iMyanmarHouse.com - Best Property Website for Myanmar
×

ရံုး၀န္ထမ္း ပ်ိဳေမေတြအတြက္ မ်က္ႏွာျပင္ဆင္ျခယ္သမႈအပိုင္းဟာ အလြန္ပဲ အေရးပါလွပါတယ္။ ထသြားထ လာလို ျဖစ္သလို ျပင္ဆင္သြားဖုိ႔ရာလည္း မသင့္ေတာ္၊ ပါတီေတြ၊ ဒင္နာေတြသြားသလိုအလြန္အကၽြံျခယ္ သမယ္ဆုိရင္လည္း ကုမၸဏီ၊ ရံုးတက္တာနဲ႔ မတူေတာ့တာမို႔ ရံုးတက္ ရံုးဆင္း မိတ္ကပ္ျခယ္သမႈ၊ ဆံပင္ျပင္ ဆင္ထံုးဖြဲ႕မႈအေၾကာင္း ေျပာျပေပးပါ့မယ္။

မိတ္ကပ္

သဘာ၀ဆန္ဆန္ေလး ျပင္ဆင္သြားလိုက္ပါ။ မိတ္ကပ္ကို အထူႀကီးလိမ္းထားတာမ်ိဳး ေရွာင္သင့္ပါတယ္။ ဒါ့အျပင္ ႏႈတ္ခမ္းနီကို နီရဲေအာင္ ဆိုးတာမ်ိဳး၊ လက္သည္းအရွည္ႀကီးထားတာမ်ိဳးေတြဟာ တစ္ခ်ိဳ႕ေသာ ရံုးေတြအတြက္ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ ႏႈတ္ခမ္းနီနီရဲရဲဆိုးရတာကိုမွ ႏွစ္ၿခိဳက္တယ္ဆုိ ရင္လည္း စေန၊ တနဂၤေႏြအျပင္သြားတဲ့အခ်ိန္မွသာ ဆိုးပါ။ သဘာ၀ဆန္ဆန္ ျပင္ဆင္ျခင္းဟာ ပ်င္းစရာ
ေကာင္းတယ္လို႔ ထင္ရင္မွားပါလိမ့္မယ္။ သူ႕ကို ကြန္႔ခ်င္ တယ္ဆုိရင္ေတာ့ မ်က္ခံုးေမႊးကို ထူထူေလး ဆြဲလို႔ရပါတယ္။ ေဖာင္ေဒးရွင္း ပါးပါးေလးလိမ္း၊ 2way ေလးပုတ္လိုက္ၿပီး ပါးနီကိုေတာ့ ေျပေျပေလးသာ ျခယ္လိုက္ပါ။ အဲ့ဒီေနာက္ mascara ဆိုးခ်င္တယ္ဆုိရင္ ဆိုးႏိုင္ၿပီး အသားေရာင္ႏႈတ္ခမ္းနီ၊ ဒါမွမဟုတ္ gloss ေလး ဆိုးၿပီး အၿပီးသတ္ေပးလိုက္ရံုပါပဲ။

ဆံပင္

ကုမၸဏီ၀န္ထမ္းျဖစ္တဲ့အတြက္ ဆံထံုးထံုးဖုိ႔အထိ မလိုအပ္ရင္ေတာင္ ဆံပင္ကို ဒီအတုိင္းခ်ထားတာထက္ စာရင္ အားလံုးကို ေနာက္မွာ ပိုနီေတး စုခ်ည္ထားတာမ်ိဳး၊ ဒါမွမဟုတ္ တစ္၀က္ခ်ည္၊ တစ္၀က္ခ် ပံုစံမ်ိဳးေတြ ျပင္ဆင္ႏုိင္ပါတယ္။ ဒါ့အျပင္ ခုေနာက္ပိုင္း ေခတ္စားလာတဲ့ က်စ္ဆံၿမီးဒီဇိုင္းဆန္းေလးေတြကိုလည္း စမ္း သပ္ၾကည့္ႏိုင္ပါတယ္။

