iMyanmarHouse.com - Best Property Website for Myanmar
×

ဒီကိစၥက ေယာကၤ်ားေလးေတြၾကားမွာ ေတာ္ေတာ္အေျပာမ်ားတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ကို ၾကည့္လိုက္ရုံနဲ႔ အပ်ိဳစစ္မစစ္ဆိုတာကို ခန္႔မွန္းေျပာလို႔ရတယ္ဆိုတာက တကယ္ေရာ ဟုတ္ႏိုင္ပါ့မလား။ ၿပီးေတာ့ အပ်ိဳစင္မိန္းကေလးနဲ႔ ပထမဆံုးအႀကိမ္အတူေနရင္ ေသြးထြက္တယ္ဆိုတာကေရာ ခိုင္လံုတဲ့ အခ်က္တစ္ခုျဖစ္ႏိုင္သလား။ မိန္းကေလးတစ္ေယာက္ရဲ႕ ကိုယ္အဂၤါအစိတ္အပိုင္းေတြ၊ လႈပ္ရွားပံုေတြကို အေပၚယံေလာက္ ၾကည့္ၿပီး အပ်ိဳစစ္မစစ္ ေျပာတာကေတာ့ မိန္းကေလးရဲ႕ဂုဏ္သိကၡာကို မေလးစားရာၾကပါတယ္။ ဒါေပမယ့္ ဒီလိုခန္႔မွန္းခ်က္ေတြကို အမွန္လို႔ ထင္မွတ္မွားေနသူေတြလည္း ရွိပါတယ္။ ဒီခန္႔မွန္းခ်က္ေတြဟာ တကယ္ေရာအမွန္ျဖစ္ႏိုင္ မျဖစ္ႏိုင္ဆိုတာကို သိဖို႔ လိုအပ္ပါတယ္။

၁။ အပ်ိဳမဟုတ္သူေတြ လမ္းေလွ်ာက္ရင္ ေျခေထာက္ကားတယ္ (မွား)
ဒီအခ်က္က အမ်ားစုလက္ခံထားတဲ့ အမွားႀကီးတစ္ခုျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ လမ္းေလွ်ာက္တဲ့ပံုက သူမရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပံုနဲ႔ပဲ ဆိုင္ပါတယ္။ တင္ပါးရုိးဘယ္ေလာ္ကက်ယ္၊ ေပါင္ဘယ္ေလာက္တုတ္တယ္ ဆိုတာေတြေပၚမွာ မူတည္ပါတယ္။ ဒီအခ်က္က မိန္းကေလးတစ္ေယာက္ အပ်ိဳဟုတ္မဟုတ္နဲ႔ မဆိုင္ပါဘူး။ ဒါ့ေၾကာင့္ လမ္းေလွ်ာက္ပံုၾကည့္ရုံနဲ႔ ေျပာလို႔မရပါဘူး။

၂။ အပ်ိဳမဟုတ္ေတာ့ရင္ ရင္သားေတြႀကီးလာတယ္ (မွား)
ေယာကၤ်ားေလးေတြ စိတ္ပါလာတဲ့အခါမွာ လိင္တံထဲကို ေသြးစီးဆင္းတဲ့အတြက္ ေထာင္မတ္တင္းမာလာသလိုပဲ မိန္းကေလးတစ္ေယာက္ရဲ႕ ရင္သားဟာလည္း လိင္စိတ္ႏိုးၾကားလာရင္ တင္းမာၿပီး အနည္းငယ္ႀကီးလာတတ္ပါတယ္။ ဒါက အေရးမႀကီးပါဘူး။ ဒါေပမယ့္ ရင္သားႀကီးတိုင္း အပ်ိဳမဟုတ္ဘူးလို႔လည္း ေျပာလို႔မရပါဘူး။ အရပ္အျမင့္၊ ကိုယ္အေလးခ်ိန္ေတြေပၚမွာ မူတည္သလို ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္လည္း ရင္သားေတြရဲ႕ အရြယ္အစားက ေျပာင္းလဲႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရင္သားအရြယ္အစားကို ၾကည့္ရုံနဲ႔လည္း အပ်ိဳစစ္မစစ္ေျပာလို႔မရပါဘူး။

