iMyanmarHouse.com - Best Property Website for Myanmar
×
၎။ အဝတ်လျှော်ခြင်း
Credit : My Style
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် သိပ်ကို ဂရုစိုက်ရတဲ့အချိန်ပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုတွေရှိပြီး စားသောက်နေထိုင်မှုပုံစံတွေပါ ပြောင်းလဲသွားတတ်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ရင်သွေးလေး ကျန်းမာရေးအတွက် မိမိကိုယ်ကို သာမန်အချိန်ထက် ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။
၁။ သန့်ရှင်းရေးလုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိမ်သန့်ရှင်းရေးလုပ်ခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။ အရေပြား ဓာတ်မတည့်တာတွေဖြစ်စေနိုင်သလို ဓာတုပစ္စည်းတွေ ထိတွေ့နိုင်တာကြောင့်လည်း သင့်ကလေး ကျန်းမာရေးအတွက်မကောင်းပါဘူး။
၂။ အမိုက်များကို သန့်ရှင်းရေးလုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အမိုက်သရိုက်တွေကို သန့်ရှင်းရေးလုပ်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အမိုက်သရိုက်တွေက အသက်ရှုလမ်းကြောင်းအတွက်မကောင်းလို့ သင့်ကလေးအတွက်ရော သင့်ကျန်းမာရေးအတွက်ပါ မလုပ်သင့်ပါဘူး။
၃။ ရေချိုးခန်းသန့်ရှင်းရေးလုပ်ခြင်း
ရေချိုးခန်းတွေကို သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေပါဝင်နေတယဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် သင့်ကလေး ကျန်းမာရေးအတွက် ရှောင်ကျဉ်သင့်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
၄။ အဝတ်လျှော်ခြင်း
အချိန်အကြာကြီး ထိုင်ကာ အဝတ်လျှော်တာမျိုးက သင့်ကိုအအေးမိစေပါတယ်။ ဒါ့ကြောင့် အဝတ်လျှော်ပေးတာဟာ သင့်ကလေးကျန်းမာရေးအတွက်မကောင်းတာမို့ ရှောင်ပေးပါ။
၅။ လေးလံတဲ့ ပစ္စည်းတွေကို မခြင်းရွေ့ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လေးလံတဲ့ ပစ္စည်းတွေကို ရွေ့ခြင်း ပြောင်းခြင်းမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်တာဟာ ကလေးကိုထိခိုက်စေနိုင်ပါတယ်။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top