iMyanmarHouse.com - Best Property Website for Myanmar
×





အဖြူဆင်း များခြင်း




Credit : Lwinpyin

အမျိုးသမီး များမှာ အဖြူဆင်း တာကလည်းဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေသွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။သာမန် ဖြစ်ရိုး ဖြစ်စဉ်ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့်ရောဂါရယ် လို့တော့ သံသယမဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခုရှိလာတဲ့ အခါ အဖြူဆင်း ပုံဟာ ပြောင်းလဲသွားနိုင်ပါတယ်။

ခန္ဓာကိုယ် ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့လာအပြီးမှာ အဖြူဆင်း တာအနည်း အများ ကွာခြားနိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့တစ်ဦးအဖြူဆင်း တဲ့ ပမာဏ ချင်းလည်းမတူညီ နိုင်ပါဘူး။

မိန်းမကိုယ် ကို သန့်စင် လွန်းခြင်း
တချို့ မိန်းကလေး တွေက အသန့် ကြိုက်လွန်းတာကြောင့်ကြော်ငြာ ကောင်းတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည် တွေကို အလွန်အကျွံ ဝယ်သုံးမိတတ်ကြပါတယ်။

မိန်းမကိုယ် ကိုအလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကိုထိခိုက်စေပြီး မိန်းမကိုယ် မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှားလိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှာ တွေကိုမတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင်လွယ်စေပါတယ်။

အဖြူဆင်း များခြင်း
အဖြူဆင်း များ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်း တာ များတတ်ပါတယ်။

အဖြူဆင်း ခြင်းနှင့် ပိုးစွဲ ကပ်ခြင်း
မိန်းမကိုယ် မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်း တဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ် မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ အမျိုးသား နဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။ မိန်းမကိုယ် ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ

ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါTampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top