iMyanmarHouse.com - Best Property Website for Myanmar
×

သံပရာသီးဟာ ဗီတာမင္ စီ အရမ္းကိုၾကြယ္ဝတဲ့ အရည္ရႊမ္းသီးျဖစ္ပါတယ္။ သူ႔မွာ အမွ်င္ဓာတ္နဲ႔ ကယ္လ္စီယမ္၊ သံဓာတ္၊ ပိုတက္စီယမ္၊ ေကာ့ပါး၊ မဂၢနီဆီယမ္တို႔လို သတၳဳဓာတ္ေတြၾကြယ္ဝစြာပါရွိတဲ့အျပင္ အခြံမွာလည္း polyphenol(ပိုလီဖီေနာ္လ္) နဲ႔ terpene(တာပန္း) တို႔လို phytochemical(ဖိုင္တိုကမ္မီကယ္လ္) ဓာတ္ေတြပါဝင္ပါတယ္။

ျမန္မာ့ရိုးရာအစားအစာေတြမွာက အသီးအရြက္သုပ္ေလးေတြစားေလ့ရွိၾကတဲ့အခါ သံပရာသီးနဲ႔မန္က်ည္းသီးကို သံုးၾကပါတယ္။ သံပရာသီးက ေမႊးတာေၾကာင့္ အနံ႔အသက္ကိုလည္းထိန္းပါတယ္။ အအီစာေတြ စားျပီးတဲ့အခါ ဒါမွမဟုတ္ ေခါင္းမူးတဲ့အခါ သံပရာေရကို ေဖ်ာ္ေသာက္လိုက္ရင္ ၾကည္လင္းလန္းဆန္းေစနိုင္စြမ္းရွိပါတယ္။ ခရီးသြားရင္ေတာင္မွ သံပရာသီးေလး အိတ္ထဲေဆာင္သြားရင္ပဲ ရွဴေဆးဘူးမလိုေတာ့ပါဘူး၊ ကားမူးရင္ ရွဴလိုက္ရံုပဲ။ ဒီထက္မကတဲ့ နည္းလမ္းေပါင္းစံုနဲ႔ အသံုးဝင္လွတဲ့ သံပရာသီးက က်န္းမာေရးအတြက္ေရာ ဘယ္လိုအက်ိဳးေက်းဇူးေတြရွိေနသလဲဆိုတာ ဆက္ၾကည့္လိုက္ရေအာင္။

Scurvy(စကာဗီ) ေရာဂါ

သံပရာသီးက ဗီတာမင္ စီ ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္ရတဲ့ scurvy(စကာဗီ) လို႔ေခၚတဲ့ေရာဂါကို ကုသနုိင္ပါတယ္။ ဒီေရာဂါရွိေနရင္ သာမန္အေအးမိေဝဒနာေတြ၊ မၾကာခဏဖ်ားနာတာေတြ ၾကံဳေနရသလို ႏႈတ္ခမ္းကြဲတာ၊ က်ီးကန္းပါးစပ္အနာ၊ လွ်ာနဲ႔ခံတြင္းထဲမွာ အနာေလးေတြျဖစ္တာေတြ ရွိလာတတ္ပါတယ္။ သြားဖံုးေတြေရာင္ေနတာ၊ ေသြးယိုတာေတြ မၾကာခဏျဖစ္တတ္ရင္လည္း ဆရာဝန္ျပျပီး စစ္ေဆးၾကည့္သင့္ပါတယ္။

အသားအေရထိန္းသိမ္းမႈ

ေဆးဖက္ဝင္ သံပရာသီးကို အရည္ေဖ်ာ္ေသာက္လို႔ရသလို အေရျပားမွာလည္း နည္းအမ်ိဳးမ်ိဳးနဲ႔သံုးလို႔ရပါတယ္။ ဗီတာမင္ စီ ေၾကာင့္ အသားအေရကို အသစ္ျပန္လည္ေမြးဖြားေစျပီး ေရာဂါကူးစက္ခံရမႈကိုကာကြယ္ေပးတယ္။ ခႏၶာကိုယ္ေခြ်းနံ႔ကိုလည္း သက္သာေလ်ာ့ပါးေစပါတယ္။ သံပရာသီးမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ပဋိဇီဝ ပိုးသတ္အာနိသင္ေတြပါဝင္တဲ့အတြက္ အသားအေရမွာ အသံုးျပဳတဲ့အခါ အေရျပားဆဲလ္ေသေတြကို ပြတ္တိုက္ဖယ္ရွားရာမွာအစြမ္းထက္ပါတယ္။ ေဗာက္ေတြ၊ အေရျပားနီျမန္းမႈေတြကို လည္း သက္သာေပ်ာက္ကင္းေစပါတယ္။ ေရခ်ိဳးတဲ့အခါ သံပရာရည္ေလးနည္းနည္းထည့္ခ်ိဳးရံုနဲ႔ေတာင္ အသားအေရကို ရွင္းသန္႔လန္းဆန္းေစနုိုင္ပါတယ္။

