iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ထူးအယ္လင္းကေတာ့ ေထာင္ကေန ျပန္လြတ္လာပါၿပီ။ တကၠစီသမား အခ်ိဳ႕နဲ႕ ခိုက္ရန္ျဖစ္ပြားမႈနဲ႕ ပတ္သက္ၿပီး ဇန္နဝါရီ (၃၁) ရက္ေန႕က ဒဂံုၿမိဳ႕နယ္ တရားရံုးက အဆုိေတာ္ ထူးအယ္လင္းအား ေထာင္ဒဏ္တစ္လ ျပစ္ဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီေန႕(ေဖေဖာ္ဝါရီ၂၆ရက္)က ေထာင္ကေန ျပန္လြတ္လာတဲ့ ထူးအယ္လင္းကေတာ့ ဗဟုသုတေတြလည္း အမ်ားႀကီး ရခဲ့တယ္ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ကဗ်ာေလးတစ္ခုနဲ႕အတူ ေရးသားခဲ့ပါတယ္။

"အမွတ္တရထဲက အမွတ္တရ

အင္းစိန္ေထာင္သို႔  အလည္တစ္ေခါက္ ငါေရာက္လာခဲ့တာ

ည အေမွာင္ လမ္းေလ်ာက္မႉနဲ႔ (၁)လခ် ကိုယ္ေတြ႕ၾကံဳခဲ့တာ

အသား (၄) ရက္ေႂကြး လက္မေႏွး (၃) ပုဂံကုန္သဗ်ာ

အိပ္လိုက္ စားလိုက္ သီခ်င္းစပ္လိုက္နဲ႔

လူမ်ိဳးစုံေတြ႕ၿပီး ေထာင္ဝင္စာ လာ/မလာ

ပုံစံဟာ ဆြဲလို႔ေကာင္းတုန္းဗ်ာ ...

ညေန ျခင္းဝိုင္း ငါ ခတ္တိုင္း ဝိတ္က မက်လာ

ဒီလိုနဲ႔ပဲ (၁)လျပည့္ လြတ္ေပါက္ေရာက္ခဲ့တာ

အမွတ္တရစားတြဲ ကိုဂၽြန္(ဂၽြန္ဟန္း)လည္း

က်န္ခဲ့ ပုံစံခန္းမွာ

ဒီကဗ်ာေရးေပး ဖိုးေက်ာ္ေလး ငါ့ေနာက္က လြတ္မွာ ...

အစ/၁၈/၀၁၁၂၂/က

ထူးအယ္လင္း(ခ)စိုးလွိဳင္ရွိန္ ဗဟုသုတ အမ်ားႀကီးရခဲ့တယ္ ။" ဆိုၿပီး ေျပာထားပါတယ္။

သူေထာင္ထဲမွာ ေနခဲ့တဲ့ အေတာအတြင္း ဂရုစိုက္ခဲ့သူေတြကိုလည္း ေက်းဇူးတင္ေၾကာင္းသူ႕က ဆက္လက္ေျပာထားပါေသးတယ္။

"ေထာင္ပိုင္/ဦးစီးမႉး/အေဆာင္မႈးႏွင့္ဝန္ထမ္းမ်ားအားလုံးနဲ႔ (၁)အေဆာင္ (၂)ခန္းမွ ညီအကိုမ်ား / အျခားေသာ အေဆာင္ ၂,၃,၄,၅ ႏွင့္အထူးတိုက္မွ ညီအကိုမ်ား အားလုံးကို ေက်းဇူးတင္ပါတယ္ လူမႈအခြင့္အေရးႏွင့္ဂ႐ုစိုက္မႈတို႔အတြက္ ...ထူးအယ္လင္း (၂၆.၂.၂၀၁၈) တနလၤာေန႔" ဆိုၿပီး ေရးသားထားပါတယ္။

သူ႕ရဲ႕ ပရိသတ္ေတြေတြ အေပါင္းအသင္းေတြကေတာ့ သူျပန္လြတ္လာလို႕ ဝမ္းသာေနၾကပါတယ္။ သူရဲ႕ ပရဟိတပံုရိပ္ေတြကို ျပန္ျမင္ရေတာ့မွာ ျဖစ္တဲ့အတြက္ ေပ်ာ္ေနၾကပါတယ္။

