iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္ေတြက သင့္ခႏၶာကိုယ္ အားအင္ျပည့္ၿဖိဳးဖို႔အတြက္ ေမွာ္ဆန္ေလာက္ေအာင္ ျပဳလုပ္မေပးႏုိင္ေပမယ့္ အစားစားလိုက္ရတဲ့အတြက္ ခ်က္ျခင္းေပ်ာ္ရႊင္သြားတာမ်ိဳးေတာ့ လုပ္ႏုိင္ပါတယ္။ သင္အေနနဲ႔ လန္းဆန္းမႈမရွိဘူးဆိုရင္ ေအာက္ေဖာ္ျပပါ အစားအေသာက္ (၃) မ်ိဳး စားၾကည့္ဖို႔ အၾကံျပဳပါတယ္။

(၁) အမဲေရာင္ေခ်ာကလက္

အမဲေရာင္ေခ်ာကလက္က အန္တီေအာက္စီဒန္႔ေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ သင့္ေသြးေၾကာေတြကို သက္ေသာင့္သက္သာ ျဖစ္ေစၿပီး ေသြးခုန္ႏႈန္း က်န္းမာေစတဲ့အျပင္ ေသြးလည္ပတ္မႈလည္း ေကာင္ေစးပါတယ္။ သုေတသနတစ္ခုကေတာ့ စိတ္ဖိအားမ်ားတဲ့လူေတြအတြက္ တေန႔ကို အမဲေရာင္ေခ်ာကလက္တစ္ေအာင္စ (သို႔) ေအာင္စဝက္ စားရင္ စိတ္ဖိအားမ်ားေစတဲ့ ဟိုမုန္းအဆင့္ေတြကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ဆိုထားပါတယ္။

ဒီထက္ပုိေျပာရရင္ အမဲေရာင္ေခ်ာကလက္မွာ မဂၢနီဆီယံနဲ႔ သတၱဳဓါတ္ေတြပါတဲ့အတြက္ PMS ေသြးဆံုးၿပီးရင္ ခံစားရတတ္တဲ့ လကၡဏာေတြျဖစ္တဲ့ ေမာပန္းျခင္း၊ စိတ္က်ျခင္းနဲ႔ ပူပန္စိုးရိမ္ေနျခင္း မျဖစ္ေအာင္ ေလွ်ာ့ခ်ေပးပါတယ္။ အမဲေရာင္ေခ်ာကလက္ထဲမွာပါတဲ့ တန္ဖိုးရွိတဲ့ သဘာဝ ပစၥည္းေလးတစ္ခုက သင့္ကို သုခဘံုတစ္ခုေရာက္ေနသလိုမ်ိဳး လႈံေဆာ္ေပးႏုိင္ပါတယ္။

(၂) မႈိ

မႈိက အထူးအစားအစာျဖစ္ၿပီး ကိုယ့္ရဲ႕စိတ္အေျခအေနကို ေျပာင္းဖို႔အတြက္ မ်ားစြာေသာ အာဟာရဓါတ္ေတြ ပါဝင္ပါတယ္။ မႈိက ဆီလီနီယံဓါတ္ေတြ အမ်ားႀကီးပါဝင္ပါတယ္။ ဒီဓါတ္ခ်ိဳ႕တဲ့ျခင္း လကၡဏာေတြကေတာ့ စိတ္က်ျခင္း၊ ေမာပန္းျခင္း၊ စိုးရိမ္ပူပန္ျခင္းေတြ ျဖစ္ပါတယ္။

မႈိေတြမွာ လူ႔ခႏၶာကိုယ္အတြက္ လိုအပ္ခ်က္တစ္ခုျဖစ္တဲ့ ဗီတာမင္ ဒီ အျပည့္အဝ ပါဝင္ပါတယ္။ ဗီတာမင္ဒီမ်ားမ်ား စားတာက စိတ္အေျခအေနကို ပိုေကာင္းေစပါတယ္။ ဒါေၾကာင့္ ဗီတာမင္ဒီမ်ားမ်ား လိုအပ္ခဲ့ရင္ေတာ့ မႈိမ်ားမ်ားစားပါ။

(၃) ေကာ္ဖီ

တစ္ခါတစ္ေလမွာ ေကာ္ဖီႀကိဳက္သူေတြရဲ႕ အေပၚယံပံုသ႑န္က ခက္ထန္ပံုေပါက္ႏိုင္ပါတယ္။ သုေတသနသမားေတြကေတာ့ ေကာ္ဖီမွာပါတဲ့ ကဖင္းဓါတ္ပံုမွန္ရရွိေနမယ္ဆုိရင္ အေကာင္းျမင္စိတ္ကို တိုးပြားေစႏုိင္တယ္လုိ႔ ဆုိပါတယ္။ သုေတသနစစ္တမ္းတစ္ခုကေတာ့ မနက္ခင္းေကာ္ဖီေသာက္တာက အားအင္ျပည့္ၿဖိဳးမႈ၊ ခ်စ္ခင္ၾကင္နာမႈ၊ ေပ်ာ္ရႊင္ေက်နပ္မႈေတြနဲ႔ ခ်ိတ္ဆက္ေနတယ္လို႔ ေျပာပါတယ္။

