ရာသီဖြားေတြဟာ အၿမဲတမ္းအေတြးအေခၚ၊ အႀကံအစည္၊ စိတ္ကူးအႀကံဥာဏ္ေတြနဲ႕ ျပည့္ႏွက္ေနသူမ်ားျဖစ္ပါတယ္။ ဒါေႀကာင့္ အခ်ိန္ျပည့္စဥ္းစားေတြးေတာေနတာကို မိနစ္အနည္းငယ္ေလာက္ ေခတၱရပ္ထားႏိုင္ဖို႕ရာ ဦးေႏွာက္ထဲရွိသမွ်ကို ေနရာလြတ္ထဲခ်ေရးၿပီး စိတ္အပန္းေျဖဖို႕ လမ္းေလွ်ာက္ျဖစ္ျဖစ္၊ အေျပးျဖစ္ျဖစ္ျပဳလုပ္ေပးပါ။

ကန္ရာသီဖြား (ႀသဂုတ္ ၂၃ ရက္မွ – စက္တင္ဘာ ၂၂ ရက္အထိ)

အကယ္၍မိသားစု၀င္တစ္ေယာက္ေယာက္က စိတ္အေျခအေနမေကာင္းျဖစ္ေနၿပီး အေႀကာင္းအရင္းကိုလည္း မေျပာဘူးဆိုရင္ေတာ့ သင္၀င္စြက္ဖက္ၿပီး ကူညီရမယ့္အခ်ိန္ျဖစ္ပါတယ္။ ကိုယ္တတ္ႏိုင္သမွ် တဖက္တလမ္းကေန ကူညီေဖးမေပးပါ။

တူရာသီဖြား (စက္တင္ဘာ ၂၃ ရက္မွ – ေအာက္တိုဘာ ၂၂ ရက္အထိ)

မိမိရဲ႕သူငယ္ခ်င္း သို႕မဟုတ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ ျပႆနာတက္ေနၿပီဆိုရင္ မိမိပါေရာယွက္သြားမွာစိုးလို႕ ပါ၀င္ခ်င္မွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း ယခုအခ်ိန္ဟာ ထုိကဲ့သို႕ၿမိဳသိပ္ေနရမယ့္အခ်ိန္မဟုတ္ပါဘူး။ သင့္ရဲ႕အကူအညီကို အလြန္လိုအပ္ေနၿပီျဖစ္လို႕ ကူညီေဖးမမႈလက္ ကမ္းလွမ္းလိုက္ျခင္းက သူတို႕အတြက္လည္း မ်ားစြာအကူအညီျဖစ္ႏုိင္ၿပီး သင္လည္းေကာင္းက်ိဳးခံစားရႏုိင္ပါတယ္။

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ ရက္မွ – ႏို၀င္ဘာ ၂၁ ရက္အထိ)

အေရးမပါတဲ့ အတင္းအဖ်င္းေတြ၊ မေကာင္းသတင္းေတြ၊ ရံုးတြင္းကိစၥေတြေႀကာင့္ အလုပ္နဲ႕ပတ္သက္ၿပီး စိတ္ညစ္စရာေတြျဖစ္ေနရႏိုင္လို႕  ရပ္တန္႕သြားေအာင္ မိမိအတတ္ႏိုင္ဆံုး ေရကုန္ေရခမ္း ႀကိဳးစားအားထုတ္ဖို႕ လိုအပ္ပါတယ္။

ဓႏုရာသီဖြား (ႏို၀င္ဘာ ၂၂ ရက္မွ – ဒီဇင္ဘာ ၂၁ ရက္အထိ)

