iMyanmarHouse.com - Best Property Website for Myanmar
×





Credit : kozawwin

အသက်မွေးကျောင်းတစ်ခု မှားယွင်းရွေးချယ်မိခြင်းကအစ ကလေးမရခြင်း၊ မရှိခြင်း စတာတွေဟာ အမျိုးသမီးတစ်ဦးအတွက် ဘဝနဲ့ချီပြီးရလေ့ရှိတဲ့ နောင်တ တချို့ပါပဲ။ Diet Coke မှ ပြုလုပ်တဲ့ အသေးစိတ်လေ့လာချက်ဆောင်ရွက်သူ ကျွမ်းကျင်ပညာရှင်တွေက စစ်တမ်းကောက်ယူထားတဲ့ ရာခိုင်နှုန်းအများစုမှာဆိုရင် သူတို့ဘဝမှာ အဓိကနောင်တအဖြစ်ဆုံးတစ်ခုအနေနဲ့ ကိုယ်အလေးချိန် မထိန်းသိမ်းခဲ့ခြင်းအတွက် ဝမ်းနည်းပက်လက်ဖြစ်ကြရတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေဟာ သူတို့နောင်တတွေအတွက် ယူကျုံးမရဖြစ်ကြပြီး ပစ္စုပ္ပန်မှာ အသက်ရှင် မနေကြဘူးလို့ ယင်းသုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ စည်းရုံးလှုံ့ဆော်ခြင်းကတဆင့် အမျိုးသမီးတွေကို အောင်မြင်မှုအတွက် အပြုသဘောဆောင်တဲ့ အတွေ့အကြုံ၊ စွန့်စားမှုတွေနဲ့ အခွင့်အရေးတွေ ဖန်တီးဖို့ စေ့ဆော်ပေးချင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

အသက် ၂၅ နှစ်နဲ့ ၃၉ နှစ်ကြားရှိ အမျိုးသမီး ၁,၀၀၀ ကို လေ့လာထားချက်အရ သူတို့ရတဲ့နောင်တအများစုက မိသားစုကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ထက် မနည်းသူတွေက သူတို့ ကလေးရှိဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်။ သို့သော် ၇% က သူတို့ကလေးရတာ အရမ်းစောကြောင်း ပြောဆိုခဲ့ပြန်ပါသေးတယ်။ အခြားသူတွေကျတော့ သူတို့ အိပ်မက်မက်ခဲ့ရတဲ့ မင်္ဂလာပွဲကို မပြုလုပ်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ခြင်းကို ဖော်ပြခဲ့ကြပါတယ်။

အမျိုးသမီးများရဲ့ နောင်တအရဆုံးသောအချက် (၁၀) မှာတော့
·ကျောင်းစာ မကြိုးစားမိခဲ့ခြင်း
ကိုယ်အလေးချိန် ထိန်းသိမ်းမှုမရှိခဲ့ခြင်း
အသက်မွေးဝမ်းကျောင်း အလုပ်မှားယွင်းရွေးချယ်မိခြင်း
ဥစ္စာကြွယ်မှု မရှိခဲ့ခြင်း
မဖြစ်သင့်သူတစ်ဦးနဲ့ တစ်ညတာ အချိန်ကုန်ဆုံးစေခြင်း
ပင်ကိုယ်စေ့ဆော်မှု မလုံလောက်ခြင်း
သူငယ်ချင်းကောင်းမဖြစ်ခဲ့ခြင်း
သမီးကောင်းတစ်ဦးမဖြစ်ခဲ့ခြင်း
အိမ်ထောင်မပြုခင် ခရီးကောင်းကောင်း မသွားမိခဲ့ခြင်း
ကလေးမရှိခြင်း စတာတွေပါပဲ။

Credit : kozawwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top