iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ အဆီျပန္တတ္ၿပီး ေခၽြးေပါက္က်ယ္တဲ့သူေတြ၊ ဆားဝက္ၿခံရွိေနတ့ဲ သူေတြအတြက္ နည္းလမ္းေကာင္းတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။

ဆားဝက္ၿခံဟာ ႏွာေခါင္း၊ ပါး၊ ေမးရုိးစတာေတြမွာ အဓိကအားျဖင့္ ရွိတတ္ပါတယ္။ အထူးသျဖင့္ ေခၽြးေပါက္ပိတ္စို႕ၿပီး ျဖစ္လာတာပါ။

ေယ်ဘုယ်အားျဖင့္ ၾကည့္ရင္ေတာ့ လူကို အႏၱရာယ္မရွိသလို မနာက်င္ေစေပမယ့္ အလွအပႀကိဳက္တဲ့သူေတြအတြက္ေတာ့ တကယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္စရာပါပဲ။

မ်က္ႏွာေပါင္းတင္တဲ့ ခရင္မ္ကို ဝယ္စရာမလိုဘဲ ေခၽြးေပါက္က်ယ္တာ သက္သာၿပီး ဆားဝက္ၿခံေတြကို ဖယ္ရွားေပးမယ့္ သဘာဝနည္းလမ္းကိုမွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္း

ဂ်ယ္လီမႈန္႔ စားပြဲတင္ဇြန္း တစ္ဝက္

ေရေႏြး စားပြဲတင္ဇြန္းတစ္ဇြန္း

ေက်ာက္မီးေသြးမႈန္႕ စားပြဲတင္ဇြန္းတစ္ဝက္

ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြကို ေရာလိုက္ပါ။ ၿပီးရင္ ေသခ်ာေလးေမႊေပးပါ။

မလိမ္းခင္မွာ မ်က္ႏွာကို ေရေႏြးေလးနဲ႔ ေသခ်ာေလးသစ္လိုက္ပါ။

ၿပီးသြားရင္ေတာ့ ေစာေစာကေရာထားတာကို ဆားဝက္ၿခံရွိတဲ့ေနရာမွာလိမ္းေပးလိုက္ၿပီး ေျခာက္ေအာင္ထားပါ။

ေျခာက္သြားရင္ ခြာခ်လိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ၿပီး ေရေအးေအးနဲ႔ တစ္ခါ ထပ္ေဆးပါ။

ၿပီးရင္ အုန္းဆီ (သို႔) ခရင္မ္တစ္ခုခု လိမ္းေပးထားပါ။

တစ္လကို ၃ ႀကိမ္ ကေန ၄ ႀကိမ္အထိ လုပ္ေပးႏိုင္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ အဆီပြန်တတ်ပြီး ချွေးပေါက်ကျယ်တဲ့သူတွေ၊ ဆားဝက်ခြံရှိနေတဲ့ သူတွေအတွက် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဆားဝက်ခြံဟာ နှာခေါင်း၊ ပါး၊ မေးရိုးစတာတွေမှာ အဓိကအားဖြင့် ရှိတတ်ပါတယ်။ အထူးသဖြင့် ချွေးပေါက်ပိတ်စို့ပြီး ဖြစ်လာတာပါ။

ယျေဘုယျအားဖြင့် ကြည့်ရင်တော့ လူကို အန္တရာယ်မရှိသလို မနာကျင်စေပေမယ့် အလှအပကြိုက်တဲ့သူတွေအတွက်တော့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

မျက်နှာပေါင်းတင်တဲ့ ခရင်မ်ကို ဝယ်စရာမလိုဘဲ ချွေးပေါက်ကျယ်တာ သက်သာပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ဂျယ်လီမှုန့် စားပွဲတင်ဇွန်း တစ်ဝက်

ရေနွေး စားပွဲတင်ဇွန်းတစ်ဇွန်း

ကျောက်မီးသွေးမှုန့် စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ရောလိုက်ပါ။ ပြီးရင် သေချာလေးမွှေပေးပါ။

မလိမ်းခင်မှာ မျက်နှာကို ရေနွေးလေးနဲ့ သေချာလေးသစ်လိုက်ပါ။

ပြီးသွားရင်တော့ စောစောကရောထားတာကို ဆားဝက်ခြံရှိတဲ့နေရာမှာလိမ်းပေးလိုက်ပြီး ခြောက်အောင်ထားပါ။

ခြောက်သွားရင် ခွာချလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပြီး ရေအေးအေးနဲ့ တစ်ခါ ထပ်ဆေးပါ။

ပြီးရင် အုန်းဆီ (သို့) ခရင်မ်တစ်ခုခု လိမ်းပေးထားပါ။

တစ်လကို ၃ ကြိမ် ကနေ ၄ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top