အစာေခ်ဖ်က္နိုင္စြမ္း

သံပရာသီးက သင့္ခံတြင္းမွာ တံေထြးပိုထြက္ေစနိုင္တဲ့ အတြက္ အစာေခ်ဖ်က္မႈကို အေထာက္အကူေပးပါတယ္။ သံပရာရဲ႕သဘာဝအက္စစ္ဓာတ္နဲ႔ flavonoids(ဖလဖ္ဗိုနိြက္စ္) ဓာတ္ေတြေၾကာင့္ အစာေခ်စနစ္ကို ႏိႈးဆြေပးျပီး အစာေခ်ရည္နဲ႔အက္စစ္ေတြပိုထြက္ေစပါတယ္။ ဒါ့ေၾကာင့္ပဲ အိႏိၵယနဲ႔အိမ္နီးခ်င္းနုိင္ငံေတြမွာ  ထမင္းစားတိုင္း သံပရာသီးသနပ္ပါဝင္ရတဲ့ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း

သံပရာသီးတစ္လံုးထည့္ႏွပ္ထားတဲ့ ေရေႏြးတစ္ခြက္ဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္သလို ေခါင္းၾကည္လန္းဆန္းေစတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးလည္းျဖစ္ပါတယ္။ တစ္ေန႔ႏွစ္ခြက္ေသာက္ရံုနဲ႔ တစ္ပတ္အတြင္း သိသာတဲ့ရလဒ္ကိုရရွိနုိင္တယ္လို႔ ဆိုၾကပါတယ္။

ဝမ္းခ်ဳပ္ျခင္း

သံပရာသီးမွာပါတဲ့အက္စစ္ဓာတ္က အစာေခ်လမ္းေၾကာင္းကို သန္႔ရွင္းေစဖို႔အေထာက္အကူေပးတဲ့အျပင္ ဝမ္းခ်ဳပ္ျခင္းကိုလည္း သက္သာေစပါတယ္။ ဒါ့ေၾကာင့္ သံပရာရည္ထဲ ဆားခတ္ျပီးမ်ားမ်ားေသာက္ခ်ရင္ သဘာဝဝမ္းႏုတ္ေဆးအျဖစ္သံုးတာေတြလည္း ရွိပါတယ္။

ဆီးခ်ိဳေသြးခ်ိဳ

သံပရာသီးအပါအဝင္ အခ်ဥ္သီးေတြဟာ ဆီးခ်ဳိေသြးခ်ိဳေဝဒနာရွင္ေတြအတြက္ အရမ္းသင့္ေတာ္တဲ့အသီးအႏွံျဖစ္တယ္လို႔ အေမရိကန္ဆီးခ်ိဳေသြးခ်ိဳဆိုင္ရာအဖြဲ႕ၾကီးက ဆိုပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈမ်ားလို႔ ခႏၶာကိုယ္ရဲ႕သၾကားဓာတ္စုပ္ယူမႈကို ထိန္းညွိေပးျပီး ေသြးတြင္းသၾကားဓာတ္အတက္အက်အႏၱရာယ္အဆင့္မေရာက္ေစဖို႔ကာကြယ္ေပးပါတယ္။

ႏွလံုးေရာဂါ

ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိနိုင္တယ္ဆိုတဲ့ အမွ်င္ဓာတ္ေၾကာင့္ပဲ ေသြးဖိအားကိုလည္းက်ေစျပီး ကိုလက္စထေရာေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ ဒါ့အျပင္ ေသြးေၾကာေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးေစတာေၾကာင့္ ႏွလံုးေရာဂါ၊ ႏွလံုးလုပ္ေဆာင္ခ်က္ရုတ္တရက္ ရပ္ဆိုင္းျခင္းနဲ႔ ေလျဖတ္ျခင္းတို႔ကို ကာကြယ္ေပးပါတယ္။