အဆိုေတာ္ ထူးအယ္လင္းကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆုိေတာ္ တစ္ဦးလည္း ျဖစ္ပါတယ္။

Photo : ထူးအယ္လင္း FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် ထူးအယ်လင်းကတော့ ထောင်ကနေ ပြန်လွတ်လာပါပြီ။ တက္ကစီသမား အချို့နဲ့ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ (၃၁) ရက်နေ့က ဒဂုံမြို့နယ် တရားရုံးက အဆိုတော် ထူးအယ်လင်းအား ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့(ဖေဖော်ဝါရီ၂၆ရက်)က ထောင်ကနေ ပြန်လွတ်လာတဲ့ ထူးအယ်လင်းကတော့ ဗဟုသုတတွေလည်း အများကြီး ရခဲ့တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ကဗျာလေးတစ်ခုနဲ့အတူ ရေးသားခဲ့ပါတယ်။

"အမှတ်တရထဲက အမှတ်တရ

အင်းစိန်ထောင်သို့  အလည်တစ်ခေါက် ငါရောက်လာခဲ့တာ

ည အမှောင် လမ်းလျောက်မှူနဲ့ (၁)လချ ကိုယ်တွေ့ကြုံခဲ့တာ

အသား (၄) ရက်ကြွေး လက်မနှေး (၃) ပုဂံကုန်သဗျာ

အိပ်လိုက် စားလိုက် သီချင်းစပ်လိုက်နဲ့

လူမျိုးစုံတွေ့ပြီး ထောင်ဝင်စာ လာ/မလာ

ပုံစံဟာ ဆွဲလို့ကောင်းတုန်းဗျာ ...

ညနေ ခြင်းဝိုင်း ငါ ခတ်တိုင်း ဝိတ်က မကျလာ

ဒီလိုနဲ့ပဲ (၁)လပြည့် လွတ်ပေါက်ရောက်ခဲ့တာ

အမှတ်တရစားတွဲ ကိုဂျွန်(ဂျွန်ဟန်း)လည်း

ကျန်ခဲ့ ပုံစံခန်းမှာ

ဒီကဗျာရေးပေး ဖိုးကျော်လေး ငါ့နောက်က လွတ်မှာ ...

အစ/၁၈/၀၁၁၂၂/က

ထူးအယ်လင်း(ခ)စိုးလှိုင်ရှိန် ဗဟုသုတ အများကြီးရခဲ့တယ် ။" ဆိုပြီး ပြောထားပါတယ်။

သူထောင်ထဲမှာ နေခဲ့တဲ့ အတောအတွင်း ဂရုစိုက်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်းသူ့က ဆက်လက်ပြောထားပါသေးတယ်။

"ထောင်ပိုင်/ဦးစီးမှူး/အဆောင်မှုးနှင့်ဝန်ထမ်းများအားလုံးနဲ့ (၁)အဆောင် (၂)ခန်းမှ ညီအကိုများ / အခြားသော အဆောင် ၂,၃,၄,၅ နှင့်အထူးတိုက်မှ ညီအကိုများ အားလုံးကို ကျေးဇူးတင်ပါတယ် လူမှုအခွင့်အရေးနှင့်ဂရုစိုက်မှုတို့အတွက် ...ထူးအယ်လင်း (၂၆.၂.၂၀၁၈) တနင်္လာနေ့" ဆိုပြီး ရေးသားထားပါတယ်။

သူ့ရဲ့ ပရိသတ်တွေတွေ အပေါင်းအသင်းတွေကတော့ သူပြန်လွတ်လာလို့ ဝမ်းသာနေကြပါတယ်။ သူရဲ့ ပရဟိတပုံရိပ်တွေကို ပြန်မြင်ရတော့မှာ ဖြစ်တဲ့အတွက် ပျော်နေကြပါတယ်။

အဆိုတော် ထူးအယ်လင်းကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ထူးအယ်လင်း FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top