iMyanmarHouse.com - Best Property Website for Myanmar
×






လက်သည်းတွေလှပစေဖို့












Source- Brightside

Credit : Todaybago

သင့်ရဲ့ကျန်းမာရေး၊ အလှအပနဲ့ သင့်ရဲ့အိမ်သန့်ရှင်းဖို့အတွက် အရမ်းကိုအသုံးဝင်တဲ့သာမာန်ပစ္စည်းတွေ သင့်မှာရှိပါတယ်။ သင့်အနေနဲ့ ၎င်းအရာတွေကို မှန်ကန်စွာသုံးစွဲတတ်ဖို့ပဲလိုအပ်ပါတယ်။ Lifestyle ပရိသတ်တွေအတွက် သာမာန်သံပရိုသီးတစ်လုံးကို ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲဆိုတာနဲ့ ဘယ်လိုသုံးစွဲရမယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

Cleaner အဖြစ်ရည်ရွယ်သုံးစွဲလို့ရပါတယ်
သံပရိုသီးအခွံတစ်လုံးနဲ့ ဗင်နီဂါ ၁၅၀ မီလီလီတာကို ရောစပ်ပြီးတစ်ညခန့်ထားပါ။ မနက်ရောက်ရင် ရေ ၁၅၀ မီလီလီတာနဲ့ရောစပ်ပြီး စပရေးပုလင်းခွံတစ်လုံးထဲထည့်ပြီးတော့ သင့်အိမ်မှာရှိတဲ့အရာအားလုံးကို သန့်စင်ဆေးအဖြစ်သုံးလို့ရပါတယ်။

သင့်ရဲ့ စဉ်းနီတုံးကို သန့်ရှင်းလို့ရပါတယ်
သင့်ရဲ့ စဉ်းနီတုံးကို တာရှည်ခံဖို့နဲ့ သန့်ရှင်းဖို့အတွက် ဆားအနည်းငယ်ဖြူး၍ သံပုရိုသီးတခြမ်းနှင်ပွတ်တိုက်နိုင်ပါတယ်။ ပြီးနောက် ၁၀ မိနစ် ၁၅မိနစ်ခန့်ကြာလျှင် နောက်တစ်ကြိမ်ထပ်မံပွတ်တိုက်ပါ။

အဖြူရောင်ပစ္စည်းများကို တောက်ပစေခြင်း
သင့်ရဲ့ရေချိုးခန်း အဝတ်လျော်စက်နှင့် အဖြူရောင်အဝတ်အထည်များကို ပိုမိုတောက်ပစေရန်အတွက် မုန့်ဖုတ်ဆော်ဒါနှင့် သံပရိုရည်ကို ရောနှောပြီးအသုံးပြုနိုင်ပါတယ်။ အဝတ်များကိုမလျှော်ဖွတ်မီ တစ်နာခန့်ကြိုတင်၍ ၎င်းတို့ကိုရောနှောထားနိုင်ပါတယ်။

လက်သည်းတွေလှပစေဖို့
သင့်ရဲ့လက်သည်းတွေကို ကျန်းမာပြီး ပိုမိုကြံ့ခိုင်စေရန်အတွက် အတွက် ရေနွေးထဲသို့ သံပုရိုရည်အနည်းငယ်ရောစပ်၍ လက်သည်းများကိုစိမ်ထားနိုင်ပါတယ်။

တင်းတိပ်တွေပျောက်စေဖို့
အသက်အရွယ်ကြောင့်ဖြစ်တဲ့အရေးအကြောင်းတွေနဲ့ တင်းတိပ်များကို ပျောာက်ကင်းစေဖို့ သံပုယိုသီးကို အကွင်းလေးများလှီးပြီး မျက်နှာပေါ်သို့ ညင်သာစွာပွတ်တိုက်နိုင်ပါတယ်။

အစာချေမှုကို တိုးတက်ကောင်းမွန်စေဖို့
မနက်စောစောတွင် သံပုယိုကို ပျားရည်နှင့်ရေနွေးရောစပ်ကာ ဖန်ခွက်နှင်တစ်ခွက်လောက်သောက်ပေးခြင်းဟာ အစာချေဖျက်ဖို့အတွက်အစာအိမ်ကိုအထောက်အကူပြုစေပြီး သင့်ရဲ့ကိုယ်ခံအားကို ပိုမိုတိုးတက်စေပါတယ်။

စနစ်ကျတဲ့ စားပွဲတစ်ခုမှာမပါမဖြစ်
သင့်ရဲ့လက်နဲ့ယူဆောင်စားသုံးရမယ့် စားပွဲတစ်ခုတွင် သံပုရာရေစပ်ထားတဲ့ရေကို ပန်းကန်လုံးသေးသေးလေးတွေနှင့် ထားခြင်းဖြင့် သင့်ရဲ့လက်ကိုဆေးကြောဖို့အတွက်အဆင်ပြေစေပါတယ်။ သံပုရိုရည်ဟာ အနံ့အသက်များကိုကင်းစင်တာကြောင့် ပြီးပြည့်စုံတဲ့စားပွဲတစ်ခုမှာ မပါမဖြစ်ဖြစ်ပါတယ်။

