iMyanmarHouse.com - Best Property Website for Myanmar
×
Source: radioone
Credit : Freezemyanmar
တကယ်တော့ မိန်းကလေးတွေလောက် နားလည်ရခတ် တာ မိန်းကလေးတွေပဲရှိပါတယ်။ တခါတလေ ကျ ရင် မိန်းကလေး အချင်းချင်းတောင် နားမလည် နိုင်ပါဘူး။ ယောက်ျားလေးတွေဆို ပိုဆိုးပေါ့။ မိန်းကလေးတွေကို စကားပြောရင် အမှား မပါအောင် ပြောနိုင်တယ်ဆိုတာ အင်မတန် ကို ရှားပါတယ်။
အဲ့ဒီတော့ မိန်းကလေးတွေကို ချီးကျူးမယ်ဆိုရင်တော် တော့ ကို ခတ်ခဲပါတယ်။ ချီးကျူးတာနဲ့ ပတ်သက်ရင် တစ်ယောက်စီ ကိုယ်ပိုင် အဘိဓာန် ရှိတယ်လို့ ပြောလို့ ရပါတယ်။ တချို့က သူတို့ကို ချီးကျူးတာက နည်းမ မှန် ရင် ပြဿနာတောင် အရှာ ခံရပါသေးတယ်။ အဲ့တော့ ချီးကျူးနည်း မှန်မှန်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုမျိုး ချီးကျူးရင်တော့ အမှတ်ရမှာပေါ့နော်။
(၁)သိမ်မွေ့ပေမယ့် အမြဲ အမှတ်ရတဲ့ ‘မင်းရဲ့ အရှိအတိုင်းလေးကိုပဲ’ စကား
မိန်းကလေးတွေက အသေးစိတ်ကလေးတွေကို အမြဲမှတ်ထားတတ်သလို သူတို့ကို အသေးစိတ်ကလေးတွေက အစ ဂရုစိုက်တာကို ခံချင်ကြပါတယ်။ တခါတလေ ကျရင် အဲ့ဒီစကားရဲ့ အသုံးဝင်မှုကို မေ့နေကြသလို တချို့ဆို ချီးကျူးစကားလို့တောင် မထင်ကြပါဘူး။ ဒါပေမယ့် ‘မင်းရယ်လိုက် ရင် မင်းရဲ့ နှာခေါင်းလေး လှုပ်သွားတာလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲကွာ’ ဆိုတဲ့ စကားက ‘မင်းရဲ့ တ**ါးက ရေလည်မိုက်တယ်ကွာ’ ဆိုတဲ့ စကားထက်ပို နားဝင်ချိုပါတယ်။
(၂)’မင်းကို ကို တစ်ခုလောက်မေးလို့ရ မလားဟင်? ဒီကိစ္စနဲ့ ပတ်သက်ရင် မင်းက ကို့ထက် ပိုတော်လို့ပါ’
ကိုယ့်ကို ပိုတော်ကြောင်းပြောတဲ စကားတွေက ဦးနှောက်အတွက် သကြားလုံးလိုပဲ ချိုမြပါတယ်။ ကိစ္စ တခုခု ရှိတာပဲ ဖြစ်ဖြစ်၊ အလုပ်တခုခု ရှ်တာပဲ ဖြစ်ဖြစ်၊ ပြဿနာ တခုခု ရှိတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်ပဲ သူမ ကို တိုင်ပင်တာ သို့မဟုတ် သူမရဲ့ အကူအညီကို လိုအပ် တယ်လို့ပြောခြင်းဟာ သူမကို ကိုယ့်ကိုကိုယ် တန်ဖိုးရှိပြီး ဉာဏ်ရည်ကြွယ်ဝ တယ်လို့ ထင်စေရုံသာမက ေဩာ် ဒီယောက်ျားက ငါ့ကို အလေးထားပါလား၊ ငါ့ ကို အမြဲ တိုင်ပင်ပါလားဆိုပြီး အမှတ်ပြည့်ပေးလိုက်ပါ လိမ့်မယ်။
(၃)’မင်း က ကို့ ကို အမြဲ သက်သောင့်သက်သာရှိစေတယ်။ မင်းနဲ့ အတူတူရှိနေရင် ကို ဘာမှ မပင်ပန်းဘူးကွာ။’
တခါတလေ ကျရင် စိတ်ထားပျော့တဲ့ မိန်မတွေက က ငါနဲ့ အတူလက်တွဲနေရလို့ ဒီလူပင်ပန်းနေလား? ငါက သူ့အတွက်ဝန်ထုပ်ဝန်ပို့ ဖြစ်နေရင်ဘယ်လိုလုပ်မလဲ? ဆိုပြီးစိုးရိမ်ပြီး လက်တွဲ ဖော်ကို ဖြုတ်ချင်ကျပါတယ်။ အပေါ်ကစကားလေးပြောလိုက်မယ်ဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးကို အရင်က ထက်ပိုပြီးတိုးတက်လာပါ လိမ့်မယ်။ မိန်းကလေးဘက်ကလဲ အရင်ကထက်ပိုပြီးပွင့်လင်းလာပါလိမ့်မယ်။
(၄)’ဒီအခန်းထဲက ကောင်လေးတွေက မင်းကိုပဲစိုက်ကြည့်နေကြတယ်’
လူတိုင်းက ကိုယ့်ကို တစုံတယောက်က လိုအပ်နေတယ်ဆိုတဲ့ ခံစားချက်က တကယ့်ကို ခံစားလို့ကောင်းပါတယ်။ အဲ့ဒေါ့ ချစ်သူရှိနေတာတောင် ငါက အသုံးဝင်သေးပါလားဆိုတဲ့ ခံစားမှုကိုလဲရစေပါတယ်။ ဒါပေမယ့် ပြောတာများရင် ဒီလူကတော့ ငါ့ကို သဝန်လာတိုနေတယ်ဆိုပြီးထင်နိုင်သေးတယ်နော်။ ခဏခဏတော့ မပြောနဲ့ပေါ့နော်။
Source: radioone
Credit : Freezemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top