အသက္ရွဴလမ္းေၾကာင္းေရာဂါမ်ား

flavonoid(ဖလဖ္ဗိုႏိြက္စ္) ၾကြယ္ဝတဲ့သံပရာအဆီကို ပရုတ္ဆီ၊ inhaler ရွဴေဆး စတဲ့ သလိပ္ေပ်ာ္၊ ခြ်ဲေၾကေစတဲ့ေဆးဝါးေတြ(ေသာက္သံုးရန္မဟုတ္)မွာ အသံုးျပဳၾကပါတယ္။ သံပရာခြံကို ျခစ္ျပီးရွဴရင္ပဲ ရင္က်ပ္နဲ႔ မအီမသာျဖစ္ျခင္းကိုခ်က္ခ်င္းသက္သာေစနုိင္ပါတယ္။

အဆစ္နာျခင္း

အဆစ္နာျဖစ္ရျခင္းရဲ႕အေၾကာင္းရင္းေတြထဲက တစ္ခုက ခႏၶာကိုယ္ထဲမွာ ယူရစ္အက္စစ္ေတြမ်ားေနလို႔ျဖစ္ပါတယ္။ ယူရစ္အက္စစ္ဆိုတာ ခႏၶာကိုယ္ထဲကေန ဆီးနဲ႔အတူစြန္႔ထုတ္ဖယ္ရွားသင့္တဲ့ အရာေတြထဲ ပါဝင္ပါတယ္။ သံပရာသီးရဲ႕ ဆစ္ထရစ္အက္စစ္ က ယူရစ္အက္စစ္ေတြ ေပ်ာ္ဝင္နိုင္တဲ့ ေပ်ာ္ရည္ တစ္မ်ိဳးျဖစ္ျပီး ယူရစ္အက္စစ္ေတြကို ဆီးနဲ႔အတူပိုစြန္႔ထုတ္နိုင္ေစပါတယ္။

မ်က္စိက်န္းမာေရး

ဗီတာမင္ စီ ေၾကာင့္ပါပဲ မ်က္စိအျမင္အာရံုကို ရင့္ေရာ္ျခင္းလကၡဏာေတြနဲ႔ မႈန္ဝါးျခင္းတုိ႔အတြက္ ကာကြယ္ေပးနိုင္ပါတယ္။

အဖ်ားက်ေစျခင္း

ဖ်ားေနတဲ့သူတစ္ေယာက္အတြက္ သံပရာရည္က အရမ္းကိုအေထာက္အကူျဖစ္ေစနိုင္ပါတယ္။ အရည္ရႊမ္းတဲ့အခ်ဥ္သီးေတြက အမ်ားအားျဖင့္ အဖ်ားက်ေစနုိင္တဲ့အာနိသင္ရွိတာက ဗီတာမင္ စီ ၾကြယ္ဝမႈေၾကာင့္ သဘာဝအတိုင္း ခႏၶာကိုယ္အပူခ်ိန္ကို က်ေစတာျဖစ္ပါတယ္။

ေဂါက္ေရာဂါ

ေဂါက္ေရာဂါျဖစ္ရတဲ့အဓိကအေၾကာင္းရင္းႏွစ္ခုရွိပါတယ္။ ခႏၶာကိုယ္ထဲ free radicals ေတြမ်ားေနတာရယ္၊ တျခားအဆိပ္အေတာက္ဓာတ္ေတြမ်ားေနတာရယ္(အထူးသျဖင့္ ယူရစ္အက္စစ္)။ သံပရာသီးက ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ အဆိပ္အေတာက္ဖယ္ရွားေရးဓာတ္(ဗီတာမင္ C နဲ႔ flavonoid) ေတြပါဝင္လို႔ ဒါေတြကို ဖယ္ရွားေပးနုိင္ပါတယ္။

ဆီးလမ္းေၾကာင္းေရာဂါမ်ား

ပုိတက္စီယမ္ၾကြယ္ဝမႈေၾကာင့္ ေက်ာက္ကပ္နဲ႔ ဆီးအိမ္အတြင္း စုပံုေနတဲ့ အဆိပ္အေတာက္ဓာတ္ေတြကို ဖယ္ရွားရာမွာ ထိေရာက္တဲ့ အာနိသင္ရွိပါတယ္။ ေရာဂါပိုးေတြကိုေသေစနိုင္တဲ့အစြမ္းေၾကာင့္လည္း ဆီးလမ္းေၾကာင္းမွာပိုးဝင္ျခင္းကို ကုသေပးနိုင္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ ဆီးက်ိတ္ျဖစ္ေပၚမႈကို တားဆီးေပးျပီး ဆီးလမ္းေၾကာင္းအတြင္း ကယ္လ္စီယမ္စုပံုျခင္းေၾကာင့္ ပိတ္ဆို႔မႈကို ရွင္းလင္းေစပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓာတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်း polyphenol(ပိုလီဖီနော်လ်) နဲ့ terpene(တာပန်း) တို့လို phytochemical(ဖိုင်တိုကမ်မီကယ်လ်) ဓာတ်တွေပါဝင်ပါတယ်။

မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးက မွှေးတာကြောင့် အနံ့အသက်ကိုလည်းထိန်းပါတယ်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ် ခေါင်းမူးတဲ့အခါ သံပရာရေကို ဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါဘူး၊ ကားမူးရင် ရှူလိုက်ရုံပဲ။ ဒီထက်မကတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိနေသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Scurvy(စကာဗီ) ရောဂါ

သံပရာသီးက ဗီတာမင် စီ ချို့တဲ့မှုကြောင့် ဖြစ်ရတဲ့ scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ ကျီးကန်းပါးစပ်အနာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ်တာတွေ ရှိလာတတ်ပါတယ်။ သွားဖုံးတွေရောင်နေတာ၊ သွေးယိုတာတွေ မကြာခဏဖြစ်တတ်ရင်လည်း ဆရာဝန်ပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။

အသားအရေထိန်းသိမ်းမှု

ဆေးဖက်ဝင် သံပရာသီးကို အရည်ဖျော်သောက်လို့ရသလို အရေပြားမှာလည်း နည်းအမျိုးမျိုးနဲ့သုံးလို့ရပါတယ်။ ဗီတာမင် စီ ကြောင့် အသားအရေကို အသစ်ပြန်လည်မွေးဖွားစေပြီး ရောဂါကူးစက်ခံရမှုကိုကာကွယ်ပေးတယ်။ ခန္ဓာကိုယ်ချွေးနံ့ကိုလည်း သက်သာလျော့ပါးစေပါတယ်။ သံပရာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပဋိဇီဝ ပိုးသတ်အာနိသင်တွေပါဝင်တဲ့အတွက် အသားအရေမှာ အသုံးပြုတဲ့အခါ အရေပြားဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားရာမှာအစွမ်းထက်ပါတယ်။ ဗောက်တွေ၊ အရေပြားနီမြန်းမှုတွေကို လည်း သက်သာပျောက်ကင်းစေပါတယ်။ ရေချိုးတဲ့အခါ သံပရာရည်လေးနည်းနည်းထည့်ချိုးရုံနဲ့တောင် အသားအရေကို ရှင်းသန့်လန်းဆန်းစေနိုင်ပါတယ်။

အစာချေဖျက်နိုင်စွမ်း

သံပရာသီးက သင့်ခံတွင်းမှာ တံထွေးပိုထွက်စေနိုင်တဲ့ အတွက် အစာချေဖျက်မှုကို အထောက်အကူပေးပါတယ်။ သံပရာရဲ့သဘာဝအက်စစ်ဓာတ်နဲ့ flavonoids(ဖလဖ်ဗိုနွိက်စ်) ဓာတ်တွေကြောင့် အစာချေစနစ်ကို နှိုးဆွပေးပြီး အစာချေရည်နဲ့အက်စစ်တွေပိုထွက်စေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ  ထမင်းစားတိုင်း သံပရာသီးသနပ်ပါဝင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချခြင်း

သံပရာသီးတစ်လုံးထည့်နှပ်ထားတဲ့ ရေနွေးတစ်ခွက်ဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလို ခေါင်းကြည်လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးလည်းဖြစ်ပါတယ်။ တစ်နေ့နှစ်ခွက်သောက်ရုံနဲ့ တစ်ပတ်အတွင်း သိသာတဲ့ရလဒ်ကိုရရှိနိုင်တယ်လို့ ဆိုကြပါတယ်။

ဝမ်းချုပ်ခြင်း

သံပရာသီးမှာပါတဲ့အက်စစ်ဓာတ်က အစာချေလမ်းကြောင်းကို သန့်ရှင်းစေဖို့အထောက်အကူပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့ကြောင့် သံပရာရည်ထဲ ဆားခတ်ပြီးများများသောက်ချရင် သဘာဝဝမ်းနုတ်ဆေးအဖြစ်သုံးတာတွေလည်း ရှိပါတယ်။

