iMyanmarHouse.com - Best Property Website for Myanmar
×

လူ ေတာ္ေတာ္ မ်ားမ်ား က အဆီမရွိတဲ့ ကိုယ္ခႏၶာကို လိုခ်င္က်ပါတယ္ ။ အစာ အေသာက္ ေနထိုင္ပုံ အနည္းငယ္ ေျပာင္းလဲ လိုက္ တာနဲ႔ တစ္ပတ္ အတြင္း ကိုယ္ အေလးခ်ိန္ ၁၀ ေပါင္ က်ေစမယ့္ နည္းလမ္းေကာင္းကို ေဖာ္ျပလိုက္ပါတယ္ ။ ေအာက္ပါ အတိုင္း တစ္ေန႔တာ စားေသာက္ေပးပါက ေသခ်ာပါတယ္ ။ တစ္ပတ္ ျပည့္တဲ့ အခ်ိန္ ကိုယ္အေလးခ်ိန္ သိသိ သာသာက်ဆင္းသြားမွာပါ ။

မနက္စာ
အသီး အႏွံကို အဓိက ထား စားေပးပါ ။ မနက္ခင္းဆို တာ အသီးအႏွံ စားသုံးေပးဖို႔ အသင့္ေလ်ာ္ဆုံးပါ ။ အသီးမွာ ပါဝင္တဲ့ သၾကားဓါတ္က ကိုယ္ခႏၶာထဲကို အလြယ္တကူ ဝင္ေရာက္သြားနိုင္စြမ္း ရွိတဲ့ အတြက္ပါ ။ လိေမၼာ္သီး ၊ ပန္းသီး ၊ သစ္ေတာ္သီး ၊ ဌက္ေပ်ာ္သီး နဲ႔ တျခား မိမိ ႏွစ္သက္ရာ အသီးမ်ားကို ၂ လုံးခန္႔ စားေပးနိုင္ပါတယ္ ။ သေဘၤာသီးတို႔ ဖရဲသီးတို႔ ဆိုရင္ေတာ့ ခ်င့္ခ်ိန္စားေပးပါ ။ တကယ္လို႔ ဗိုက္ သိပ္မဝဘူးဆိုရင္ အေစ့ အဆံေတြကို စားေပးနိုင္ပါတယ္ ။

ေန႔လည္စာ
အသား တစ္မ်ိဳး မ်ိဳး ကို ခ်က္ျပဳတ္ထားတာ စားေပးပါ ။ ဒိန္ခ်ဥ္လိုမ်ိဳး နို႔ကို အခ်ဥ္ေဖာက္ထားတာကို ၂ ခြက္ ေလာက္ ေသာက္ေပးပါ ။ ကိုယ့္ကန္႔သတ္ခ်က္နဲ႔ ကိုယ္စားေပးပါ ။ မနက္စာ မဝဘူး ဆိုၿပီး အလြန္
မစားပါနဲ႔ ။ ခရင္မီပါတဲ့ အစာေတြ ကို ေရွာင္ပါ ။ ဟင္းသီး ဟင္းရြက္ ကို လည္း စားေပး ပါ ။

ညစာ
ညစာ ကေတာ့ တစ္ေန႔တာလုံး အတြက္ ေနာက္ဆုံး စားေပးတဲ့ အစာပါ ။ သတိထားပါ ။ အစာကို ညေန ၆ နာရီ ေနာက္ဆုံးထားစားေပးပါ ။ အဲ့ဒီထက္ လုံးဝ ပိုၿပီး ေနာက္ မက် ပါေစနဲ႔ ။ ညစာ အျဖစ္ ၾကက္ဥျပဳတ္ ၂လုံး ၊ သခြါးသီး အသုတ္ တို႔လို မ်ိဳး ၊ အစိမ္းသုတ္ ၊ အရြက္သုတ္ တို႔ကို စားေပးပါ ။ ည ၆ နာရီ က စၿပီး မအိပ္ခင္ အခ်ိန္ ထိ က အခက္ခဲဆုံး အခ်ိန္ ေတြပါပဲ ။ ခါတိုင္းလို အစာ စားခ်င္တိုင္း လည္း စားလို႔ မျဖစ္ပါဘူး ။ ကိုယ္ အေလးခ်ိန္ ေလၽွာ့ခ်ေနတဲ့ ကာလ ျဖစ္လို႔ ဗိုက္ဆာ ေနေပမယ့္ ေတာင့္ခံ ရမွာပါ ။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔ ။ လူတစ္ေယာက္ တစ္ေန႔တာ လိုအပ္တဲ့ အာဟာရေတြ လုံေလာက္ေအာင္ စားထားေပးတဲ့ အတြက္ အားျပတ္တာေတာ့ ျဖစ္မွာ မဟုတ္ပါဘူး ။ ဗိုက္ဆာ႐ုံေလးပဲ ျဖစ္မွာပါ ။