သူငယ္ခ်င္းေတြ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေကာ္ဖီအတူတူေသာက္ျခင္းျဖင့္ ေကာင္းမြန္တဲ့ အခ်ိန္ေလးေတြပုိင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။ ေကာ္ဖီကို အားလပ္ခ်ိန္မွာ ေသာက္ျခင္းက ေဆးေဆးမႈနဲ႔ ေပ်ာ္ရႊင္မႈ ရႏုိင္ပါတယ္။

သင့္စားတဲ့ အစားအေသာက္ေတြက သင့္ခႏၶာကိုယ္နဲ႔ သင့္ခံစားခ်က္ေတြအေပၚ သက္ေရာက္မႈ ႀကီးပါတယ္။ တခါတေလမွာ စိတ္ေပ်ာ္ရႊင္ဖို႔ ခ်က္ျခင္းလုိပါတယ္။ ဒါေပမယ့္လည္း ေရရွည္မွာေတာ့ အစားအေသာက္တစ္မ်ိဳးတည္း ေရြးစားတာထက္ အားလံုးမွ်မွ်တတျဖစ္ဖို႔ လိုပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစားအသောက်တွေက သင့်ခန္ဓာကိုယ် အားအင်ပြည့်ဖြိုးဖို့အတွက် မှော်ဆန်လောက်အောင် ပြုလုပ်မပေးနိုင်ပေမယ့် အစားစားလိုက်ရတဲ့အတွက် ချက်ခြင်းပျော်ရွှင်သွားတာမျိုးတော့ လုပ်နိုင်ပါတယ်။ သင်အနေနဲ့ လန်းဆန်းမှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ အစားအသောက် (၃) မျိုး စားကြည့်ဖို့ အကြံပြုပါတယ်။

(၁) အမဲရောင်ချောကလက်

အမဲရောင်ချောကလက်က အန်တီအောက်စီဒန့်တွေ အများကြီးပါဝင်တဲ့အတွက် သင့်သွေးကြောတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး သွေးခုန်နှုန်း ကျန်းမာစေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်စေးပါတယ်။ သုတေသနတစ်ခုကတော့ စိတ်ဖိအားများတဲ့လူတွေအတွက် တနေ့ကို အမဲရောင်ချောကလက်တစ်အောင်စ (သို့) အောင်စဝက် စားရင် စိတ်ဖိအားများစေတဲ့ ဟိုမုန်းအဆင့်တွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီထက်ပိုပြောရရင် အမဲရောင်ချောကလက်မှာ မဂ္ဂနီဆီယံနဲ့ သတ္တုဓါတ်တွေပါတဲ့အတွက် PMS သွေးဆုံးပြီးရင် ခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းခြင်း၊ စိတ်ကျခြင်းနဲ့ ပူပန်စိုးရိမ်နေခြင်း မဖြစ်အောင် လျှော့ချပေးပါတယ်။ အမဲရောင်ချောကလက်ထဲမှာပါတဲ့ တန်ဖိုးရှိတဲ့ သဘာဝ ပစ္စည်းလေးတစ်ခုက သင့်ကို သုခဘုံတစ်ခုရောက်နေသလိုမျိုး လှုံဆော်ပေးနိုင်ပါတယ်။

(၂) မှို

မှိုက အထူးအစားအစာဖြစ်ပြီး ကိုယ့်ရဲ့စိတ်အခြေအနေကို ပြောင်းဖို့အတွက် များစွာသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ မှိုက ဆီလီနီယံဓါတ်တွေ အများကြီးပါဝင်ပါတယ်။ ဒီဓါတ်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ စိတ်ကျခြင်း၊ မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ပါတယ်။

မှိုတွေမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဗီတာမင် ဒီ အပြည့်အဝ ပါဝင်ပါတယ်။ ဗီတာမင်ဒီများများ စားတာက စိတ်အခြေအနေကို ပိုကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဒီများများ လိုအပ်ခဲ့ရင်တော့ မှိုများများစားပါ။

(၃) ကော်ဖီ

တစ်ခါတစ်လေမှာ ကော်ဖီကြိုက်သူတွေရဲ့ အပေါ်ယံပုံသဏ္ဍန်က ခက်ထန်ပုံပေါက်နိုင်ပါတယ်။ သုတေသနသမားတွေကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ပုံမှန်ရရှိနေမယ်ဆိုရင် အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနစစ်တမ်းတစ်ခုကတော့ မနက်ခင်းကော်ဖီသောက်တာက အားအင်ပြည့်ဖြိုးမှု၊ ချစ်ခင်ကြင်နာမှု၊ ပျော်ရွှင်ကျေနပ်မှုတွေနဲ့ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။

သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူသောက်ခြင်းဖြင့် ကောင်းမွန်တဲ့ အချိန်လေးတွေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီကို အားလပ်ချိန်မှာ သောက်ခြင်းက ဆေးဆေးမှုနဲ့ ပျော်ရွှင်မှု ရနိုင်ပါတယ်။

သင့်စားတဲ့ အစားအသောက်တွေက သင့်ခန္ဓာကိုယ်နဲ့ သင့်ခံစားချက်တွေအပေါ် သက်ရောက်မှု ကြီးပါတယ်။ တခါတလေမှာ စိတ်ပျော်ရွှင်ဖို့ ချက်ခြင်းလိုပါတယ်။ ဒါပေမယ့်လည်း ရေရှည်မှာတော့ အစားအသောက်တစ်မျိုးတည်း ရွေးစားတာထက် အားလုံးမျှမျှတတဖြစ်ဖို့ လိုပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top