iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ၿဖိဳးျပည့္စုံက မတ္လထဲမွာ ဘန္ေကာက္သြားၿပီး ေဆးကုသမႈ ခံယူရမယ္လို႔ သိရပါတယ္။ သည္းေျခထဲမွာ ေက်ာက္တည္ေနတာနဲ႔ ပတ္သက္ၿပီး ေဆးကုသမႈ ခံယူဖို႔ ဆရာဝန္ေတြက တိုက္တြန္းေနတာေၾကာင့္ သူ႔အေနနဲ႔ ေဖေဖာ္ဝါရီ လကုန္ မတ္လေလာက္ ဘန္ေကာက္မွာ ေဆးကုသမႈ ခံယူဖို႔ သြားမယ္လို႔ ေျဖဆိုထားပါတယ္။

“အကို လတ္ရွိေတာ့ ပြဲေတြ ဆိုျဖစ္ေနတယ္။ ဒီလကုန္ေလာက္မွာေတာ့ က်န္းမာေရးနဲ႔ပတ္သက္ၿပီး လုပ္စရာေလး ရွိတယ္ေပ့ါေနာ္။ လူကေတာ့ က်န္းမာပါတယ္။ ဒါေပမယ့္ သည္းေျခေက်ာက္တည္ေနတာ ဆရာဝန္ေတြက လုပ္ေစ ခ်င္တာ ကိုယ္က ေပေတၿပီးေန ေနတာ ေဖေဖာ္ဝါရီလကုန္ မတ္လေလာက္မွာေတာ့ ဘန္ေကာက္သြားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ခံယုူမွာပါ။ မတ္ဧၿပီမွာေတာ့ ပြဲေတြ ဆိုဖို႔ လက္ခံထားပါတယ္” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လုပ္ၿပီးသြားရင္လည္း ဂီတပိုင္းနဲ႔ ပတ္သက္ၿပီး ဆက္လုပ္သြားမွာ ျဖစ္သလို ေအာင္ထက္နဲ႔လည္း အေခြထြက္ဖို႔ ရွိတယ္လို႔ သူက ဆိုပါတယ္။

အတြဲေခြမွာလည္း ေအာင္ထက္နဲ႔ ပူးေပါင္းၿပီး တစ္ေယာက္ကို ေလးပုဒ္စီနဲ႔ ရွစ္ပုဒ္အျပင္ ႏွစ္ေယာက္တြဲ ႏွစ္ပုဒ္ တြဲဆိုကာ စုစုေပါင္း (၁၀)ပုဒ္ ဆိုဖို႔ ရန္ထားတယ္လို႔ သိရပါတယ္။

ေအာင္ထက္နဲ႔ ထြက္မယ့္ ႏွစ္ေယာက္တြဲ အေခြကိုေတာ့ ေတးေရးေတြ ျဖစ္ၾကတဲ့ ေဝႀကီးနဲ႔ စည္သူမင္းက ေရးေပးထားၿပီး ေအာင္ထက္ ကိုယ္တိုင္ေရးတဲ့ သီခ်င္းေတြလည္း ပါမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ေမွ်ာ္ႏိုင္သမွ် Music Video ေလး လုပ္ဖို႔ ရွိသလို သူ႔ရဲ႕ ဒုတိယတစ္ကိုယ္ေတ္ာအေခြထြက္ ဖို႔အတြက္ လုပ္ဖို႔ေတြ ရွိတယ္လို႔ ေျပာပါတယ္။

အတြဲေခြေတြ အမ်ားႀကီး ထြက္ရွိထားတဲ့ အဆိုေတာ ္ၿဖိဳးျပည့္စုံဟာ “ေမွ်ာ္ႏိုင္သမွ်”စီးရီးေခြထြက္ၿပီးေနာက္ပိုင္း ပရိသတ္အားေပးမႈ ရရွိလာတဲ့ သူလည္း ျဖစ္ပါတယ္။

Photo : ၿဖိဳးျပည့္စုံ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် ဖြိုးပြည့်စုံက မတ်လထဲမှာ ဘန်ကောက်သွားပြီး ဆေးကုသမှု ခံယူရမယ်လို့ သိရပါတယ်။ သည်းခြေထဲမှာ ကျောက်တည်နေတာနဲ့ ပတ်သက်ပြီး ဆေးကုသမှု ခံယူဖို့ ဆရာဝန်တွေက တိုက်တွန်းနေတာကြောင့် သူ့အနေနဲ့ ဖေဖော်ဝါရီ လကုန် မတ်လလောက် ဘန်ကောက်မှာ ဆေးကုသမှု ခံယူဖို့ သွားမယ်လို့ ဖြေဆိုထားပါတယ်။

“အကို လတ်ရှိတော့ ပွဲတွေ ဆိုဖြစ်နေတယ်။ ဒီလကုန်လောက်မှာတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်စရာလေး ရှိတယ်ပေ့ါနော်။ လူကတော့ ကျန်းမာပါတယ်။ ဒါပေမယ့် သည်းခြေကျောက်တည်နေတာ ဆရာဝန်တွေက လုပ်စေ ချင်တာ ကိုယ်က ပေတေပြီးနေ နေတာ ဖေဖော်ဝါရီလကုန် မတ်လလောက်မှာတော့ ဘန်ကောက်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယုူမှာပါ။ မတ်ဧပြီမှာတော့ ပွဲတွေ ဆိုဖို့ လက်ခံထားပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပြီးသွားရင်လည်း ဂီတပိုင်းနဲ့ ပတ်သက်ပြီး ဆက်လုပ်သွားမှာ ဖြစ်သလို အောင်ထက်နဲ့လည်း အခွေထွက်ဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

အတွဲခွေမှာလည်း အောင်ထက်နဲ့ ပူးပေါင်းပြီး တစ်ယောက်ကို လေးပုဒ်စီနဲ့ ရှစ်ပုဒ်အပြင် နှစ်ယောက်တွဲ နှစ်ပုဒ် တွဲဆိုကာ စုစုပေါင်း (၁၀)ပုဒ် ဆိုဖို့ ရန်ထားတယ်လို့ သိရပါတယ်။

အောင်ထက်နဲ့ ထွက်မယ့် နှစ်ယောက်တွဲ အခွေကိုတော့ တေးရေးတွေ ဖြစ်ကြတဲ့ ဝေကြီးနဲ့ စည်သူမင်းက ရေးပေးထားပြီး အောင်ထက် ကိုယ်တိုင်ရေးတဲ့ သီချင်းတွေလည်း ပါမယ်လို့ သိရပါတယ်။

ဒါ့အပြင် မျှော်နိုင်သမျှ Music Video လေး လုပ်ဖို့ ရှိသလို သူ့ရဲ့ ဒုတိယတစ်ကိုယ်တေ်ာအခွေထွက် ဖို့အတွက် လုပ်ဖို့တွေ ရှိတယ်လို့ ပြောပါတယ်။

အတွဲခွေတွေ အများကြီး ထွက်ရှိထားတဲ့ အဆိုတော ်ဖြိုးပြည့်စုံဟာ “မျှော်နိုင်သမျှ”စီးရီးခွေထွက်ပြီးနောက်ပိုင်း ပရိသတ်အားပေးမှု ရရှိလာတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : ဖြိုးပြည့်စုံ FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top