၃။ လိင္ဆက္ဆံဖူးတဲ့မိန္းကေလး တင္ပါးက ျပားသြားတယ္ (မွား)
ဒီအခ်က္သာ အမွန္ဆိုရင္ လံုး၀န္းလွပတဲ့ တင္ပါးနဲ႔ လမ္းေလွ်ာက္ေနတဲ့ မိန္းကေလးေတြကို ျမင္ရေတာ့မွာ မဟုတ္ပါဘူး။ အတူေနဖူးရံုနဲ႔ တင္ပါးရဲ႕ တင္းမာမႈက ပ်က္စီးသြားတာမဟုတ္ပါဘူး။ ၿပီးေတာ့ တင္ပါးျပားေနေပမယ့္ တစ္ခါမွ အတူမေနဖူးတဲ့ အပ်ိဳစင္ေတြလည္း ရွိပါတယ္။

၄။ အတူေနဖူးတဲ့ မိန္းကေလးေတြမွာ အၾကည့္တစ္မ်ိဳးရွိတတ္တယ္ (မွား)
ဒီအခ်က္က ေယာကၤ်ားေလးအမ်ားစုေျပာတတ္ၾကတဲ့ အဓိပၸါယ္မရွိတဲ့ကိစၥပါ။ မိန္းကေလးတစ္ေယာက္ရဲ႕ အၾကည့္က သူ႔စိတ္အေျခအေနေပၚမွာ မူတည္ပါတယ္။ အၾကည့္လိုက္ၿပီး အဓိပၸါယ္ေဖာ္ေနရတာကို ရႈပ္ေထြေနပါၿပီ။

၅။ အပ်ိဳစင္ရဲ႕ ရင္သားကို အေပၚကိုေထာင္ေနတယ္ (မွား)
ဒီအခ်က္ကလည္း ရုပ္ပိုင္းဆိုင္ရာအေျခအေနတစ္ခုပါ။ မိန္းကေလးတစ္ေယာက္ရင္သားရဲ႕ အရြယ္အစားနဲ႔ အျခားအခ်က္အလက္ေတြကို ၾကည့္ၿပီး အပ်ိဳဟုတ္မဟုတ္ ဆံုးျဖတ္လို႔ မျဖစ္ႏိုင္ပါဘူး။ အခုေခတ္မွာ ရင္သားကို စိတ္တိုင္းက်ပံုေဖာ္လို႔ရတဲ့ နည္းပညာနဲ႔ ေဆး၀ါးေတြရွိေနၿပီျဖစ္တဲ့အတြက္ ရင္သားေတြ အေပၚေထာင္ၿပီး တင္းရင္းေနတိုင္း အပ်ိဳစင္ေလးပါလို႔ ေျပာလို႔မရေတာ့ပါဘူး။

၆။ မ်က္ခံုးႏွစ္ခုၾကားက အေမႊးေတြ မရွိေတာ့ရင္ အပ်ိဳမဟုတ္ဘူး (မွား)
လံုး၀ လံုး၀ကို အဓိပၸါယ္မရွိတဲ့ ခန္႔မွန္းခ်က္ျဖစ္ပါတယ္။ မိန္းကေလးတိုင္းလည္း မ်က္ခံုးႏွစ္ခုၾကားမွာ အေမႊးမရွိတတ္သလို အဲ့ဒီအေမႊးကလည္း အပ်ိဳစစ္မစစ္နဲ႔ ဘာမွမဆိုင္ပါဘူး။

ပထမဆံုးအႀကိမ္ ခ်စ္တင္းေႏွာတဲ့ မိန္းကေလးတိုင္း ေသြးထြက္သလား ? ေသြးမထြက္ရင္ အပ်ိဳမစစ္ဘူးလား ?

