iMyanmarHouse.com - Best Property Website for Myanmar
×
ကုသိုလ် ကံ ကံကြမ္မာ ဆန်းကြယ်ပုံများ အရမ်းအံသြဖို့ကောင်းတယ်။ခုကြည့် ရေခဲချောင်း ရောင်း ရေသန့်ဘူးခွံ ရောင်းတဲ့ လှတောသူ မရှယ်ခိုင် တစ်ယောက်ဟာဖြင့် ရုပ်ရေ အသွင်ပြင်ပါ နဲနဲပြောင်းလဲလာပြီး ပိုးထည်တိုက်ရဲ့ ကြော်ငြာမင်းသမီးတောင် ဖြစ်နေရောပေါ့
ဒီနေ့မီဒီယာ ခေတ်ကြီးမှာ ပေါ်ပြူလာဖြစ်သွားရင် ချမ်းသာဖို့ မခဲယဉ်းတော့ဘူးဆိုတာ လှတောသူ မရှယ်ခိုင်ရယ် ဖြူဖြူထွေးရယ်က သက်သေပါပဲ။ ကျော်ကြားမှုနောက်ကို လိုက်ကြတဲ့ မီဒီယာတွေ၊ လုပ်ငန်းရှင်တွေ၊ ပရိတ်သတ်တွေ ဆိုတာ ကမ္ဘာနဲ့အဝှမ်းရှိပါတယ်။ အဲ့ဒီအချက်ကို အသုံးချဖို့ လုပ်ငန်းရှင် သူဌေးတွေ ကောင်းကောင်းသိတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ကျော်ကြားသူတွေနဲ့ ကြော်ငြာရိုက်တယ်။ မီဒီယာမှာ ကြောင်ငြာတယ်။ လူသိပိုများလာတယ်။ စီပွားပိုဖြစ်လာတယ်။
ခု ဆယ်လီဖြစ်သွားတဲ့သူတွေကြည့် သူ့ဟာသူလုပ်ရိုးလုပ်စဉ်ပဲ လုပ်နေကြတာ။ ဒါကိုမီဒီယာက ပံပိုးလိုက်တော့ သူသိများပြီး ကျော်ကြားသွားကြတာပါ။ ဖြူဖြူထွေးဆိုရင်လည်း ကျောင်းကပွဲမှာ သူလုပ်နေကျလေးအတိုင်း ကပြလိုက်တာ ပထမ ခန်းမထဲကလူတွေသဘေကျတယ်။ ဒါကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်ပြီး မီဒီယာကြီးတွေကပါ ဝေမျှလိုက်တော့ ခုဆိုရင် ကြော်ငြာတွေရိုက်နေရတဲ့ ထိပ်တန်းဆယ်လီကြီးကိုဖြစ်နေပါပြီကော။
မရှယ်ခိုင် ဟာလည်း သူပြောနေကျပုံစံ (လှတော၊ ရွှေဘို၊ ဝက်လက် စတိုင်) အတိုင်းပြောတာပါ။ အဲ့ဒီနယ်ဘက်ကသူတွေ တော်တော်များများ မရှယ်ခိုင်လို ပြောတတ်ကြတယ်။ ဒါပေမယ့် စန်းရယ် ကံကြမ္မာရယ်ပေါ့။
ပထမ ရေခဲချောင်းရောင်းရင်း တင်လိုက်တဲ့ ဗီဒီယိုကို ကြားသူ ၁ ဦးက အွန်လိုင်းတင်ပေးရာကနေ အားပေးသူတွေများလာပြီး သဘာဝကျတဲ့ ဗီဒီယို ၇ ဖိုင်လောက် ထွက်လာပြီးနောက် နိုင်ငံကျော် လူရွှင်တော် ဒိန်းဒေါင်က ကူညီအလှူပေးရာကနေ နိုင်ငံကျော်သွားပြီး ခုဆို ကြော်ငြာမင်းသမီးတောင် ဖြစ်နေပါပြီ။
ပါးစပ်မှလည်း ဒိန်းဒေါင် နဲ့ အားပေးကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ဘဝမမေ့ပါဘူးဆိုကြောင်း တဖွဖွပြောရှာပါတယ်။ မရှယ်ခိုင် ကြော်ငြာတွေ ဆက်တိုက်ရိုက်ရပြီး ဒီထပ်မက အောက်မြင်ပါစေဗျာ။ ဆုတောင်းပေးပါတယ်။ ဒီနေ့ ပိုထည်တိုက်ကြောင်ငြာက ပုံလေးတွေလည်း ကြည်ရှု့ခံစားပေးကြပါဦး။
Credit : Original Uploader
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top