iMyanmarHouse.com - Best Property Website for Myanmar
×
၅။ အသားညိုလည်းလှပါတယ်
Credit : My Style
မင်္ဂလာပါနော်။ သင်ဝဝ ပိန်ပိန် စမတ်ကျကျ ဝတ်ဆင်လို့ရပါတယ်။ ဘယ်လို ခန္ဓာကိုယ်အချိုးအစား ပဲဖြစ်ဖြစ် စတိုင်လ်ကျအောင် ဝတ်ဆင်တတ်ရင် သင့်ကို ဆွဲဆောင်မှုရှိနေစေမှာပါ။
ဒါပေမယ့် အဝတ်အစားကို စမတ်ကျကျ မဝတ်တတ်ရင်တော့ သင့်ကို ရှိရင်းထက် ဝတယ်လို့ ထင်ရစေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် သင့်ကို ပိုပြီးသေးသွယ်သယောင်ထင်ရစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ ဖိနပ်ကိုသေချာရွေးချယ်ပါ
ခန္ဓာကိုယ်ကို သေးသွယ်သသယောင်ထင်ရဖို့ဆိုရင် အရပ်မြင့်မြင့် ထင်ရစေဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ကို သက်သောင့်သက်သာရှိစေပြီး ဒေါက်ပါတဲ့ ဒေါက်မြင့် ဖိနပ်ကိုစီးပါ။
၂။ သင်နဲ့ သင့်တော်တဲ့ ကိုယ်တိုင်းပြီးချုပ်ပါ
ပွနေတဲ့ အင်္ကျ ီ တွေမဝတ်ဘဲ သင်နဲ့ သင့်တော်ပြီး ကွက်တိဖြစ်တဲ့ အဝတ်အစားမျိုးကိ ုရွေးချယ်ပါ။ ဒါ့ကြောင့် မှန်ကန်တဲ့ အချိုးအစားကို တိုင်းတာပါ။
၃။ ကုန်းကုန်းကြီးမနေပါနဲ့
ဘယ်တော့မှ ခါးကုန်းကုန်းကြီးထိုင်တာမျိုး မတ်တပ်ရပ်တာမျိုးမဟုတ်ပါဘူး။ အဲဒီလိုလုပ်တာဟာ သင့်ရဲ့ ကျောရိုးကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ဒါ့ကြောင့် ခါးကုန်းကုန်းကြီးမနေပါနဲ့။
၄။ မှန်မှန်ကန်ကန် Contour သုံးပါ
မျက်နှာကို ပါးရိုးချတဲ့အခါ မှန်မှန်ကန်ကန် အသုံးပြုပေးပါ။ အဲဒီလို Contour သုံးတာကလည်း သင့်မျက်နှာကို သေးသွယ်သယောင် ထင်ရစေပါတယ်။
၅။ အသားညိုလည်းလှပါတယ်
တချို့ကတော့ ပိုပြီးသေးသွယ်သယောင်ထင်ရစေဖို့ တမင် နေပူဆာလုံပြီး အသားညိုအောင် လုပ်ကြပါတယ်။ အသားညိုတာဟာ သင့်ကို ပိုပြီးသေးသွယ်သယောင်ထင်ရစေသလို သင့်ခြေထောက်မှာရှိနေတဲ့ Cellulite ဆိုတဲ့ အဆီတွေကို မသိသာအောင် ဖုံးထားပေးနိုင်ပါတယ်။
၆။ ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်တဲ့ အဝတ်အစားရွေးချယ်ပါ
သင့်ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်တဲ့ အဝတ်အစားဟာ သင့်ကို ပိုပြီး သေးသွယ်သယောင်ထင်ရစေမှာဖြစ်ပါတယ်။
၇။ ဆံပင်ပုံလည်း အရေးပါတယ်
ဆံပင်ပုံကို အရမ်းရှင်းရှင်းကြီးမဟုတ်ဘဲ ခပ်ပြေပြေလေးကောက်တာမျိုး လုပ်ပေးတာဟာ သင့်မျက်နှာကို သေးသွယ်သယောင်ထင်ရစေပါတယ်။
၈။ ခန္ဓာကိုယ်အချိုးအစားပေါ်လွင်စေတဲ့ အတွင်းခံဝတ်မယ်
ဝတ်ပါ။ ဗိုက်ချပ်ဘောင်းဘီတွေ ဝတ်လို့ရသလို ရင်သားကို ရှိသယောင်ထင်ရစေတဲ့ အတွင်းခံမျိုး ရွေးချယ်နိုင်ပါတယ်။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top