iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးရီးယားေက်ာင္းသူတစ္ဦးျဖစ္တဲ့ ေနာ္အာတစ္ေယာက္ ဘာမွ၀တ္မထားဘဲ ေျပာင္ရွင္းေနတဲ့ သူမရဲ႕ လက္သူၾကြယ္ေလးကို ၾကည့္လိုက္မိတိုင္း စိတ္ထဲမွာ ေၾကကြဲသလို ခံစားမိတယ္လို႔ ဆိုပါတယ္။ သူမ လက္ရွိတက္ေနတဲ့ ဒမက္စကက္ တကၠသုိလ္က အျခားအတန္းေဖာ္ မိန္းကေလးေတြလည္း သူမလိုပါပဲလို႔ ေျပာပါတယ္။

တကယ္တမ္းမွာေတာ့ ေနာ္အာအပါအ၀င္ သူမတို႔ ဆီးရီးယားႏိုင္ငံက မိန္းမပ်ဳိ ေတာ္ေတာ္မ်ားမ်ားဟာလည္း အိမ္ေထာင္ျပဳဖို႔ အရြယ္ေရာက္လာၿပီး လက္ထပ္ခ်င္ေနၿပီျဖစ္ေပမယ့္ သင့္ေတာ္တဲ့ လူပ်ဳိအမ်ဳိးသားေတြကို ဘယ္မွာ လုိက္ရွာလို႔ ရွာရမွန္း မသိ ျဖစ္ေနၾကရရွာပါတယ္။

ခုဆိုရင္ အသက္ ၃၀ တင္းတင္းျပည့္ၿပီျဖစ္တဲ့ ေနာ္အာကေတာ့ သူမအေနနဲ႔ ခုခ်ိန္မွာ လက္ထပ္ၿပီး တစ္အိုးတစ္အိမ္ ထူေထာင္ခ်င္ေနၿပီလို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာသြားပါတယ္။ ဒါေပမယ့္ သူမတို႔ ဆီးရီးယားမွာက လက္ရွိမွာ ပဋိပကၡ တိုက္ပြဲေတြျဖစ္ေနခဲ့တာဟာ ကာလရွည္ၾကာေနခဲ့ပါၿပီ။ အဲဒီအတြက္ေၾကာင့္လည္း သူမတို႔ကို ခ်စ္ေရးဆုိႏိုင္တဲ့ အလားအလာရွိတဲ့ ဆီးရီးယား လူပ်ဳိလူလြတ္ အမ်ဳိးသားအမ်ားစုဟာလည္း အိမ္ေထာင္ျပဳဖို႔ထက္ စစ္တပ္ထဲ ၀င္ၿပီး တိုက္ခိုက္ရတာ ဒါမွမဟုတ္ အသက္ေပးသြားရတာေတြနဲ႔ပဲ ဘ၀ကို ျဖတ္သန္းကုန္ဆုံးေနၾကရလ်က္ရွိပါတယ္။

” တစ္ေန႔ေန႔မွာေတာ့ ကၽြန္မရဲ႕ လက္သူၾကြယ္မွာ လက္ထပ္လက္စြပ္ ၀တ္ရလိမ့္မယ္လိ႔ုေတာ့ ေမွ်ာ္လင့္ေနမိတုန္းပါ၊ ခုက ကၽြန္မတို႔ဆီမွာက လူငယ္အမ်ဳိးသားေတြ အမ်ားႀကီးမရွိေတာ့ဘူးေလ၊ သူတို႔အားလံုး ၿပီးခဲ့တဲ့ ႏွစ္ေတြကတည္းက ဒီကေန အသီးသီး ထြက္သြားခဲ့ၾကရတယ္၊ ခုဆိုရင္ တစ္ႏွစ္ၿပီး တစ္ႏွစ္ ဒီမွာ အမ်ဳိးသားေတြ တစ္ျဖည္းျဖည္း ပိုပိုေလ်ာ့သြားေနတာကို ကၽြန္မ သတိထားမိပါတယ္” ဆိုၿပီး ေနာ္အာက ေျပာခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္က လူထုဆႏၵျပမႈေတြနဲ႔အတူ စျဖစ္ခဲ့တဲ့ ဆီးရီးယား ပဋိပကၡစစ္ပြဲေတြကေတာ့ ကာလရွည္ၾကာေနလ်က္ရွိၿပီး ခုခ်ိန္ထိလည္း ဆက္ျဖစ္ေနဆဲပါ။ ဘာပဲျဖစ္ျဖစ္ ေနာ္အာကေတာ့ လက္ရွိအခ်ိန္မွာ စီးပြားေရးပညာနဲ႔ ဘြဲ႕ရဖို႔ လုံးပန္းေနလ်က္ရွိဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ တစ္ေန႔ေန႔မွာေတာ့ သူမရဲ႕ ျဖစ္ခ်င္တဲ့ဆႏၵေတြ ျပည့္၀လိမ့္မယ္လို႔ ေနာ္အာတစ္ေယာက္ ေမွ်ာ္လင့္ထားမိဆဲျဖစ္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆီးရီးယားကျောင်းသူတစ်ဦးဖြစ်တဲ့ နော်အာတစ်ယောက် ဘာမှဝတ်မထားဘဲ ပြောင်ရှင်းနေတဲ့ သူမရဲ့ လက်သူကြွယ်လေးကို ကြည့်လိုက်မိတိုင်း စိတ်ထဲမှာ ကြေကွဲသလို ခံစားမိတယ်လို့ ဆိုပါတယ်။ သူမ လက်ရှိတက်နေတဲ့ ဒမက်စကက် တက္ကသိုလ်က အခြားအတန်းဖော် မိန်းကလေးတွေလည်း သူမလိုပါပဲလို့ ပြောပါတယ်။