လက္သည္း

အမ်ိဳးသမီးေတြအတြက္ လက္သည္း၊ ေျခသည္းေတြကို သပ္ရပ္သန္႔ရွင္းေအာင္ ထားျခင္းဟာ သူမရဲ႕တစ္ ကိုယ္ရည္သန္႔ရွင္းမႈ ဘယ္ေလာက္ရွိသလဲဆိုတာကိုပါ ျပသေနပါတယ္။ ဒီေတာ့ လက္သည္းမွာ အလွဆင္ ထားတာ မရွိဘူးဆုိရင္ ေတာင္ သပ္သပ္ရပ္ရပ္္ေလး တိျဖတ္ထားတဲ့ လက္သည္းကို bast coat အၾကည္
ေလးဆိုးထားတာနဲ႔တင္ အဆင္ေျပေနပါၿပီ။ လက္သည္းအလွဆင္မယ္ဆုိရင္ေတာ့ ကေလးဆန္လြန္းတဲ့၊ ေၾကာင္ေတာင္ၾကားတား ဒီဇိုင္းမ်ိဳးေတြကို ေရွာင္ၿပီး ကိုယ္၀တ္ေနက် အက်ႍအေရာင္ေတြ၊ ကုမၸဏီ၀တ္စံုရွိ ရင္လည္း အဲ့ဒီ၀တ္စံုနဲ႔ အဆင္ေျပမယ့္ ဒီဇိုင္းကို ေရြးပါ။

ေရေမႊး

ရံုး၀န္ထမ္းတစ္ေယာက္အေနနဲ႔ ေရေမႊးဆြတ္တဲ့အခါ ကိုယ္နဲ႔အတူ အလုပ္လုပ္တဲ့သူေတြဟာ အနံ႔စူးစူးေတြ ခံႏိုင္သလား၊ အဲ့ဒီလိုဟာေတြ မႀကိဳက္တဲ့သူေတြလား ဆုိတာေတာ့ သိထားရပါမယ္။ မဟုတ္ရင္ ကိုယ့္ေရ
ေမႊးနံ႔ေၾကာင့္ သူတုိ႔ စိတ္အေႏွာင့္အယွက္ျဖစ္ေနရႏိုင္ပါတယ္။ တတ္ႏိုင္သေလာက္ေတာ့ သဘာ၀ဆန္တဲ့ ရနံ႔မ်ိဳးေလးေတြကိုသာ ေရြးခ်ယ္လိုက္ပါ။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရုံးဝန်ထမ်း ပျိုမေတွေအတွက် မျက်နှာပြင်ဆင်ခြယ်သမှုအပိုင်းဟာ အလွန်ပဲ အရေးပါလှပါတယ်။ ထသွားထ လာလို ဖြစ်သလို ပြင်ဆင်သွားဖို့ရာလည်း မသင့်တော်၊ ပါတီတွေ၊ ဒင်နာတွေသွားသလိုအလွန်အကျွံခြယ် သမယ်ဆိုရင်လည်း ကုမ္ပဏီ၊ ရုံးတက်တာနဲ့ မတူတော့တာမို့ ရုံးတက် ရုံးဆင်း မိတ်ကပ်ခြယ်သမှု၊ ဆံပင်ပြင် ဆင်ထုံးဖွဲ့မှုအကြောင်း ပြောပြပေးပါ့မယ်။