ညလယ္စာ
ညစာ စားၿပီးခ်ိန္ မွာ ေရေႏြး တစ္လီတာ ကို လက္ဖက္စိမ္း ၄ ထုတ္နဲ႔ စိမ္ၿပီး မအိပ္ခင္ ေသာက္ေပးပါ ။ တစ္ညကို လက္ဖက္စိမ္း ေရေႏြးၾကမ္း တစ္လီတာ ကုန္ေအာင္ ေသာက္ေပးပါ ။

Credit  : ayesay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူ တော်တော် များများ က အဆီမရှိတဲ့ ကိုယ်ခန္ဓာကို လိုချင်ကျပါတယ် ။ အစာ အသောက် နေထိုင်ပုံ အနည်းငယ် ပြောင်းလဲ လိုက် တာနဲ့ တစ်ပတ် အတွင်း ကိုယ် အလေးချိန် ၁၀ ပေါင် ကျစေမယ့် နည်းလမ်းကောင်းကို ဖော်ပြလိုက်ပါတယ် ။ အောက်ပါ အတိုင်း တစ်နေ့တာ စားသောက်ပေးပါက သေချာပါတယ် ။ တစ်ပတ် ပြည့်တဲ့ အချိန် ကိုယ်အလေးချိန် သိသိ သာသာကျဆင်းသွားမှာပါ ။

မနက်စာ
အသီး အနှံကို အဓိက ထား စားပေးပါ ။ မနက်ခင်းဆို တာ အသီးအနှံ စားသုံးပေးဖို့ အသင့်လျော်ဆုံးပါ ။ အသီးမှာ ပါဝင်တဲ့ သကြားဓါတ်က ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်ရောက်သွားနိုင်စွမ်း ရှိတဲ့ အတွက်ပါ ။ လိမ္မော်သီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ ဌက်ပျော်သီး နဲ့ တခြား မိမိ နှစ်သက်ရာ အသီးများကို ၂ လုံးခန့် စားပေးနိုင်ပါတယ် ။ သင်္ဘောသီးတို့ ဖရဲသီးတို့ ဆိုရင်တော့ ချင့်ချိန်စားပေးပါ ။ တကယ်လို့ ဗိုက် သိပ်မဝဘူးဆိုရင် အစေ့ အဆံတွေကို စားပေးနိုင်ပါတယ် ။

နေ့လည်စာ
အသား တစ်မျိုး မျိုး ကို ချက်ပြုတ်ထားတာ စားပေးပါ ။ ဒိန်ချဉ်လိုမျိုး နို့ကို အချဉ်ဖောက်ထားတာကို ၂ ခွက် လောက် သောက်ပေးပါ ။ ကိုယ့်ကန့်သတ်ချက်နဲ့ ကိုယ်စားပေးပါ ။ မနက်စာ မဝဘူး ဆိုပြီး အလွန်
မစားပါနဲ့ ။ ခရင်မီပါတဲ့ အစာတွေ ကို ရှောင်ပါ ။ ဟင်းသီး ဟင်းရွက် ကို လည်း စားပေး ပါ ။

ညစာ
ညစာ ကတော့ တစ်နေ့တာလုံး အတွက် နောက်ဆုံး စားပေးတဲ့ အစာပါ ။ သတိထားပါ ။ အစာကို ညနေ ၆ နာရီ နောက်ဆုံးထားစားပေးပါ ။ အဲ့ဒီထက် လုံးဝ ပိုပြီး နောက် မကျ ပါစေနဲ့ ။ ညစာ အဖြစ် ကြက်ဥပြုတ် ၂လုံး ၊ သခွါးသီး အသုတ် တို့လို မျိုး ၊ အစိမ်းသုတ် ၊ အရွက်သုတ် တို့ကို စားပေးပါ ။ ည ၆ နာရီ က စပြီး မအိပ်ခင် အချိန် ထိ က အခက်ခဲဆုံး အချိန် တွေပါပဲ ။ ခါတိုင်းလို အစာ စားချင်တိုင်း လည်း စားလို့ မဖြစ်ပါဘူး ။ ကိုယ် အလေးချိန် လျှော့ချနေတဲ့ ကာလ ဖြစ်လို့ ဗိုက်ဆာ နေပေမယ့် တောင့်ခံ ရမှာပါ ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ။ လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေ လုံလောက်အောင် စားထားပေးတဲ့ အတွက် အားပြတ်တာတော့ ဖြစ်မှာ မဟုတ်ပါဘူး ။ ဗိုက်ဆာရုံလေးပဲ ဖြစ်မှာပါ ။

ညလယ်စာ
ညစာ စားပြီးချိန် မှာ ရေနွေး တစ်လီတာ ကို လက်ဖက်စိမ်း ၄ ထုတ်နဲ့ စိမ်ပြီး မအိပ်ခင် သောက်ပေးပါ ။ တစ်ညကို လက်ဖက်စိမ်း ရေနွေးကြမ်း တစ်လီတာ ကုန်အောင် သောက်ပေးပါ ။

Credit  : ayesay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top