ေငြေရးေႀကးေရးနဲ႕ပတ္သက္ၿပီး ျပႆနာျဖစ္ႏုိင္ေျခရွိေနလို႕  ဆံုးျဖတ္ခ်က္မခ်ခင္ ေသခ်ာစဥ္းစား၊ စစ္ေဆးမႈေတြျပဳလုပ္ပါ။ ေသခ်ာမသိႏုိင္တဲ့ အမွားအယြင္းတစ္ခုခုေႀကာင့္ အလုပ္ေတြစုၿပံဳက်လာႏုိင္ေပမယ့္လည္း မႀကာခင္မွာပဲေျဖရွင္းၿပီးသားျဖစ္သြားမွာပါ။

မကရရာသီဖြား (ဒီဇင္ဘာ ၂၂ ရက္မွ – ဇန္န၀ါရီ ၁၉ ရက္အထိ)

စိတ္ခ်မ္းေျမ႕ဖြယ္မေကာင္းသည့္ အေျခအေနနဲ႕ႀကံဳေတြ႕လာတဲ့အခါ ကိုယ္ခ်စ္ခင္ရတဲ့သူေတြကို အမွန္တရားကိုဖံုးကြယ္ထားၿပီး ကာကြယ္ေပးဖို႕ ႀကိဳးစားမိပါလိမ့္မယ္။ ဘယ္ေလာက္ခ်စ္ခ်စ္၊ ဘယ္ေလာက္နာက်င္ေနရပါေစ မိသားစု၀င္ေတြလည္း အမွန္တရားကို သိထားသင့္ဖုိ႕လိုအပ္ပါတယ္။ အရာရာတိုင္းလိုက္ၿပီး ကာကြယ္ေပးႏုိင္မွာမဟုတ္ဘဲ ငယ္ရြယ္သည့္ကေလးေတြပင္လွ်င္ အမွန္တရားကို သိထားဖို႕လိုအပ္ပါတယ္။

ကုံရာသီဖြား (ဇန္န၀ါရီ ၂၀ ရက္မွ – ေဖေဖာ္၀ါရီ ၁၈ ရက္အထိ)

ကံုရာသီဖြားေတြအတြက္ကေတာ့ အထူးသတိထားၿပီး နားနားေနေန ေနေပးဖို႕လုိအပ္တဲ့အခ်ိန္ေလးျဖစ္ပါတယ္။ အင္မတန္ အလုပ္ႀကိဳးစားလုပ္ကိုင္တတ္သူမ်ားဆိုေပမယ့္လည္း တရက္ေလာက္ေတာ့အနားယူေပးဖို႕ လိုအပ္တဲ့လူသားေတြပဲျဖစ္လို႕ နာရီအနည္းငယ္ေလာက္ျဖစ္ျဖစ္ အခ်ိန္ေပးၿပီး အနားယူေပးပါ။

မိန္ရာသီဖြား (ေဖေဖာ္၀ါရီ ၁၉ ရက္မွ – မတ္ ၂၀ ရက္အထိ)

ယခုလတ္တေလာအခ်ိန္ မိန္ရာသီဖြားေတြရဲ႕စိတ္ထဲမွာ တစံုတေယာက္ကို လြမ္းေမာတမ္းတလ်က္ရွိေနပါတယ္။ ထိုသူနဲ႕ပတ္သက္ၿပီး ဟိုလိုဒီလိုအေတြးေတြက ကိုယ့္ကိုမလႊမ္းမိုးမိပါေစနဲ႕။ တဖက္လူလည္း ဘ၀ျပႆနာအခ်ိဳ႕ကို ေျဖရွင္းႏိုင္ဖုိ႕ တေယာက္တည္းအခ်ိန္လိုအပ္ကာ သင့္ရဲ႕ေမတၱာနဲ႕စိတ္ရင္းကို နားလည္သေဘာေပါက္သြားရင္ေတာ့ သင့္ဆီျပန္လည္ေရာက္ရွိလာမွာျဖစ္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

