iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ရွည္ေလးေတြ ေက်ာမွာ ခ်ထားရင္ အေကာက္ပဲျဖစ္ျဖစ္၊ အေျဖာင့္ပဲ ျဖစ္ျဖစ္ ဆံသားေလးေတြ ေပ်ာ့ေပ်ာင္းေနတယ္ဆိုရင္ လူတကာ ေငးရတဲ့ အလွပိုင္ရွင္ေလး ျဖစ္ေနမွာပါ။   ေကာက္ထားတာပဲ ျဖစ္ျဖစ္၊ ေျဖာင့္ထားတာပဲ ျဖစ္ျဖစ္ သဘာဝအတိုင္းေလးပဲ ျဖစ္ျဖစ္ ေပ်ာ့ေပ်ာင္းေအာင္ လုပ္လို႔ ရတယ္ေနာ္။ အိမ္မွာတင္ လုပ္လုိ႔ရတဲ့ နည္းလမ္းေလးေတြမို႔ ပ်ိဳပ်ိဳေမတို႔ စရိတ္လည္း သက္သာ၊ လွလည္း လွမွာပါေနာ္။

ၾကက္ဥ

ပ်ိဳပ်ိဳေမေလးတို႔ေရ ၾကက္ဥကို အဓိကထားၿပီး ေပ်ာ့ေပ်ာင္းေအာင္ လုပ္မယ္ေနာ္။ ပထမဆံုး ၾကက္ဥတစ္လံုးကို ပန္းကန္တစ္လံုးထဲကို ေဖာက္ထည့္လိုက္ပါ။ ၿပီးရင္ သံလြင္ဆီ လက္ဖက္စားဇြန္း (၂) ဇြန္း ဒါမွမဟုတ္ အုန္းဆီ လက္ဖက္စားဇြန္း (၂) ဇြန္းကို ထည့္ပါ။ ေနာက္ေတာ့ ပ်ားရည္ လက္ဖက္စားဇြန္း တစ္ဇြန္း ထည့္ၿပီး ေရာေမႊလိုက္ပါေနာ္။ ဆံပင္ေတြမွာ သုတ္လိမ္းထားၿပီး မိနစ္(၃၀) ေလာက္ ၾကာေအာင္ ထားပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္ အေပ်ာ့ေလး သံုးၿပီး ေရေႏြးေလးနဲ႔ ေခါင္းေလွ်ာ္လိုက္ပါ။ ေပ်ာ့ေပ်ာင္းတဲ့ ဆံသားေလး ရၿပီေနာ္။

ေထာပတ္သီး

ေထာပတ္သီးက အစိုဓါတ္ကုိ ထိန္းထားေပးၿပီး ဆံသားေလးေတြကို အားျဖည့္ေပးပါတယ္။ ေျခာက္ေသြ႔ပ်က္စီးတာေတြ မျဖစ္ေစဘဲ ေပ်ာ့ေပ်ာင္းဖို႔ ကူညီႏုိင္တယ္ေနာ္။ ေထာပတ္သီးအမွည့္တျခမ္းကို ေက်ေအာင္ ေခ်လိုက္ပါ။ ၿပီးရင္ေတာ့ သံလြင္ဆီေလး လက္ဖက္စားဇြန္း(၂) ဇြန္းေလာက္ ေရာလိုက္ပါ။ အေရာကို ဆံပင္မွာ သုတ္လိမ္းၿပီး မိနစ္(၂၀) ေလာက္ ထားလိုက္ပါ။ ေနာက္ေတာ့မွ ေခါင္းေလွ်ာ္လိုက္ပါ။

ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ကေတာ့ အလွအပဆိုင္ရာမွာ မပါမျဖစ္ ပစၥည္းပဲေနာ္။ အယ္လ္ကိုေဟာ မပါတဲ့ ရွားေစာင္းလက္ပပ္ဂ်ယ္ ဒါမွမဟုတ္ ရွားေစာင္းလက္ပပ္ အပင္ရွိရင္လည္း အတြင္းသားဂ်ယ္လ္ကို ပ်ားရည္နဲ႔ ဆတူေရာလိုက္ပါ။ ၿပီးရင္ေတာ့ သမေအာင္ေမႊၿပီး ဆံပင္မွာ လိမ္းပါ။ ဆယ္မိနစ္ေလာက္ၾကာေအာင္ ဆံပင္မွာ သုတ္လိမ္းထားလိုက္ပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္တဲ့အခါ ႏွိပ္ၿပီး ေလွ်ာ္ေပးပါ။

အုန္းဆီ

အုန္းဆီကေတာ့ ပံုမွန္ေခါင္းေလွ်ာ္ၿပီးတဲ့အခ်ိန္မွာေတာင္ လိမ္းၾကပါတယ္။ အုန္းဆီက ဆံသားေလး ေပ်ာ့ေျပာင္းေစဖို႔ အကူအညီေပးပါတယ္ေနာ္။ အုန္းဆီ ပူသြားေအာင္ မီးအပူရွိန္ေလး နည္းနည္းေပးလိုက္ပါ။ ေအးသြားရင္ေတာ့ ဆံသားမွာ လိမ္းထားလိုက္ပါ။ ဆံပင္မွာ အခ်ိန္ၾကာၾကာ ထားႏိုင္သေလာက္ေလး ထားပါ။ ၿပီးမွ ေခါင္းေလွ်ာ္လိုက္ပါ။ ေခါင္းေလွ်ာ္ၿပီး လိမ္းတာထက္ေတာင္ ဆံသားေလး ေပ်ာ့ေပ်ာင္းေနတာကို ေတြ႔ရမွာပါ။

Mayonnaise

Mayonnaise ကေတာ့ အသားညွပ္မုန္႔ေတြထဲမွာ အမ်ားေတြ႔ရတဲ့ စားစရာ ယိုအမ်ိဳးအစား တစ္ခုပါေနာ္။ Mayonnaise ေလးကို နည္းနည္းယူၿပီး ဆံပင္မွာ သုတ္လိမ္းလိုက္ပါ။ ေျခာက္သြားေအာင္ ထားလိုက္ပါ။ ေျခာက္သြားမွ ေခါင္းေလွ်ာ္ရည္ေလးနဲ႔ ေလွ်ာ္ခ်လိုက္ပါ။ ေနာက္ၿပီး လိမ္းေနက် ဆီ တစ္မ်ိဳးမ်ိဳးကို လိမ္းလိုက္ပါ။

ပ်ိဳပ်ိဳေမေလးတို႔ရဲ႕ ဆံသားေလးေတြ ေပ်ာ့ေပ်ာင္းေစမယ့္ နည္းလမ္းေလးေတြကိုေတာ့ ေပးၿပီးၿပီေနာ္။ အိမ္မွာေနရင္း ေပါင္းတင္ၾကည့္ဖို႔လည္း တုိက္တြန္းလိုက္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်ရှည်လေးတွေ ကျောမှာ ချထားရင် အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲ ဖြစ်ဖြစ် ဆံသားလေးတွေ ပျော့ပျောင်းနေတယ်ဆိုရင် လူတကာ ငေးရတဲ့ အလှပိုင်ရှင်လေး ဖြစ်နေမှာပါ။   ကောက်ထားတာပဲ ဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲ ဖြစ်ဖြစ် သဘာဝအတိုင်းလေးပဲ ဖြစ်ဖြစ် ပျော့ပျောင်းအောင် လုပ်လို့ ရတယ်နော်။ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမို့ ပျိုပျိုမေတို့ စရိတ်လည်း သက်သာ၊ လှလည်း လှမှာပါနော်။

