iMyanmarHouse.com - Best Property Website for Myanmar
×

ပရုိတင္းဓာတ္၊ ဗီတာမင္စီနဲ႔ ဗီတာမင္ဘီစစ္ ပါဝင္တဲ့ အာလူးက က်န္းမာေရးအတြက္ မ်ားစြာ အေထာက္အကူ ျပဳရံုသာမက အလွအပေရးရာမွာလည္း အသံုးတည့္တာကို ေတြ႔ရပါတယ္။ ေငြကုန္ေၾကးက်လည္း သက္သာၿပီး အိမ္မွာအလြယ္တကူရရွိႏုိင္တဲ့ အာလူးကိုပဲ အသံုးျပဳၿပီး လွပတဲ့အသားအေရပိုင္ရွင္ေလးျဖစ္ေအာင္ ျပဳလုပ္လို႔ ရပါတယ္ေနာ္။ ဒီေတာ့.. အာလူးကို အလွအပေရးရာမွာ ဘယ္လိုအသံုးျပဳႏုိင္မလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) မ်က္ကြင္းညိဳတာသက္သာေစပါတယ္။ အိပ္ေရးမဝလို႔ပဲျဖစ္ျဖစ္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္ကြင္းညိဳတဲ့အခါ မိနစ္၂၀အတြင္း သက္သာေစတာကေတာ့ အာလူးပါပဲ။ အာလူးကို ပါးပါးေလးလွီးၿပီး မ်က္လံုးေပၚကို တင္ထားလိုက္ရံုပါပဲ။

(၂) အသက္အရြယ္ရလာတဲ့အခါ မ်က္ရည္အိတ္တြဲက်တာမ်ိဳး ႀကံဳေတြ႔ရတတ္ပါတယ္။ အသားအေရ ထိန္းသိမ္းမႈ မရွိျခင္းေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ မ်က္အိတ္တြဲက်တာမ်ိဳး ျဖစ္တတ္ပါတယ္။ အာလူးကို အကြင္းလိုက္လွီးၿပီး ေရခဲေသတၱာထဲ မိနစ္အနည္းငယ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေအးစက္ေနတဲ့ အာလူးကြင္းနဲ႔ မ်က္လံုးေပၚကို မိနစ္အနည္းငယ္ ကပ္ထားလိုက္ရံုပါပဲေနာ္။

(၃) အသားအေရေလ်ာ့တြဲက်ျခင္းနဲ႔ ပါးေရတြန္႔ျခင္းကလည္း အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တဲ့ လကၡဏာရပ္ေတြပါပဲ။ ဒါကို ကုသဖို႔ဆုိရင္ေတာ့ အာလူးကို ႀကိတ္လိုက္ၿပီး ရရွိလာတဲ့ အႏွစ္ရည္ကို မ်က္ႏွာတစ္ဝိုက္ သုတ္လိမ္းေပးပါ။ အသားအေရေလ်ာ့တြဲက်ျခင္းနဲ႔ ပါးေရတြန္႔တာ သိသိသာသာ သက္သာေစပါတယ္။

(၄) ဝက္ၿခံျဖစ္တဲ့ေနရာေတြမွာလည္း အာလူးအႏွစ္ရည္ကို သုတ္လိမ္းေပးႏုိင္ပါတယ္။ အာလူးအႏွစ္နဲ႔ မ်က္ႏွာေပါင္းတင္တာက မ်က္ႏွာျပင္ေပၚက အညစ္အေၾကးမ်ားနဲ႔ ဆဲလ္ေသမ်ားကို ဖယ္ရွား သန္႔စင္ႏုိင္တဲ့ အတြက္ ဝက္ၿခံကင္းစင္တဲ့ မ်က္ႏွာပိုင္ရွင္ျဖစ္ေစမွာပါ။

(၅) အသားအေရေျခာက္ေသြ႔ျခင္းအတြက္လည္း အာလူးကို အသံုးျပဳၿပီး ကုသႏိုင္ပါတယ္။ အာလူး အႏွစ္ရည္ထဲကို ပ်ားရည္တစ္ဇြန္းေရာထည့္ၿပီး မ်က္ႏွာေပါင္းတင္ေပးမယ္ဆိုရင္ အသားအေရ ေျခာက္ေသြ႔တာကို သက္သာေစပါတယ္။

(၆) အသားအေရ ၾကည္လင္ဝင္းပဖို႔ အတြက္ဆိုရင္လည္း အာလူးက ကူညီေပးႏုိင္ပါတယ္။ အာလူးကို ႀကိတ္လိုက္ၿပီး ရရွိလာတဲ့ အႏွစ္ရည္ထဲကို ၾကက္ဥအကာတစ္လံုး ေရာစပ္ၿပီး ေမႊေပးပါ။ မ်က္ႏွာျပင္ အႏွ႔ံသုတ္လိမ္းၿပီး ၁၅မိနစ္ခန္႔ ေပါင္းတင္ေပးမယ္ဆုိရင္ မ်က္ႏွာျပင္ေပၚက အဆိပ္ အေတာက္မ်ားနဲ႔ အညစ္အေၾကးမ်ား ကင္းစင္သြားတာေၾကာင့္ ၾကည္လင္ဝင္းပတဲ့ မ်က္ႏွာေလးကို မိနစ္ပိုင္းအတြင္း ပိုင္ဆုိင္ရယူလိုက္ပါ။