မိတ်ကပ်

သဘာဝဆန်ဆန်လေး ပြင်ဆင်သွားလိုက်ပါ။ မိတ်ကပ်ကို အထူကြီးလိမ်းထားတာမျိုး ရှောင်သင့်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီကို နီရဲအောင် ဆိုးတာမျိုး၊ လက်သည်းအရှည်ကြီးထားတာမျိုးတွေဟာ တစ်ချို့သော ရုံးတွေအတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ နှုတ်ခမ်းနီနီရဲရဲဆိုးရတာကိုမှ နှစ်ခြိုက်တယ်ဆို ရင်လည်း စနေ၊ တနင်္ဂနွေအပြင်သွားတဲ့အချိန်မှသာ ဆိုးပါ။ သဘာဝဆန်ဆန် ပြင်ဆင်ခြင်းဟာ ပျင်းစရာ
ကောင်းတယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ သူ့ကို ကွန့်ချင် တယ်ဆိုရင်တော့ မျက်ခုံးမွှေးကို ထူထူလေး ဆွဲလို့ရပါတယ်။ ဖောင်ဒေးရှင်း ပါးပါးလေးလိမ်း၊ 2way လေးပုတ်လိုက်ပြီး ပါးနီကိုတော့ ပြေပြေလေးသာ ခြယ်လိုက်ပါ။ အဲ့ဒီနောက် mascara ဆိုးချင်တယ်ဆိုရင် ဆိုးနိုင်ပြီး အသားရောင်နှုတ်ခမ်းနီ၊ ဒါမှမဟုတ် gloss လေး ဆိုးပြီး အပြီးသတ်ပေးလိုက်ရုံပါပဲ။

ဆံပင်

ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် ဆံထုံးထုံးဖို့အထိ မလိုအပ်ရင်တောင် ဆံပင်ကို ဒီအတိုင်းချထားတာထက် စာရင် အားလုံးကို နောက်မှာ ပိုနီတေး စုချည်ထားတာမျိုး၊ ဒါမှမဟုတ် တစ်ဝက်ချည်၊ တစ်ဝက်ချ ပုံစံမျိုးတွေ ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်း ခေတ်စားလာတဲ့ ကျစ်ဆံမြီးဒီဇိုင်းဆန်းလေးတွေကိုလည်း စမ်း သပ်ကြည့်နိုင်ပါတယ်။

လက်သည်း

အမျိုးသမီးတွေအတွက် လက်သည်း၊ ခြေသည်းတွေကို သပ်ရပ်သန့်ရှင်းအောင် ထားခြင်းဟာ သူမရဲ့တစ် ကိုယ်ရည်သန့်ရှင်းမှု ဘယ်လောက်ရှိသလဲဆိုတာကိုပါ ပြသနေပါတယ်။ ဒီတော့ လက်သည်းမှာ အလှဆင် ထားတာ မရှိဘူးဆိုရင် တောင် သပ်သပ်ရပ်ရပ်လေး တိဖြတ်ထားတဲ့ လက်သည်းကို bast coat အကြည်
လေးဆိုးထားတာနဲ့တင် အဆင်ပြေနေပါပြီ။ လက်သည်းအလှဆင်မယ်ဆိုရင်တော့ ကလေးဆန်လွန်းတဲ့၊ ကြောင်တောင်ကြားတား ဒီဇိုင်းမျိုးတွေကို ရှောင်ပြီး ကိုယ်ဝတ်နေကျ အကျႍအရောင်တွေ၊ ကုမ္ပဏီဝတ်စုံရှိ ရင်လည်း အဲ့ဒီဝတ်စုံနဲ့ အဆင်ပြေမယ့် ဒီဇိုင်းကို ရွေးပါ။

ရေမွှေး

ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ ရေမွှေးဆွတ်တဲ့အခါ ကိုယ်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဟာ အနံ့စူးစူးတွေ ခံနိုင်သလား၊ အဲ့ဒီလိုဟာတွေ မကြိုက်တဲ့သူတွေလား ဆိုတာတော့ သိထားရပါမယ်။ မဟုတ်ရင် ကိုယ့်ရေ
မွှေးနံ့ကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်နေရနိုင်ပါတယ်။ တတ်နိုင်သလောက်တော့ သဘာဝဆန်တဲ့ ရနံ့မျိုးလေးတွေကိုသာ ရွေးချယ်လိုက်ပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top