iMyanmarHouse.com - Best Property Website for Myanmar
×

ကိတ္မုန္႔ေကာင္းေကာင္း တစ္လံုးစားခ်င္ရင္ ဘာလိုအပ္လဲ။ ဂ်ံဳမႈန္႔ရယ္၊ မတ္ခြက္တစ္လံုးရယ္၊ ပါဝင္ပစၥည္း နည္းနည္းရယ္ပဲ လိုတယ္ဆိုရင္ ယံုမလား။ Mug cake လို႔ေခၚတဲ့ မတ္ခြက္တစ္လံုးထဲမွာ ပါဝင္ပစၥည္းေတြ ေရာထည့္ၿပီး မိုက္ခ႐ိုေဝ့ဖ္ထဲမွာ အခ်ိန္အနည္းၾကာ ထည့္လိုက္လို႔ရတဲ့ ကိတ္မုန္႔ဟာ ခုေနာက္ပိုင္းမွာ ေခတ္စားလာတဲ့ food trend တစ္ခုျဖစ္ၿပီး ညႀကီးသန္းေခါင္ ဗိုက္ဆာလို႔ မုန္႔လုပ္စားခ်င္သူတို႔၊ မနက္႐ံုးသြားခါနီး မနက္စာကို အခ်ိန္တုိတိုေလးနဲ႔ အျမန္ဆံုး စီမံခ်င္သူေတြအတြက္ အဆင္ေျပေစမွာပါ။

ဒီေန႔ေဖာ္ျပေပးမွာကေတာ့ ေခ်ာကလက္ Mug cake ျဖစ္ၿပီး ေခ်ာကလက္နံ႔ သင္းသင္းေလးနဲ႔ စားလို႔ေကာင္းတဲ့ ကိတ္မုန္႔ေလးပါ။ ျပဳလုပ္နည္းကိုေတာ့ ေအာက္မွာ ဆက္ဖတ္ၾကည့္ေပးပါဦး။

ပါဝင္ပစၥည္းမ်ား

ဂ်ံဳမႈန္႔ (၃) ဇြန္း၊ ကုိကိုးမႈန္႔ (၁) ဇြန္းခြဲ၊ မုန္႔ဖုတ္ေပါင္ဒါမႈန္႔ (၁/၈) ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ လက္သည္းခြံ ထိပ္ဖ်ားစာခန္႔၊ ေထာပတ္ (၂) ဇြန္း၊ ႏို႔ဆီ (၃) ဇြန္း၊ ႏြားႏို႔ (၄) ဇြန္း၊ ေခ်ာကလက္တံုး လက္တစ္ဆုပ္စာတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

ဒီကိတ္မုန္႔လုပ္နည္းထဲမွာ စားပြဲတင္ဇြန္းကိုပဲ measurement tool တစ္ခုအျဖစ္ အသံုးျပဳသြားမွာ ျဖစ္ပါတယ္။ အရင္ဆံုး ဂ်ံဳမႈန္႔ (၃) ဇြန္းကို မတ္ခြက္ထဲကို ထည့္ရပါမယ္။ (All-purpose flour ျဖစ္ရင္ ပိုေကာင္းပါတယ္။) ၿပီးရင္ ကုိကိုးမႈန္႔ (၁) ဇြန္းခြဲကိုလည္း ထည့္ေပးပါ။ မုန္႔ဖုတ္ေပါင္ဒါမႈန္႔ (၁/၈) ဇြန္းနဲ႔ မုန္႔ဖုတ္ဆိုဒါ လက္သည္းခြံ ထိပ္ဖ်ားစာေလာက္ကိုလည္း ထည့္ေပးလိုက္ပါ။ ၿပီးရင္ ခက္ရင္းတစ္ေခ်ာင္းနဲ႔ ပါဝင္ပစၥည္းအားလံုးကို သမေအာင္ ေရာေမႊေပးလိုက္ပါ။

ေထာပတ္ (၂) ဇြန္း၊ ႏို႔ဆီ (၃) ဇြန္း၊ ႏြားႏို႔ (၄) ဇြန္းတို႔ကိုလည္း မတ္ခြက္ထဲေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ အဲဒီမွာသတိထားရမွာက တစ္ခုက ပါဝင္ပစၥည္းအားလံုး သမသြားၿပီး အခဲေလးေတြ မက်န္သည္အထိ ေမႊေပးရမွာပါ။

