iMyanmarHouse.com - Best Property Website for Myanmar
×

အျမဲတမ္း ႐ိုး႐ိုးယဥ္ယဥ္ေလးသာ ဝတ္ဆင္တဲ့ သ႐ုပ္ေဆာင္ ခုိင္ႏွင္းေ၀က မေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္) ေန႔မွာ လူငယ္ဆန္ဆန္ပံုေလးနဲ႔ ဓာတ္ပံုေလးေတြတင္လိုက္တာ အားလံုး မင္သက္ေငးေမာသြားရၿပီး မ်က္ႏွာခြဲစိတ္ျပဳျပင္ထားတယ္လို႔ ထင္ၾကတဲ့သူေတြေတာင္ ရွိေနပါတယ္။

“တခ်ိဳ႕ပရိသတ္ေတြက မ်က္ႏွာခြဲစိတ္ျပဳျပင္ထားတယ္ေျပာၾကတယ္။ ကြ်န္မ မ်က္ႏွာ ဘာမွမခြဲစိတ္ထားပါဖူးရွင္။ ဝိတ္နည္းနည္းက်သြားတာရယ္ ဆံပင္ပံုစံနဲ႔ မိတ္ကပ္ ေျပာင္းသြားတာေၾကာင့္ပါ” လို႔ ခိုင္ႏွင္းေဝက သူမရဲ႕ေဖ့စ္ဘြတ္ကေန ျပန္လည္ ေျဖရွင္းထားပါတယ္။

အသားညိဳေခ်ာေလး ခုိင္ႏွင္းေဝဟာ မ်က္လံုး၊ႏႈတ္ခမ္းနဲ႔ ႏွာတံလွတဲ့အျပင္ ရယ္လိုက္ရင္လည္း ပါးခ်ဳိင့္ေလးနဲ႔ ျဖဴေဖြးညီညာတဲ့သြားေလးေတြေၾကာင့္ ပရိသတ္ အသည္းစြဲခဲ့ရတဲ့ မင္းသမီးတစ္လက္ပါ။ ဆံပင္ကလည္း အရမ္းေကာင္းၿပီး တင္ပါးဖံုးတဲ့အထိ ရွည္ခဲ့ပါတယ္။

အခုေနာက္ပိုင္းမွာေတာ့ သူမဟာ ပရဟိတကိုသာ အဓိကလုပ္ေဆာင္ေနၿပီး ဆံပင္တိုတိုေလးပဲထားကာ အျမဲတမ္း လူႀကီးဆန္ဆန္ ဝတ္ဆင္ေနတာကိုေတြ႕ရတဲ့အတြက္ အခုလို ႐ုတ္တရက္ပံုစံေျပာင္းသြားေတာ့ လူေတြက ထင္ေယာင္ထင္မွားျဖစ္ၾကတာပါ။

ခိုင္ႏွင္းေဝဟာ ကေလးသူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ သူမတတ္စြမ္းသေလာက္ အားတက္သေရာ ပါဝင္ကူညီေဆာင္ရြက္ေပးသူ တစ္ဦးလည္းျဖစ္ပါတယ္။

ပရဟိတအလုပ္ေတြကို တစိုက္မက္မက္လုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ခုိင္ႏွင္းေဝက သက္ငယ္မုဒိမ္းမႈေတြ ပေပ်ာက္ဖို႔ အစြမ္းကုန္ ေဆာင္ရြက္သြားမယ္လို႔ သံႏ႖ိ႒ာန္ခ်ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photos : ခုိင္ႏွင္းေဝ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမြဲတမ်း ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်ဆင်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက မနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နေ့မှာ လူငယ်ဆန်ဆန်ပုံလေးနဲ့ ဓာတ်ပုံလေးတွေတင်လိုက်တာ အားလုံး မင်သက်ငေးမောသွားရပြီး မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့ ထင်ကြတဲ့သူတွေတောင် ရှိနေပါတယ်။

“တချို့ပရိသတ်တွေက မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ပြောကြတယ်။ ကျွန်မ မျက်နှာ ဘာမှမခွဲစိတ်ထားပါဖူးရှင်။ ဝိတ်နည်းနည်းကျသွားတာရယ် ဆံပင်ပုံစံနဲ့ မိတ်ကပ် ပြောင်းသွားတာကြောင့်ပါ” လို့ ခိုင်နှင်းဝေက သူမရဲ့ဖေ့စ်ဘွတ်ကနေ ပြန်လည် ဖြေရှင်းထားပါတယ်။

အသားညိုချောလေး ခိုင်နှင်းဝေဟာ မျက်လုံး၊နှုတ်ခမ်းနဲ့ နှာတံလှတဲ့အပြင် ရယ်လိုက်ရင်လည်း ပါးချိုင့်လေးနဲ့ ဖြူဖွေးညီညာတဲ့သွားလေးတွေကြောင့် ပရိသတ် အသည်းစွဲခဲ့ရတဲ့ မင်းသမီးတစ်လက်ပါ။ ဆံပင်ကလည်း အရမ်းကောင်းပြီး တင်ပါးဖုံးတဲ့အထိ ရှည်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ သူမဟာ ပရဟိတကိုသာ အဓိကလုပ်ဆောင်နေပြီး ဆံပင်တိုတိုလေးပဲထားကာ အမြဲတမ်း လူကြီးဆန်ဆန် ဝတ်ဆင်နေတာကိုတွေ့ရတဲ့အတွက် အခုလို ရုတ်တရက်ပုံစံပြောင်းသွားတော့ လူတွေက ထင်ယောင်ထင်မှားဖြစ်ကြတာပါ။

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photos : ခိုင်နှင်းဝေ FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top