iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun

ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကတော့ ဖခင်ရဲ့ အင်တာဗျူး တစ်ခုကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်တဲ့။ ဒိန်းပိုပိုဒေါင်နဲ့ အတူ မဖွယ်မရာ ပြုလုပ်ခံရသူ အမျိုးသမီးငယ်များက ဗေဒင်ဆရာကို တရားစွဲဆိုခဲ့သလို ဗေဒင်ဆရာ အောင်ချစ်ပို ကလည်း ဒိန်းပိုပိုဒေါင်ကို အသရေဖျက်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြန်ပြီး တရားစွဲခဲ့ပါတယ်။

အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒိန်းဒေါင်အနေနဲ့ Duwun မှာ ဖြေဆိုခဲ့ရင်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျခဲ့ တာနဲ့ ပတ်သက်ပြီး ဒိန်းပိုပိုဒေါင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

“ဖေကြီးငိုနေတာမြင်တော့ စိတ်မကောင်းဘူး ပိုပို့ကြောင့်ဖြစ်ရတယ်ဆိုပေမယ့် မလုပ်လို့လဲမရဘူးလေ..ဒီလိုလူတွေကို မနှိမ်နင်းနိုင်သရွေ့ တော့ ဆက်ရှိနေဦးမှာပဲမို့ ရဲရဲဝံ့ဝံ့အရှေ့ထွက်လိုက်ရတာပါ “ဆိုပြီး ရေးခဲ့တာပါ။

ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စမ်းချောင်းရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပြီး ပုဒ်မ၅၀၉ နဲ့ ၃၅၄ ပါ ကိုယ်ထိလက်ရောက်နဲ့ နှုတ်ဖြင့်စော်ကားခြင်း ဆိုပြီးတော့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီ တရားစွဲဆိုမှုကြောင့်ပဲ ဗေဒင်ဆရာ အောင်ချစ်ပိုက ပြန်လည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Photo : ဒိန်းပိုပိုဒေါင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top