iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Duwun

သရုပ်ဆောင် ဝင့်ယမုံလှိုင် ကတော့ ဝင့်ယမုံနိုင် ဆိုတဲ့ နာမည်အသစ်လေးကို မကြာခင်က ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ နာမည်ပြောင်း ဖြစ်ခဲ့တဲ့ အကြောင်းကို လည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

” အရင်ကတည်းက နာမည်ပြောင်းဖို့အတွက် အကြံပေးကြတဲ့ သူတွေရှိပါတယ်၊ ဒါပေမယ့် ယမုံကလည်း နာမည်အရင်းဖြစ်နေတဲ့အတွက် မပြောင်းချင်ဘူး ယမုံတို့ ညီအစ်မတွေရဲ့နာမည်မှာ လှိုင် ပါတယ်လေ၊ အရင်တုန်းက ပြောင်းခိုင်းတဲ့ နာမည်က အခုလို တစ်လုံးတည်းမဟုတ်ဘူး၊ လုံးဝမတူတဲ့ နာမည်တစ်ခုကို ပြောင်းခိုင်းတာဒါကြောင့် မပြောင်းချင်ခဲ့ဘူး” လို့ပြောပါတယ်။

ရုတ်တရက်နာမည်ပြောင်းလိုက်တဲ့အပေါ် ပရိသတ်တွေ နားလည်ပေးစေချင်တယ်လို့ ဆိုပါတယ်။

” နာမည်ရုတ်တရက်ပြောင်းလိုက်တဲ့အချိန်မှာ စိတ်ထဲလည်း တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်၊ နှုတ်ကလည်း ဘယ်သူမှကျိုးမှာ မဟုတ်သေး ဘူးလေ၊ ယမုံကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို သေသေချာချာမှတ်ထားပြီးတော့ ပြုပြင်ပြောင်းလဲပြီးတော့ ခေါ်ဆိုပါ့မယ်။ ပရိသတ်တွေလည်း အဲ့ဒီအပေါ်မှာ နားလည်ပေးပါလို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင် ဝင့်ယမုံနိုင်ကိုတော့ Sing Of Love ဆိုတဲ့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရသလို ရုပ်သံဇာတ်လမ်းတွဲ တွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Photo: ဝင့်ယမုံနိုင်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top