ကြက်ဥ

ပျိုပျိုမေလေးတို့ရေ ကြက်ဥကို အဓိကထားပြီး ပျော့ပျောင်းအောင် လုပ်မယ်နော်။ ပထမဆုံး ကြက်ဥတစ်လုံးကို ပန်းကန်တစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ဒါမှမဟုတ် အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး ရောမွှေလိုက်ပါနော်။ ဆံပင်တွေမှာ သုတ်လိမ်းထားပြီး မိနစ်(၃၀) လောက် ကြာအောင် ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့လေး သုံးပြီး ရေနွေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ပျော့ပျောင်းတဲ့ ဆံသားလေး ရပြီနော်။

ထောပတ်သီး

ထောပတ်သီးက အစိုဓါတ်ကို ထိန်းထားပေးပြီး ဆံသားလေးတွေကို အားဖြည့်ပေးပါတယ်။ ခြောက်သွေ့ပျက်စီးတာတွေ မဖြစ်စေဘဲ ပျော့ပျောင်းဖို့ ကူညီနိုင်တယ်နော်။ ထောပတ်သီးအမှည့်တခြမ်းကို ကျေအောင် ချေလိုက်ပါ။ ပြီးရင်တော့ သံလွင်ဆီလေး လက်ဖက်စားဇွန်း(၂) ဇွန်းလောက် ရောလိုက်ပါ။ အရောကို ဆံပင်မှာ သုတ်လိမ်းပြီး မိနစ်(၂၀) လောက် ထားလိုက်ပါ။ နောက်တော့မှ ခေါင်းလျှော်လိုက်ပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကတော့ အလှအပဆိုင်ရာမှာ မပါမဖြစ် ပစ္စည်းပဲနော်။ အယ်လ်ကိုဟော မပါတဲ့ ရှားစောင်းလက်ပပ်ဂျယ် ဒါမှမဟုတ် ရှားစောင်းလက်ပပ် အပင်ရှိရင်လည်း အတွင်းသားဂျယ်လ်ကို ပျားရည်နဲ့ ဆတူရောလိုက်ပါ။ ပြီးရင်တော့ သမအောင်မွှေပြီး ဆံပင်မှာ လိမ်းပါ။ ဆယ်မိနစ်လောက်ကြာအောင် ဆံပင်မှာ သုတ်လိမ်းထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်တဲ့အခါ နှိပ်ပြီး လျှော်ပေးပါ။

အုန်းဆီ

အုန်းဆီကတော့ ပုံမှန်ခေါင်းလျှော်ပြီးတဲ့အချိန်မှာတောင် လိမ်းကြပါတယ်။ အုန်းဆီက ဆံသားလေး ပျော့ပြောင်းစေဖို့ အကူအညီပေးပါတယ်နော်။ အုန်းဆီ ပူသွားအောင် မီးအပူရှိန်လေး နည်းနည်းပေးလိုက်ပါ။ အေးသွားရင်တော့ ဆံသားမှာ လိမ်းထားလိုက်ပါ။ ဆံပင်မှာ အချိန်ကြာကြာ ထားနိုင်သလောက်လေး ထားပါ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်ပြီး လိမ်းတာထက်တောင် ဆံသားလေး ပျော့ပျောင်းနေတာကို တွေ့ရမှာပါ။

Mayonnaise

Mayonnaise ကတော့ အသားညှပ်မုန့်တွေထဲမှာ အများတွေ့ရတဲ့ စားစရာ ယိုအမျိုးအစား တစ်ခုပါနော်။ Mayonnaise လေးကို နည်းနည်းယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ ခြောက်သွားအောင် ထားလိုက်ပါ။ ခြောက်သွားမှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ချလိုက်ပါ။ နောက်ပြီး လိမ်းနေကျ ဆီ တစ်မျိုးမျိုးကို လိမ်းလိုက်ပါ။

ပျိုပျိုမေလေးတို့ရဲ့ ဆံသားလေးတွေ ပျော့ပျောင်းစေမယ့် နည်းလမ်းလေးတွေကိုတော့ ပေးပြီးပြီနော်။ အိမ်မှာနေရင်း ပေါင်းတင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top