ဒီအခ်က္နဲ႔ပတ္သက္ၿပီး အပ်ိဳစင္အေမွးပါး (ပါကင္)နဲ႔ ပတ္သက္ၿပီး နည္းနည္းေလာက္ ရွင္းျပဖို႔လိုပါတယ္။ အပ်ိဳစင္အေမွးပါးဆိုတာက မိန္းကေလးအဂၤါ၀ကို ဖုံးအုပ္ကာကြယ္ထားတဲ့ အေရျပားအလႊာပါးေလးတစ္ခု ျဖစ္ပါတယ္။ လံုး၀ႀကီးပိတ္ထားတာေတာ့မဟုတ္ပါဘူး။ တစ္ခါမွလိင္မဆက္ဆံဖူးတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ အတူေနတဲ့အခါမွာ ထိုအလႊာပါးေလးကို ျဖတ္သန္းသြားဖို႔လိုပါတယ္။ ျဖည္းျဖည္းခ်င္း ညင္ညင္သာသာ တြန္းထိုးေပးျခင္းအားျဖင့္ အလႊားပါးေလးမွာရွိတဲ့ အေပါက္ငယ္က သင့္ပစၥည္း၀င္လို႔ရေလာက္တဲ့အထိ က်ယ္လာတာျဖစ္ပါတယ္။ ဒါမွမဟုတ္လည္း ေပါက္ျပဲသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီအခါမွာ ေသြးထြက္တာျဖစ္ပါတယ္။ ဒီလိုအေျမွးပါ က်ယ္လာတာ၊ ေပါက္ျပဲသြားတာမ်ိဳးက အားကစားေတြလုပ္ရင္းနဲ႔လည္း ျဖစ္တတ္ပါတယ္။

ဒါ့ေၾကာင့္ မိန္းကေလးတိုင္း ပထမဆံုးအႀကိမ္အတူေနရင္ ေသြးထြက္မယ္လို႔ မမွတ္ထားပါနဲ႔။ အတူေနလို႔ ေသြးမထြက္ဘူးဆိုတိုင္းလည္း သူမက အပ်ိဳမဟုတ္ဘူးလို႔ မဆိုႏိုင္ပါဘူး။ သူမရဲ႕အေျမွးပါးက လံုေလာက္ေအာင္ က်ယ္ထြက္ႏိုင္လို႔ ဒါမွမဟုတ္ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ ေပါက္ၿပဲၿပီးသားျဖစ္ေနတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အပ်ိဳစစ္မစစ္ဆိုတဲ့ကိစၥက သင့္အတြက္ အရမ္းအေရးႀကီးေနတယ္ဆိုရင္ ႏွစ္ဦးသား အေၾကအလည္ေဆြးေႏြးပါ။ ဒီေဆြးေႏြးခ်က္က အဆင္ေျပေျပနဲ႔ ၿပီးသြားမယ္လို႔ေတာ့ မထင္ပါဘူး။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Credit : Gentleman Magazine
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီကိစ္စက ယောင်္ကျားလေးတွေကြားမှာ တော်တော်အပြောများတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ အပျိုစစ်မစစ်ဆိုတာကို ခန့်မှန်းပြောလို့ရတယ်ဆိုတာက တကယ်ရော ဟုတ်နိုင်ပါ့မလား။ ပြီးတော့ အပျိုစင်မိန်းကလေးနဲ့ ပထမဆုံးအကြိမ်အတူနေရင် သွေးထွက်တယ်ဆိုတာကရော ခိုင်လုံတဲ့ အချက်တစ်ခုဖြစ်နိုင်သလား။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ လှုပ်ရှားပုံတွေကို အပေါ်ယံလောက် ကြည့်ပြီး အပျိုစစ်မစစ် ပြောတာကတော့ မိန်းကလေးရဲ့ဂုဏ်သိက္ခာကို မလေးစားရာကြပါတယ်။ ဒါပေမယ့် ဒီလိုခန့်မှန်းချက်တွေကို အမှန်လို့ ထင်မှတ်မှားနေသူတွေလည်း ရှိပါတယ်။ ဒီခန့်မှန်းချက်တွေဟာ တကယ်ရောအမှန်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို သိဖို့ လိုအပ်ပါတယ်။