တကယ်တမ်းမှာတော့ နော်အာအပါအဝင် သူမတို့ ဆီးရီးယားနိုင်ငံက မိန်းမပျို တော်တော်များများဟာလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာပြီး လက်ထပ်ချင်နေပြီဖြစ်ပေမယ့် သင့်တော်တဲ့ လူပျိုအမျိုးသားတွေကို ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်း မသိ ဖြစ်နေကြရရှာပါတယ်။

ခုဆိုရင် အသက် ၃၀ တင်းတင်းပြည့်ပြီဖြစ်တဲ့ နော်အာကတော့ သူမအနေနဲ့ ခုချိန်မှာ လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ချင်နေပြီလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောသွားပါတယ်။ ဒါပေမယ့် သူမတို့ ဆီးရီးယားမှာက လက်ရှိမှာ ပဋိပက္ခ တိုက်ပွဲတွေဖြစ်နေခဲ့တာဟာ ကာလရှည်ကြာနေခဲ့ပါပြီ။ အဲဒီအတွက်ကြောင့်လည်း သူမတို့ကို ချစ်ရေးဆိုနိုင်တဲ့ အလားအလာရှိတဲ့ ဆီးရီးယား လူပျိုလူလွတ် အမျိုးသားအများစုဟာလည်း အိမ်ထောင်ပြုဖို့ထက် စစ်တပ်ထဲ ဝင်ပြီး တိုက်ခိုက်ရတာ ဒါမှမဟုတ် အသက်ပေးသွားရတာတွေနဲ့ပဲ ဘဝကို ဖြတ်သန်းကုန်ဆုံးနေကြရလျက်ရှိပါတယ်။

” တစ်နေ့နေ့မှာတော့ ကျွန်မရဲ့ လက်သူကြွယ်မှာ လက်ထပ်လက်စွပ် ဝတ်ရလိမ့်မယ်လိ့ုတော့ မျှော်လင့်နေမိတုန်းပါ၊ ခုက ကျွန်မတို့ဆီမှာက လူငယ်အမျိုးသားတွေ အများကြီးမရှိတော့ဘူးလေ၊ သူတို့အားလုံး ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဒီကနေ အသီးသီး ထွက်သွားခဲ့ကြရတယ်၊ ခုဆိုရင် တစ်နှစ်ပြီး တစ်နှစ် ဒီမှာ အမျိုးသားတွေ တစ်ဖြည်းဖြည်း ပိုပိုလျော့သွားနေတာကို ကျွန်မ သတိထားမိပါတယ်” ဆိုပြီး နော်အာက ပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှုတွေနဲ့အတူ စဖြစ်ခဲ့တဲ့ ဆီးရီးယား ပဋိပက္ခစစ်ပွဲတွေကတော့ ကာလရှည်ကြာနေလျက်ရှိပြီး ခုချိန်ထိလည်း ဆက်ဖြစ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် နော်အာကတော့ လက်ရှိအချိန်မှာ စီးပွားရေးပညာနဲ့ ဘွဲ့ရဖို့ လုံးပန်းနေလျက်ရှိဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့မှာတော့ သူမရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်ဝလိမ့်မယ်လို့ နော်အာတစ်ယောက် မျှော်လင့်ထားမိဆဲဖြစ်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top