iMyanmarHouse.com - Best Property Website for Myanmar
×

ေခၽြးနံ႔ကို ဘယ္သူမွ မႀကိဳက္ႏွစ္သက္ၾကပါဘူး။ တျခားလူေတြ ကိုယ့္ေခၽြးနံ႔ကို ရရင္ အဆင္ေျပပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြရွိေနတာက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ က်ေစပါတယ္။ ေခၽြးထြက္တာက က်န္းမာေရးအတြက္ တစ္ေထာင့္တစ္ေနရာက ေကာင္းတာေတြ ရွိသလို ေခၽြးနံ႔ေတြေၾကာင့္ စိတ္ညစ္ရတာလည္း ရွိမွာပါ။ ခ်ိဳင္းေခၽြးနံ႔ေပ်ာက္ေဆးေတြနဲ႔ ေရေမႊးေတြ ဘယ္ေလာက္ပဲ သံုးသံုး ေခၽြးနံ႔ရေနေသးတယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ ေန႔စဥ္ ေနထိုင္မႈ ပံုစံကို ျပန္လည္စစ္ဖို႔ လိုပါတယ္။ ေနထိုင္မႈ ပံုစံထဲမွာ တစ္ေန႔တာ စားေသာက္တဲ့ အစားအစာ၊ ေလ့က်င့္ခန္းေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ အလြန္အမင္း ေခၽြးထြက္တာေတြနဲ႔ ေခၽြးထြက္တဲ့အခါ အနံ႔ဆိုး ျဖစ္ျခင္းေတြကို ေလွ်ာ့က်ေစဖို႔ အစားအစာ အခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။

ခ်ိစ္နဲ႔ ႏို႔ထြက္ပစၥည္း

ကယ္လ္စီယမ္ဓါတ္ေတြ ၾကြယ္ဝတဲ့ အစားအစာေတြက ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကို ထိန္းထားေပးၿပီး ေခၽြးအရမ္းထြက္ျခင္းကိုလည္း ႏွိမ္နင္းေပးပါတယ္။ ဒီေတာ့ ကိုယ္က ေခၽြးအရမ္းထြက္တယ္ဆိုရင္ ကယ္လ္စီယမ္မ်ားတဲ့ ခ်ိစ္နဲ႔ ႏို႔ထြက္ပစၥည္းေတြကို စားေပးပါ။ မနက္ခင္းမွာ ႏြားႏို႔တစ္ခြက္ေလာက္ ထည့္ေသာက္တာ၊ ၾကက္ဥနဲ႔ ခ်ိစ္ ေရာၿပီးစားတာေတြ လုပ္ေပးပါ။

သံလြင္ဆီ

သံလြင္ဆီက ဇီဝျဖစ္စဥ္နဲ႔ အစာေျခလမ္းေၾကာင္းဆိုင္ရာေတြကို ေကာင္းမြန္ေစပါတယ္။ တစ္နည္းေျပာရရင္ေတာ့ အစာေျခလမ္းေၾကာင္းဆို္င္ရာ စနစ္ေတြ ေကာင္းမြန္ေနတာက ခႏၶာကိုယ္ အပူခ်ိန္ အရွိန္နဲ႔ တက္လာတာေတြကို တားဆီေပးပါတယ္။ ဒီလိုမ်ိဳး ခႏၶာကိုယ္မွာ အပူခ်ိန္မမ်ားေနဘူးဆိုရင္ေတာ့ ေခၽြးထြက္တာလည္း နည္းမွာပါ။ သံလြင္ဆီ ပါဝင္တဲ့ အစားအစာေလးေတြ စားေပးပါ။

ဗာဒံေစ့

မဂၢနီဆီယမ္ကလည္း အစာေျခလမ္းေၾကာင္းစနစ္နဲ႔ ကိုယ္ခံအားစနစ္ကို တိုးတက္ေစပါတယ္။ ဗာဒံေစ့မွာ မဂၢနီဆီယမ္ အျပည့္အဝ ပါဝင္ပါတယ္။ ဗာဒံေစ့ မဟုတ္ဘဲ တျခား မဂၢနီဆီယမ္ ၾကြယ္ဝတဲ့ ဖရံုသီး၊ ဟင္းႏုႏြယ္နဲ႔ ေျမပဲကလည္း ေခၽြးထြက္တာ ေလွ်ာ့က်ေစဖို႔ ကူညီေပးပါတယ္။

အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ား

အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြက က်န္းမာေရးအတြက္ ေကာင္းမြန္ေစတယ္ဆိုတာ သိထားၿပီး ျဖစ္မွာပါ။ ဗီတာမင္ ၾကြယ္ၾကြယ္ဝဝ ပါဝင္တဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြက ေရဓါတ္ကို ထိန္းထားေပးၿပီး အစာေျခစနစ္ကို ေကာင္းေစပါတယ္။ ဒါဆိုရင္ေတာ့ ေခၽြးအလြန္အကၽြံထြက္ျခင္းကို ထိန္းသိမ္းေပးႏိုင္ၿပီး ေရဓါတ္ ျပည့္ဝေနမွာမို႔ ေခၽြးနံ႔ေတြေၾကာင့္ စိတ္ညစ္စရာ မလိုေတာ့ပါဘူးေနာ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ ၾကြယ္ဝစြာ ပါဝင္ၿပီး ေရဓါတ္ျပည့္ေနေစဖု႔ိ အေထာက္အကူျပဳပါတယ္။ ေရဓါတ္ျပည့္ေနမယ္ဆိုရင္ေတာ့ ေခၽြးထြက္ျခင္း နည္းေနမွာပါ။ ငွက္ေပ်ာသီးမွာ မဂၢနီဆီယမ္၊ ဗီတာမင္ B6 နဲ႔ အျခားအာဟာရဓါတ္ေတြ ပါဝင္တာက အစာေျခလမ္းေၾကာင္းကို ေကာင္းေစတာမို႔ ေခၽြးေတြကို ထိန္းခ်ဳပ္ၿပီးသားပါပဲ။

ကိုယ္ေနတိုင္းစားတဲ့ အစားအစာေတြထဲမွာ ေခၽြးအလြန္အကၽြံထြက္တာကို ေလ်ာ့နည္းေစတဲ့ အစားအစာေတြကို ထည့္စားေပးမယ္ဆိုရင္ ေခၽြးထြက္နည္းမွာ ျဖစ္ၿပီး အနံ႔ဆိုးရတာေလးေတြလည္း ကင္းေဝးေစမွာပါေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။

ချိစ်နဲ့ နို့ထွက်ပစ္စည်း

ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားပေးပြီး ချွေးအရမ်းထွက်ခြင်းကိုလည်း နှိမ်နင်းပေးပါတယ်။ ဒီတော့ ကိုယ်က ချွေးအရမ်းထွက်တယ်ဆိုရင် ကယ်လ်စီယမ်များတဲ့ ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးပါ။ မနက်ခင်းမှာ နွားနို့တစ်ခွက်လောက် ထည့်သောက်တာ၊ ကြက်ဥနဲ့ ချိစ် ရောပြီးစားတာတွေ လုပ်ပေးပါ။

သံလွင်ဆီ

သံလွင်ဆီက ဇီဝဖြစ်စဉ်နဲ့ အစာခြေလမ်းကြောင်းဆိုင်ရာတွေကို ကောင်းမွန်စေပါတယ်။ တစ်နည်းပြောရရင်တော့ အစာခြေလမ်းကြောင်းဆိုင်ရာ စနစ်တွေ ကောင်းမွန်နေတာက ခန္ဓာကိုယ် အပူချိန် အရှိန်နဲ့ တက်လာတာတွေကို တားဆီပေးပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်မှာ အပူချိန်မများနေဘူးဆိုရင်တော့ ချွေးထွက်တာလည်း နည်းမှာပါ။ သံလွင်ဆီ ပါဝင်တဲ့ အစားအစာလေးတွေ စားပေးပါ။

ဗာဒံစေ့

မဂ္ဂနီဆီယမ်ကလည်း အစာခြေလမ်းကြောင်းစနစ်နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ ဗာဒံစေ့မှာ မဂ္ဂနီဆီယမ် အပြည့်အဝ ပါဝင်ပါတယ်။ ဗာဒံစေ့ မဟုတ်ဘဲ တခြား မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ဖရုံသီး၊ ဟင်းနုနွယ်နဲ့ မြေပဲကလည်း ချွေးထွက်တာ လျှော့ကျစေဖို့ ကူညီပေးပါတယ်။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် ကြွယ်ကြွယ်ဝဝ ပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ထိန်းထားပေးပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။ ဒါဆိုရင်တော့ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး ရေဓါတ် ပြည့်ဝနေမှာမို့ ချွေးနံ့တွေကြောင့် စိတ်ညစ်စရာ မလိုတော့ပါဘူးနော်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ရေဓါတ်ပြည့်နေစေဖု့ိ အထောက်အကူပြုပါတယ်။ ရေဓါတ်ပြည့်နေမယ်ဆိုရင်တော့ ချွေးထွက်ခြင်း နည်းနေမှာပါ။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်၊ ဗီတာမင် B6 နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်တာက အစာခြေလမ်းကြောင်းကို ကောင်းစေတာမို့ ချွေးတွေကို ထိန်းချုပ်ပြီးသားပါပဲ။

ကိုယ်နေတိုင်းစားတဲ့ အစားအစာတွေထဲမှာ ချွေးအလွန်အကျွံထွက်တာကို လျော့နည်းစေတဲ့ အစားအစာတွေကို ထည့်စားပေးမယ်ဆိုရင် ချွေးထွက်နည်းမှာ ဖြစ်ပြီး အနံ့ဆိုးရတာလေးတွေလည်း ကင်းဝေးစေမှာပါနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top