ပစ္စည်းကိရိယာများကို သန့်ရှင်းလတ်ဆတ်စေဖို့
သင့်ရဲ့ရေခဲသေတ္တာကို အနံ့အသက်ဆိုးများမှ ကင်းဝေးစေဖို့ သံပုရာရည်ကို ရေမြှပ်နှင့်ပွတ်တိုက်နိုင်ပါတယ်။ သင့်ရဲ့မီးဖိုချောင်သုံးပစ္စည်းများကို သန့်စင်စေဖို့သံပရိုရည်က ကူညီနိုင်ပါတယ်။
အပင်ပေါက်များကိုကြီးထွားလာစေဖို့
အပင်ပေါက်များကိုကြီးထွားစေဖို့ သံပုရိုသီးကိုအသုံးပြုလို့ရပါသေးတယ်။ သံပုရာခွံတခြမ်းထဲသို့ မျိုးစေ့များကိုထည့်ပျိုးခြင်းဖြင့် အပင်ပေါက်များကို ရရှိစေပါတယ်။

ဖိနပ်ကအနံ့ဆိုးများကိုဖယ်ရှားဖို့တဲ့
လတ်ဆတ်တဲ့သံပရိုခွံများကို ဖိနနပ်ထဲထည့်ထားခြင်းဖြင့် အနံ့ဆိုးများကို ညတွင်းချင်းစုပ်ယူသွားမှာဖြစ်ပါတယ်။

ဖယောင်းတိုင်ခွက်ပြုလုပ်ခြင်း
သံပုရိုသီး၊ သံပုရာသီးနဲ့၊ လိမ္မော်သီးတို့ကို လှပပြီးထူးခြားတဲ့ ဖယောင်းတိုင်ခွက်တွေအဖြစ်အသုံးပြုလို့ရပါသေးတယ်။ သံပုရိုသီး အတွင်းကအသားများကို ဖယ်ရှားပါ။ ပြီးလျှင်မီးစာကိုအောက်ခြေတွင် ကော်နဲ့ကပ်ပြီး ဖယောင်းရည်လောင်းထည့်ပြီး ချစ်စရာကောင်းတဲ့ မီးခွက်လေးတွေကို ရရှိမှာဖြစ်ပါတယ်။

သင့်ရဲ့အလုံးစုံကျန်းမာရေးအတွက် အသုံးဝင်ပါတယ်
သံပုရိုဖျော်ရည်နှင့် မုတ်ဖုတ်ဆော်ဒါကို ရောစပ်ပြီးသောက်သုံးခြင်းဟာ အစာခြေစနစ်ကိုကြံ့ခိုင်စေပါတယ်။ ၎င်းဟာ မကောင်းတဲ့ကိုလက်စထရောများကို ထိန်းညှိပေးခြင်း၊ အသည်းကိုသန့်စင်ပေးခြင်းတို့ကိုပြုလုပ်ပေးပြီး ကျွန်တော်တို့အတွက်လိုအပ်တဲ့ ဗီတာမင်စီကိုလည်း ပေးပါတယ်။ ရိုးရိုးရေဖန်ခွက်တစ်ခွက်ထဲသို့ မုန့်ဖုတ်ဆော်ဒါလ္ဘက်ရည်ဇွန်းတဇွန်း နှင့် သံပုရိုသီးတခြမ်းကိုရောစပ်ကာ မနက်တိုင်းနှစ်ပတ်ခန့်သောက်သုံးပါ။

စတီးလ်များကို သန့်စင်စေဖို့
သံပုရိုခွံနှင့် မုန့်ဖုတ်ဆော်ဒါကို အသုံးပြုခြင်းဖြင့် သင့်ရဲ့စတီးပစ္စည်းများကို ပိုမိုတောက်ပစေပါတယ်။

ဘယ်ရီသီးအစွန်းများကို ဖယ်ရှားဖို့
ဘယ်ရီးသီးများပြင်ဆင်လျှင် သင့်လက်မှာ ဘယ်ရီသီးအစွန်းများစွဲကျန်ရစ်နိုင်ပါတယ်။ သံပုရိုသီးအရည်က သင့်အရေပြားနှင့် အဝတ်များစွန်းခြင်းများကိုဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံးသင့်အဝတ်ကို ရေအေးအေးနှင့်ဆေးကြောပါ။ ပြီးလျှင် သံပုရိုသီးအရည်များကို အစွန်းအထင်းနေရာများကို မိနစ်အနည်းငယ်စုပ်ယူစေပြီး ပြမ်လည်ဆေးကြောပေးပါ။

အင်းဆက်ပိုးမွှားတွေရန်ကို တွန်းလှန်ဖို့
သံပရိုသီးကိုထက်ခြမ်းခြမ်းပြီး လေးညှင့်ပွင့်များကို စိုက်ထားပါ။ သင့်အိမ်ဟာ ခြင်နဲ့ ပုရွက်ဆိတ် စတဲ့အင်းဆက်တွေရန်ကကင်းဝေးပါပြီ။

ချိုင်းကြားအရောင်ချွတ်ဖို့
သင့်ချိုင်းက အမဲရောင်များကိုပျောင်းကင်းစေဖို့ သံပုရိုသီးထက်ကောင်းတဲ့ဆေးမရှိပါဘူး။ သံပုရိုသီးမှာပါတဲ့ အက်ဆစ်ဓါတ်က သင့်အသားအရေကိုတောက်ပစေပြီး အမဲရောင်ဆဲလ်များကိုဖယ်ရှားပေးပါတယ်။ သင်နေ့စဉ်ရေမချိုးမီအချိန်တွင် သံပုရိုသီးကို ချိုင်းကြားသို့ပွတ်တိုက်ပါ။ ပြီးလျှင်ရေချိုးဖို့မမေ့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ သံပုရိုသီးကသင့်အသားအရေကို ခြောက်သွေ့စေတတ်လို့ပါ။ ၇ ရက်အတွင်း ထူးခြားကောင်းမွန်တဲ့ရလာဒ်ကို သင်မြင်တွေ့ရပါလိမ့်မယ်။

Source- Brightside

Credit : Todaybago

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top