၁။ အပျိုမဟုတ်သူတွေ လမ်းလျှောက်ရင် ခြေထောက်ကားတယ် (မှား)
ဒီအချက်က အများစုလက်ခံထားတဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် လမ်းလျှောက်တဲ့ပုံက သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ပဲ ဆိုင်ပါတယ်။ တင်ပါးရိုးဘယ်လော်ကကျယ်၊ ပေါင်ဘယ်လောက်တုတ်တယ် ဆိုတာတွေပေါ်မှာ မူတည်ပါတယ်။ ဒီအချက်က မိန်းကလေးတစ်ယောက် အပျိုဟုတ်မဟုတ်နဲ့ မဆိုင်ပါဘူး။ ဒါ့ကြောင့် လမ်းလျှောက်ပုံကြည့်ရုံနဲ့ ပြောလို့မရပါဘူး။

၂။ အပျိုမဟုတ်တော့ရင် ရင်သားတွေကြီးလာတယ် (မှား)
ယောင်္ကျားလေးတွေ စိတ်ပါလာတဲ့အခါမှာ လိင်တံထဲကို သွေးစီးဆင်းတဲ့အတွက် ထောင်မတ်တင်းမာလာသလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ ရင်သားဟာလည်း လိင်စိတ်နိုးကြားလာရင် တင်းမာပြီး အနည်းငယ်ကြီးလာတတ်ပါတယ်။ ဒါက အရေးမကြီးပါဘူး။ ဒါပေမယ့် ရင်သားကြီးတိုင်း အပျိုမဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ အရပ်အမြင့်၊ ကိုယ်အလေးချိန်တွေပေါ်မှာ မူတည်သလို ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း ရင်သားတွေရဲ့ အရွယ်အစားက ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားအရွယ်အစားကို ကြည့်ရုံနဲ့လည်း အပျိုစစ်မစစ်ပြောလို့မရပါဘူး။

၃။ လိင်ဆက်ဆံဖူးတဲ့မိန်းကလေး တင်ပါးက ပြားသွားတယ် (မှား)
ဒီအချက်သာ အမှန်ဆိုရင် လုံးဝန်းလှပတဲ့ တင်ပါးနဲ့ လမ်းလျှောက်နေတဲ့ မိန်းကလေးတွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။ အတူနေဖူးရုံနဲ့ တင်ပါးရဲ့ တင်းမာမှုက ပျက်စီးသွားတာမဟုတ်ပါဘူး။ ပြီးတော့ တင်ပါးပြားနေပေမယ့် တစ်ခါမှ အတူမနေဖူးတဲ့ အပျိုစင်တွေလည်း ရှိပါတယ်။

၄။ အတူနေဖူးတဲ့ မိန်းကလေးတွေမှာ အကြည့်တစ်မျိုးရှိတတ်တယ် (မှား)
ဒီအချက်က ယောင်္ကျားလေးအများစုပြောတတ်ကြတဲ့ အဓိပ္ပါယ်မရှိတဲ့ကိစ္စပါ။ မိန်းကလေးတစ်ယောက်ရဲ့ အကြည့်က သူ့စိတ်အခြေအနေပေါ်မှာ မူတည်ပါတယ်။ အကြည့်လိုက်ပြီး အဓိပ္ပါယ်ဖော်နေရတာကို ရှုပ်ထွေနေပါပြီ။

