ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သရုပ္ေဆာင္ ေဖြးေဖြးကေတာ့ ဘိုးဘိုးဘြားဘြားေတြအတြက္ အလွဴသြားလုပ္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႕က ဆြာၿမိဳ႕မွာရွိတဲ့ (YGW) ဘိုးဘြားရိပ္သာေက်ာင္းမွာရွိတဲ့ ဘိုးဘိုးဘြားဘြားေတြအတြက္ သူမတက္ႏုိင္သေလာက္ သြားေရာက္လွဴဒါန္းခဲ့တယ္တဲ့။

အလွဴရွင္ အေရာက္အေပါက္နည္းၿပီး ဘိုးဘြားေတြအတြက္ ေနထိုင္စရာ အေဆာင္လည္း ထပ္မံတည္ေဆာက္ဖို႕ လိုအပ္တာေၾကာင့္ လွဴခ်င္တဲ့သူေတြ လွဴလို႕ရေအာင္ ေဖြးေဖြးသြားလွဴခဲ့စဥ္က Live လႊင့္ေပးခဲ့ပါေသးတယ္။

ေဖြးေဖြးကလည္း သူမျပဳလုပ္တဲ့ အလွဴေလးကို ပရိသတ္ေတြ သာဓုေခၚႏိုင္ေအာင္သူမရဲ႕ ေဖ့စ္ဘြတ္မွာ “နတ္လူသာဓု ေခၚေစေသာ္ဝ္.” ဆိုတဲ့ စာသားေလးနဲ႕အတူ သူမအလွဴလုပ္ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကို တင္ေပးခဲ့ပါတယ္။

ေဖြးေဖြးဟာ ဂီတကို ဝါသနာပါသူ တစ္ဦးျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေနသူ တစ္ဦးျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားေပါင္း တစ္ရာေက်ာ္ ရိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး မဂၢဇင္းကာဗာမ်ားစြာနဲ႕ ေၾကာ္ျငာမ်ားစြာကိုလည္း ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။

၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

မၾကာခင္မွာလည္း သူမပါဝင္သရုပ္ေဆာင္ထားတဲ့ “ေရႊၾကာ” ရုပ္ရွင္ဇာတ္ ကားႀကီးလည္း ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် ဖွေးဖွေးကတော့ ဘိုးဘိုးဘွားဘွားတွေအတွက် အလှူသွားလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ဆွာမြို့မှာရှိတဲ့ (YGW) ဘိုးဘွားရိပ်သာကျောင်းမှာရှိတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် သူမတက်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တယ်တဲ့။

အလှူရှင် အရောက်အပေါက်နည်းပြီး ဘိုးဘွားတွေအတွက် နေထိုင်စရာ အဆောင်လည်း ထပ်မံတည်ဆောက်ဖို့ လိုအပ်တာကြောင့် လှူချင်တဲ့သူတွေ လှူလို့ရအောင် ဖွေးဖွေးသွားလှူခဲ့စဉ်က Live လွှင့်ပေးခဲ့ပါသေးတယ်။

ဖွေးဖွေးကလည်း သူမပြုလုပ်တဲ့ အလှူလေးကို ပရိသတ်တွေ သာဓုခေါ်နိုင်အောင်သူမရဲ့ ဖေ့စ်ဘွတ်မှာ “နတ်လူသာဓု ခေါ်စေသော်ဝ်.” ဆိုတဲ့ စာသားလေးနဲ့အတူ သူမအလှူလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးခဲ့ပါတယ်။

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ် ကားကြီးလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top