(၇) ေနေလာင္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ကုဖို႔အတြက္ဆိုရင္ အာလူးက အေကာင္းဆံုး သဘာဝနည္းလမ္းေကာင္းပါပဲ။ အာလူးကို ပါးပါးလွီးၿပီး ေနေလာင္ထားတဲ့ အသား အေရေပၚကို နာရီဝက္ခန္႔ ကပ္ထားေပးပါ။ ဒီနည္းလမ္းအတုိင္း တစ္ပတ္ေလာက္ ျပဳလုပ္ လိုက္တာ နဲ႔ ေနေလာင္ဒဏ္ေၾကာင့္ ညိဳမည္းပ်က္စီးသြားတဲ့ အသားအေရက နဂိုအသားအေရ အတိုင္း ျပန္လည္ျဖဴဝင္းလာတာကို ေတြ႔ျမင္ရမွာပါ။

Credit : myanmaplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပရိုတင်းဓာတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီစစ် ပါဝင်တဲ့ အာလူးက ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုရုံသာမက အလှအပရေးရာမှာလည်း အသုံးတည့်တာကို တွေ့ရပါတယ်။ ငွေကုန်ကြေးကျလည်း သက်သာပြီး အိမ်မှာအလွယ်တကူရရှိနိုင်တဲ့ အာလူးကိုပဲ အသုံးပြုပြီး လှပတဲ့အသားအရေပိုင်ရှင်လေးဖြစ်အောင် ပြုလုပ်လို့ ရပါတယ်နော်။ ဒီတော့.. အာလူးကို အလှအပရေးရာမှာ ဘယ်လိုအသုံးပြုနိုင်မလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မျက်ကွင်းညိုတာသက်သာစေပါတယ်။ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် မျက်ကွင်းညိုတဲ့အခါ မိနစ်၂၀အတွင်း သက်သာစေတာကတော့ အာလူးပါပဲ။ အာလူးကို ပါးပါးလေးလှီးပြီး မျက်လုံးပေါ်ကို တင်ထားလိုက်ရုံပါပဲ။

(၂) အသက်အရွယ်ရလာတဲ့အခါ မျက်ရည်အိတ်တွဲကျတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အသားအရေ ထိန်းသိမ်းမှု မရှိခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်အိတ်တွဲကျတာမျိုး ဖြစ်တတ်ပါတယ်။ အာလူးကို အကွင်းလိုက်လှီးပြီး ရေခဲသေတ္တာထဲ မိနစ်အနည်းငယ်ထားလိုက်ပါ။ ပြီးရင်တော့ အေးစက်နေတဲ့ အာလူးကွင်းနဲ့ မျက်လုံးပေါ်ကို မိနစ်အနည်းငယ် ကပ်ထားလိုက်ရုံပါပဲနော်။

(၃) အသားအရေလျော့တွဲကျခြင်းနဲ့ ပါးရေတွန့်ခြင်းကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တဲ့ လက္ခဏာရပ်တွေပါပဲ။ ဒါကို ကုသဖို့ဆိုရင်တော့ အာလူးကို ကြိတ်လိုက်ပြီး ရရှိလာတဲ့ အနှစ်ရည်ကို မျက်နှာတစ်ဝိုက် သုတ်လိမ်းပေးပါ။ အသားအရေလျော့တွဲကျခြင်းနဲ့ ပါးရေတွန့်တာ သိသိသာသာ သက်သာစေပါတယ်။

(၄) ဝက်ခြံဖြစ်တဲ့နေရာတွေမှာလည်း အာလူးအနှစ်ရည်ကို သုတ်လိမ်းပေးနိုင်ပါတယ်။ အာလူးအနှစ်နဲ့ မျက်နှာပေါင်းတင်တာက မျက်နှာပြင်ပေါ်က အညစ်အကြေးများနဲ့ ဆဲလ်သေများကို ဖယ်ရှား သန့်စင်နိုင်တဲ့ အတွက် ဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ရှင်ဖြစ်စေမှာပါ။

(၅) အသားအရေခြောက်သွေ့ခြင်းအတွက်လည်း အာလူးကို အသုံးပြုပြီး ကုသနိုင်ပါတယ်။ အာလူး အနှစ်ရည်ထဲကို ပျားရည်တစ်ဇွန်းရောထည့်ပြီး မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် အသားအရေ ခြောက်သွေ့တာကို သက်သာစေပါတယ်။

(၆) အသားအရေ ကြည်လင်ဝင်းပဖို့ အတွက်ဆိုရင်လည်း အာလူးက ကူညီပေးနိုင်ပါတယ်။ အာလူးကို ကြိတ်လိုက်ပြီး ရရှိလာတဲ့ အနှစ်ရည်ထဲကို ကြက်ဥအကာတစ်လုံး ရောစပ်ပြီး မွှေပေးပါ။ မျက်နှာပြင် အနှံ့သုတ်လိမ်းပြီး ၁၅မိနစ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင် မျက်နှာပြင်ပေါ်က အဆိပ် အတောက်များနဲ့ အညစ်အကြေးများ ကင်းစင်သွားတာကြောင့် ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို မိနစ်ပိုင်းအတွင်း ပိုင်ဆိုင်ရယူလိုက်ပါ။

(၇) နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုဖို့အတွက်ဆိုရင် အာလူးက အကောင်းဆုံး သဘာဝနည်းလမ်းကောင်းပါပဲ။ အာလူးကို ပါးပါးလှီးပြီး နေလောင်ထားတဲ့ အသား အရေပေါ်ကို နာရီဝက်ခန့် ကပ်ထားပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက် ပြုလုပ် လိုက်တာ နဲ့ နေလောင်ဒဏ်ကြောင့် ညိုမည်းပျက်စီးသွားတဲ့ အသားအရေက နဂိုအသားအရေ အတိုင်း ပြန်လည်ဖြူဝင်းလာတာကို တွေ့မြင်ရမှာပါ။

Credit : myanmaplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top