၅။ အပျိုစင်ရဲ့ ရင်သားကို အပေါ်ကိုထောင်နေတယ် (မှား)
ဒီအချက်ကလည်း ရုပ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပါ။ မိန်းကလေးတစ်ယောက်ရင်သားရဲ့ အရွယ်အစားနဲ့ အခြားအချက်အလက်တွေကို ကြည့်ပြီး အပျိုဟုတ်မဟုတ် ဆုံးဖြတ်လို့ မဖြစ်နိုင်ပါဘူး။ အခုခေတ်မှာ ရင်သားကို စိတ်တိုင်းကျပုံဖော်လို့ရတဲ့ နည်းပညာနဲ့ ဆေးဝါးတွေရှိနေပြီဖြစ်တဲ့အတွက် ရင်သားတွေ အပေါ်ထောင်ပြီး တင်းရင်းနေတိုင်း အပျိုစင်လေးပါလို့ ပြောလို့မရတော့ပါဘူး။

၆။ မျက်ခုံးနှစ်ခုကြားက အမွှေးတွေ မရှိတော့ရင် အပျိုမဟုတ်ဘူး (မှား)
လုံး၀ လုံးဝကို အဓိပ္ပါယ်မရှိတဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။ မိန်းကလေးတိုင်းလည်း မျက်ခုံးနှစ်ခုကြားမှာ အမွှေးမရှိတတ်သလို အဲ့ဒီအမွှေးကလည်း အပျိုစစ်မစစ်နဲ့ ဘာမှမဆိုင်ပါဘူး။

ပထမဆုံးအကြိမ် ချစ်တင်းနှောတဲ့ မိန်းကလေးတိုင်း သွေးထွက်သလား ? သွေးမထွက်ရင် အပျိုမစစ်ဘူးလား ?

ဒီအချက်နဲ့ပတ်သက်ပြီး အပျိုစင်အမှေးပါး (ပါကင်)နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြဖို့လိုပါတယ်။ အပျိုစင်အမှေးပါးဆိုတာက မိန်းကလေးအင်္ဂါဝကို ဖုံးအုပ်ကာကွယ်ထားတဲ့ အရေပြားအလွှာပါးလေးတစ်ခု ဖြစ်ပါတယ်။ လုံးဝကြီးပိတ်ထားတာတော့မဟုတ်ပါဘူး။ တစ်ခါမှလိင်မဆက်ဆံဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူနေတဲ့အခါမှာ ထိုအလွှာပါးလေးကို ဖြတ်သန်းသွားဖို့လိုပါတယ်။ ဖြည်းဖြည်းချင်း ညင်ညင်သာသာ တွန်းထိုးပေးခြင်းအားဖြင့် အလွှားပါးလေးမှာရှိတဲ့ အပေါက်ငယ်က သင့်ပစ္စည်းဝင်လို့ရလောက်တဲ့အထိ ကျယ်လာတာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပေါက်ပြဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ သွေးထွက်တာဖြစ်ပါတယ်။ ဒီလိုအမြှေးပါ ကျယ်လာတာ၊ ပေါက်ပြဲသွားတာမျိုးက အားကစားတွေလုပ်ရင်းနဲ့လည်း ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် မိန်းကလေးတိုင်း ပထမဆုံးအကြိမ်အတူနေရင် သွေးထွက်မယ်လို့ မမှတ်ထားပါနဲ့။ အတူနေလို့ သွေးမထွက်ဘူးဆိုတိုင်းလည်း သူမက အပျိုမဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။ သူမရဲ့အမြှေးပါးက လုံလောက်အောင် ကျယ်ထွက်နိုင်လို့ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ပေါက်ပြဲပြီးသားဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

အပျိုစစ်မစစ်ဆိုတဲ့ကိစ္စက သင့်အတွက် အရမ်းအရေးကြီးနေတယ်ဆိုရင် နှစ်ဦးသား အကြေအလည်ဆွေးနွေးပါ။ ဒီဆွေးနွေးချက်က အဆင်ပြေပြေနဲ့ ပြီးသွားမယ်လို့တော့ မထင်ပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Credit : Gentleman Magazine

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top