ၿပီးရင္ ေခ်ာကလက္တုံးေလးေတြ လက္တစ္ဆုပ္စာခန္႔ကို မတ္ခြက္ထဲထည့္ၿပီး ခက္ရင္းနဲ႔ဖိေခ်ၿပီး ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ အပူခ်ိန္ (၈၅၀) ဒီဂရီဆဲလ္ဆီးယပ္စ္ setting ခ်ိန္ထားတဲ့ မိုက္ခ႐ိုေဝ့ဖ္ မီးဖိုထဲမွာ (၂) မိနစ္ခန္႔ထည့္ၿပီး အပူေပးလိုက္ပါ။ (၂) မိနစ္ျပည့္ရင္ေတာ့ ေမႊးႀကိဳင္ေနတဲ့ ေခ်ာကလက္ mug cake ေလးကို ရ႐ွိၿပီမို႔ စိတ္တိုင္းက်သံုးေဆာင္ႏိုင္ပါၿပီ။ ညဘက္ဗိုက္ဆာ တတ္သူေတြ႐ွိရင္ ဒီကိတ္လုပ္နည္းေလးကို save ထားဖို႔ မေမ့နဲ႔ေပါ့။

Source: Rajshri Food

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိတ်မုန့်ကောင်းကောင်း တစ်လုံးစားချင်ရင် ဘာလိုအပ်လဲ။ ဂျုံမှုန့်ရယ်၊ မတ်ခွက်တစ်လုံးရယ်၊ ပါဝင်ပစ္စည်း နည်းနည်းရယ်ပဲ လိုတယ်ဆိုရင် ယုံမလား။ Mug cake လို့ခေါ်တဲ့ မတ်ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေ ရောထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲမှာ အချိန်အနည်းကြာ ထည့်လိုက်လို့ရတဲ့ ကိတ်မုန့်ဟာ ခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ food trend တစ်ခုဖြစ်ပြီး ညကြီးသန်းခေါင် ဗိုက်ဆာလို့ မုန့်လုပ်စားချင်သူတို့၊ မနက်ရုံးသွားခါနီး မနက်စာကို အချိန်တိုတိုလေးနဲ့ အမြန်ဆုံး စီမံချင်သူတွေအတွက် အဆင်ပြေစေမှာပါ။

ဒီနေ့ဖော်ပြပေးမှာကတော့ ချောကလက် Mug cake ဖြစ်ပြီး ချောကလက်နံ့ သင်းသင်းလေးနဲ့ စားလို့ကောင်းတဲ့ ကိတ်မုန့်လေးပါ။ ပြုလုပ်နည်းကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ပေးပါဦး။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် (၃) ဇွန်း၊ ကိုကိုးမှုန့် (၁) ဇွန်းခွဲ၊ မုန့်ဖုတ်ပေါင်ဒါမှုန့် (၁/၈) ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်သည်းခွံ ထိပ်ဖျားစာခန့်၊ ထောပတ် (၂) ဇွန်း၊ နို့ဆီ (၃) ဇွန်း၊ နွားနို့ (၄) ဇွန်း၊ ချောကလက်တုံး လက်တစ်ဆုပ်စာတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ဒီကိတ်မုန့်လုပ်နည်းထဲမှာ စားပွဲတင်ဇွန်းကိုပဲ measurement tool တစ်ခုအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ဂျုံမှုန့် (၃) ဇွန်းကို မတ်ခွက်ထဲကို ထည့်ရပါမယ်။ (All-purpose flour ဖြစ်ရင် ပိုကောင်းပါတယ်။) ပြီးရင် ကိုကိုးမှုန့် (၁) ဇွန်းခွဲကိုလည်း ထည့်ပေးပါ။ မုန့်ဖုတ်ပေါင်ဒါမှုန့် (၁/၈) ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်သည်းခွံ ထိပ်ဖျားစာလောက်ကိုလည်း ထည့်ပေးလိုက်ပါ။ ပြီးရင် ခက်ရင်းတစ်ချောင်းနဲ့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။

ထောပတ် (၂) ဇွန်း၊ နို့ဆီ (၃) ဇွန်း၊ နွားနို့ (၄) ဇွန်းတို့ကိုလည်း မတ်ခွက်ထဲရောထည့်ပြီး မွှေပေးလိုက်ပါ။ အဲဒီမှာသတိထားရမှာက တစ်ခုက ပါဝင်ပစ္စည်းအားလုံး သမသွားပြီး အခဲလေးတွေ မကျန်သည်အထိ မွှေပေးရမှာပါ။

ပြီးရင် ချောကလက်တုံးလေးတွေ လက်တစ်ဆုပ်စာခန့်ကို မတ်ခွက်ထဲထည့်ပြီး ခက်ရင်းနဲ့ဖိချေပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ အပူချိန် (၈၅၀) ဒီဂရီဆဲလ်ဆီးယပ်စ် setting ချိန်ထားတဲ့ မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှာ (၂) မိနစ်ခန့်ထည့်ပြီး အပူပေးလိုက်ပါ။ (၂) မိနစ်ပြည့်ရင်တော့ မွှေးကြိုင်နေတဲ့ ချောကလက် mug cake လေးကို ရရှိပြီမို့ စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီ။ ညဘက်ဗိုက်ဆာ တတ်သူတွေရှိရင် ဒီကိတ်လုပ်နည်းလေးကို save ထားဖို့ မမေ့နဲ့ပေါ့။

Source: Rajshri Food

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top