မကောင်းသတင်းတွေက ကောက်ရိုးမီးလိုပဲ ပျံ့နှံ့သွားနိုင်ပြီး အိမ်နီးနားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများအကြား အထင်အမြင်လွဲမှားမှုတွေဖြစ်လာနိုင်ပါတယ်။ နားစွန်နားဖျား ကြားသိရတဲ့ အတင်းအဖျင်းတွေ၊ ကောလဟာလတွေကို မယုံကြည်ဘဲ မိမိကိုယ်တိုင်သေချာသိရအောင်ပြုလုပ်ပါ။ ပြဿနာထဲပါပြီးကာမှ သတင်းအမှားဖြစ်သွားခဲ့မယ်ဆိုရင် မိမိရောယှက်ပါဝင်ခဲ့တာကို နောင်တရလို့ဆုံးမှာမဟုတ်ပါဘူး။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ရေရှည်တွေးတောကြံစည်နေတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်မယ့်အချိန်ပါ။ ဒါပေမယ့်လည်း အနှောင့်အယှက်တွေဝင်လာဖို့ ဖြစ်နိုင်ချေရှိသေးလို့စိတ်ဒုံးဒုံးချပြီး မနေပါနဲ့အုံး။ သို့သော်ငြား နောက်တစ်လှမ်းဆုတ်ပြီး ရေရှည်ကိုတွေးမျှော်ကြည့်မယ်ဆိုရင် ဒီအနှောင့်အယှက်တွေက သင့်ရဲ့အကောင်းဆုံးစိတ်ဝင်စားမှုတွေမှာ ပါဝင်လာတာကို တွေ့မြင်နိုင်မှာပါ။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားတွေအတွက်တော့ ဒီရက်မှာ ရှေ့နေများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရှယ်ယာပွဲစားများကို အထူးရှောင်ကြဉ်သင့်ပါတယ်။ ထိုအထဲမှတယောက်ယောက်က သင့်ကိုမမှန်မကန်သတင်းအချက်အလက်တွေပေးပြီး လမ်းမှားရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုတိုက်တွန်းလာတဲ့ ငွေရေးကြေးရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရတော့မယ့်ကိစ္စတွေဆိုရင် အချက်အလက်တွေသေချာရှာဖွေပြီး ဖတ်ရှုဖို့မမေ့ပါနဲ့။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

မိမိရဲ့မိသားစုဝင် သို့မဟုတ် ကိုယ်ချစ်ခင်ရသူတစ်ဦးတစ်ယောက်က ကိုယ့်အပေါ် အမှန်တရားဖုံးကွယ်ထားနိုင်ပါတယ်။ ထိုသူအတွက်တော့ အမှန်တရားဖုံးကွယ်ထားခြင်းဖြင့် သင့်ကိုကာကွယ်ပေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်သဘောထားပေါ်လိုက်ပြီး ပြောသမျှနားဝင်မယ့်အစား မိမိကိုယ်တိုင်သေချာစစ်ဆေးဖို့လိုအပ်ပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

သိဟ်ရာသီဖွားတွေဟာ အမြဲတမ်းအတွေးအခေါ်၊ အကြံအစည်၊ စိတ်ကူးအကြံဉာဏ်တွေနဲ့ ပြည့်နှက်နေသူများဖြစ်ပါတယ်။ ဒါကြောင့် အချိန်ပြည့်စဉ်းစားတွေးတောနေတာကို မိနစ်အနည်းငယ်လောက် ခေတ္တရပ်ထားနိုင်ဖို့ရာ ဦးနှောက်ထဲရှိသမျှကို နေရာလွတ်ထဲချရေးပြီး စိတ်အပန်းဖြေဖို့ လမ်းလျှောက်ဖြစ်ဖြစ်၊ အပြေးဖြစ်ဖြစ်ပြုလုပ်ပေးပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

အကယ်၍မိသားစုဝင်တစ်ယောက်ယောက်က စိတ်အခြေအနေမကောင်းဖြစ်နေပြီး အကြောင်းအရင်းကိုလည်း မပြောဘူးဆိုရင်တော့ သင်ဝင်စွက်ဖက်ပြီး ကူညီရမယ့်အချိန်ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်သမျှ တဖက်တလမ်းကနေ ကူညီဖေးမပေးပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