ဆီးချိုသွေးချို

သံပရာသီးအပါအဝင် အချဉ်သီးတွေဟာ ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် အရမ်းသင့်တော်တဲ့အသီးအနှံဖြစ်တယ်လို့ အမေရိကန်ဆီးချိုသွေးချိုဆိုင်ရာအဖွဲ့ကြီးက ဆိုပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများလို့ ခန္ဓာကိုယ်ရဲ့သကြားဓာတ်စုပ်ယူမှုကို ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်အတက်အကျအန္တရာယ်အဆင့်မရောက်စေဖို့ကာကွယ်ပေးပါတယ်။

နှလုံးရောဂါ

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်တယ်ဆိုတဲ့ အမျှင်ဓာတ်ကြောင့်ပဲ သွေးဖိအားကိုလည်းကျစေပြီး ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောရောင်ရမ်းမှုတွေကို လျော့ပါးစေတာကြောင့် နှလုံးရောဂါ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက် ရပ်ဆိုင်းခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါများ

flavonoid(ဖလဖ်ဗိုနွိက်စ်) ကြွယ်ဝတဲ့သံပရာအဆီကို ပရုတ်ဆီ၊ inhaler ရှူဆေး စတဲ့ သလိပ်ပျော်၊ ချွဲကြေစေတဲ့ဆေးဝါးတွေ(သောက်သုံးရန်မဟုတ်)မှာ အသုံးပြုကြပါတယ်။ သံပရာခွံကို ခြစ်ပြီးရှူရင်ပဲ ရင်ကျပ်နဲ့ မအီမသာဖြစ်ခြင်းကိုချက်ချင်းသက်သာစေနိုင်ပါတယ်။

အဆစ်နာခြင်း

အဆစ်နာဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေထဲက တစ်ခုက ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်တွေများနေလို့ဖြစ်ပါတယ်။ ယူရစ်အက်စစ်ဆိုတာ ခန္ဓာကိုယ်ထဲကနေ ဆီးနဲ့အတူစွန့်ထုတ်ဖယ်ရှားသင့်တဲ့ အရာတွေထဲ ပါဝင်ပါတယ်။ သံပရာသီးရဲ့ ဆစ်ထရစ်အက်စစ် က ယူရစ်အက်စစ်တွေ ပျော်ဝင်နိုင်တဲ့ ပျော်ရည် တစ်မျိုးဖြစ်ပြီး ယူရစ်အက်စစ်တွေကို ဆီးနဲ့အတူပိုစွန့်ထုတ်နိုင်စေပါတယ်။

မျက်စိကျန်းမာရေး

ဗီတာမင် စီ ကြောင့်ပါပဲ မျက်စိအမြင်အာရုံကို ရင့်ရော်ခြင်းလက္ခဏာတွေနဲ့ မှုန်ဝါးခြင်းတို့အတွက် ကာကွယ်ပေးနိုင်ပါတယ်။

အဖျားကျစေခြင်း

ဖျားနေတဲ့သူတစ်ယောက်အတွက် သံပရာရည်က အရမ်းကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ အရည်ရွှမ်းတဲ့အချဉ်သီးတွေက အများအားဖြင့် အဖျားကျစေနိုင်တဲ့အာနိသင်ရှိတာက ဗီတာမင် စီ ကြွယ်ဝမှုကြောင့် သဘာဝအတိုင်း ခန္ဓာကိုယ်အပူချိန်ကို ကျစေတာဖြစ်ပါတယ်။

ဂေါက်ရောဂါ

ဂေါက်ရောဂါဖြစ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ ခန္ဓာကိုယ်ထဲ free radicals တွေများနေတာရယ်၊ တခြားအဆိပ်အတောက်ဓာတ်တွေများနေတာရယ်(အထူးသဖြင့် ယူရစ်အက်စစ်)။ သံပရာသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အဆိပ်အတောက်ဖယ်ရှားရေးဓာတ်(ဗီတာမင် C နဲ့ flavonoid) တွေပါဝင်လို့ ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းရောဂါများ

ပိုတက်စီယမ်ကြွယ်ဝမှုကြောင့် ကျောက်ကပ်နဲ့ ဆီးအိမ်အတွင်း စုပုံနေတဲ့ အဆိပ်အတောက်ဓာတ်တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ အာနိသင်ရှိပါတယ်။ ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းကြောင့်လည်း ဆီးလမ်းကြောင်းမှာပိုးဝင်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ဖြစ်ပေါ်မှုကို တားဆီးပေးပြီး ဆီးလမ်းကြောင်းအတွင်း ကယ်လ်စီယမ်စုပုံခြင်းကြောင့် ပိတ်ဆို့မှုကို ရှင်းလင်းစေပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top