မိမိရဲ့သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ပြဿနာတက်နေပြီဆိုရင် မိမိပါရောယှက်သွားမှာစိုးလို့ ပါဝင်ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ယခုအချိန်ဟာ ထိုကဲ့သို့မြိုသိပ်နေရမယ့်အချိန်မဟုတ်ပါဘူး။ သင့်ရဲ့အကူအညီကို အလွန်လိုအပ်နေပြီဖြစ်လို့ ကူညီဖေးမမှုလက် ကမ်းလှမ်းလိုက်ခြင်းက သူတို့အတွက်လည်း များစွာအကူအညီဖြစ်နိုင်ပြီး သင်လည်းကောင်းကျိုးခံစားရနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

အရေးမပါတဲ့ အတင်းအဖျင်းတွေ၊ မကောင်းသတင်းတွေ၊ ရုံးတွင်းကိစ္စတွေကြောင့် အလုပ်နဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေဖြစ်နေရနိုင်လို့  ရပ်တန့်သွားအောင် မိမိအတတ်နိုင်ဆုံး ရေကုန်ရေခမ်း ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နိုင်ခြေရှိနေလို့  ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစား၊ စစ်ဆေးမှုတွေပြုလုပ်ပါ။ သေချာမသိနိုင်တဲ့ အမှားအယွင်းတစ်ခုခုကြောင့် အလုပ်တွေစုပြုံကျလာနိုင်ပေမယ့်လည်း မကြာခင်မှာပဲဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)

စိတ်ချမ်းမြေ့ဖွယ်မကောင်းသည့် အခြေအနေနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ်ချစ်ခင်ရတဲ့သူတွေကို အမှန်တရားကိုဖုံးကွယ်ထားပြီး ကာကွယ်ပေးဖို့ ကြိုးစားမိပါလိမ့်မယ်။ ဘယ်လောက်ချစ်ချစ်၊ ဘယ်လောက်နာကျင်နေရပါစေ မိသားစုဝင်တွေလည်း အမှန်တရားကို သိထားသင့်ဖို့လိုအပ်ပါတယ်။ အရာရာတိုင်းလိုက်ပြီး ကာကွယ်ပေးနိုင်မှာမဟုတ်ဘဲ ငယ်ရွယ်သည့်ကလေးတွေပင်လျှင် အမှန်တရားကို သိထားဖို့လိုအပ်ပါတယ်။

ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ကုံရာသီဖွားတွေအတွက်ကတော့ အထူးသတိထားပြီး နားနားနေနေ နေပေးဖို့လိုအပ်တဲ့အချိန်လေးဖြစ်ပါတယ်။ အင်မတန် အလုပ်ကြိုးစားလုပ်ကိုင်တတ်သူများဆိုပေမယ့်လည်း တရက်လောက်တော့အနားယူပေးဖို့ လိုအပ်တဲ့လူသားတွေပဲဖြစ်လို့ နာရီအနည်းငယ်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး အနားယူပေးပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

ယခုလတ်တလောအချိန် မိန်ရာသီဖွားတွေရဲ့စိတ်ထဲမှာ တစုံတယောက်ကို လွမ်းမောတမ်းတလျက်ရှိနေပါတယ်။ ထိုသူနဲ့ပတ်သက်ပြီး ဟိုလိုဒီလိုအတွေးတွေက ကိုယ့်ကိုမလွှမ်းမိုးမိပါစေနဲ့။ တဖက်လူလည်း ဘဝပြဿနာအချို့ကို ဖြေရှင်းနိုင်ဖို့ တယောက်တည်းအချိန်လိုအပ်ကာ သင့်ရဲ့မေတ္တာနဲ့စိတ်ရင်းကို နားလည်သဘောပေါက်သွားရင်တော့ သင့်ဆီပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top