iMyanmarHouse.com - Best Property Website for Myanmar
×

စီးပြားေရးေလာကမွာ စကားပံုတစ္ခုကို ႐ွိပါတယ္။ "လူတိုင္းကို ေပ်ာ္ေစခ်င္ရင္ ေရခဲမုန္႔ေရာင္းပါ" တဲ့။ ဆိုလိုခ်င္တာကေတာ့ စီးပြားေရးလုပ္တယ္ဆိုတာ လူတိုင္းကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးဖို႔မဟုတ္ပါဘူး။ တကယ္လို႔ သင္ဟာ လူတိုင္းကို ေပ်ာ္႐ႊင္ေစခ်င္သူတစ္ဦးဆိုရင္ ေရခဲမုန္႔ပဲ သြားေရာင္းလိုက္ပါတဲ့။ တစ္နည္းအားျဖင့္ ေရခဲမုန္႔ဟာ လူေတြကို ေပ်ာ္႐ႊင္ေစတယ္လို႔လည္း အဓိပၸာယ္ေကာက္လို႔ရတာေပါ့။ တကယ္ေတာ့ စိတ္ပညာ သေဘာတရားအရ ေရခဲမုန္႔စားျခင္းဟာ လူတစ္ေယာက္ရဲ႕ စိတ္ဖိစီးမႈကို အတိုင္းအတာတစ္ခုထိ ေလ်ာ့က်ေစႏိုင္ပါတယ္။

ဒါတင္မကေသးပါဘူး။ လူတစ္ေယာက္ အႏွစ္သက္ဆံုး ေရခဲမုန္႔အရသာကိုလိုက္ၿပီး သူ႔ရဲ႕စိတ္ေနစိတ္ထားကို ခန္႔မွန္းလို႔ရပါတယ္။ ေအာက္မွာ ေဖာ္ျပထားတာကေတာ့ လူစားအမ်ားဆံုး ေရခဲမုန္႔ (၄) မ်ိဳးနဲ႔ သုေတသန ျပဳလုပ္ထားတဲ့ ေရခဲမုန္႔နဲ႔ စိတ္ေနစိတ္ထားၾကားက ဆက္ႏြယ္မႈေလးေတြပါ။ ဖတ္ၾကည့္ၿပီး မိမိအႏွစ္သက္ဆံုး ေရခဲမုန္႔နဲ႔ မိမိစိတ္ေနစိတ္ထား ကိုက္မကိုက္ တိုက္ၾကည့္ၾကပါဦး။

၁။ ဗနီလာေရခဲမုန္႔

ဗနီလာေရခဲမုန္႔ကို ႏွစ္သက္သူေတြကေတာ႔ ေယဘုယ်အားျဖင္႔ ရိုးရွင္းၿပီး တည္ၿငိမ္ပါတယ္။ အဲဒီလိုလူမ်ိဳးက တကယ္ရွားပါတယ္။ ခင္ဗ်ားဟာ ၾကင္နာတတ္ၿပီး ႏူးညံ႕သိမ္ေမြ႕တဲ႔လူတစ္ဦးျဖစ္ပါတယ္။ လူတခ်ိဳ႕ကေတာ႔ ခင္ဗ်ားကို မာနႀကီးတယ္လို႔ ယူဆၾကေပမယ္႔ တကယ္တမ္းကေတာ႔ အတြင္းစိတ္က သိမ္ေမြ႕ေဖာ္ေရြပါတယ္။

၂။ ေခ်ာကလက္ေရခဲမုန္႔

ကိုယ္႔အတြက္ကိုယ္ပဲ ၾကည္႔တတ္တာ၊ အတၱႀကီးတတ္တာက ထင္သေလာက္လည္း မဆိုးပါဘူး။ ေခ်ာကလက္ေရခဲမုန္႔ႏွစ္သက္သူေတြကေတာ႔ အတၱနည္းနည္းႀကီးပါတယ္။ ဒါေပမယ္႔ ေပ်ာ္ေပ်ာ္ေနတတ္သူလည္း ျဖစ္ပါတယ္။ စိတ္ဓာတ္ခိုင္မာသလို တခ်ိဳ႕အေျခအေနေတြနဲ႔ပတ္သက္ၿပီး ထိေရာက္တဲ႔အျမင္ေတြလည္းရွိပါတယ္။ ေတာင္တန္းေတြဆီကို ခရီးသြားရတာကို သေဘာက်ၿပီး ေလျပည္ေလညွင္းေလးေတြကိုလည္း ခ်စ္ခင္ႏွစ္သက္ပါတယ္။ ခင္ဗ်ားဟာ သူမ်ားနဲ႔မတူ၊ တမူထူးျခားေနပါလိမ္႔မယ္။

၃။ စေတာ္ဘယ္ရီေရခဲမုန္႔

ခ်စ္စရာေကာင္းျခင္းက ခင္ဗ်ားရဲ႕အထူးအရည္အေသြးျဖစ္ေနပါလိမ္႔မယ္။ ခ်စ္စရာေကာင္းတယ္။ ေပ်ာ႔ေျပာင္းႏူးညံ႕တယ္ဆိုတာေတြက ခင္ဗ်ားရဲ႕အထူးအရည္အခ်င္းေတြပါပဲ။ တစ္ခုခုကို ဘယ္ေတာ႔မွ ေဒါသနဲ႔ မေျဖရွင္းတတ္သလို အမုန္းတရားေတြလည္း မထားတတ္ပါဘူး။ ၿငိမ္းခ်မ္းေရးကို လိုလားသူတစ္ဦးျဖစ္တဲ႔အတြက္ သူငယ္ခ်င္းအုပ္စုၾကားထဲမွာလည္း ဖ်န္ေျဖေရးသမားတစ္ဦးအျဖစ္ ထင္ရွားပါတယ္။

၄။ ေကာ္ဖီေရခဲမုန္႔

ေကာ္ဖီေရခဲမုန္႔ကို ႏွစ္သက္သူေတြက ေကာ္ဖီခ်စ္သူေတြလိုပါပဲ။ ဆိတ္ၿငိမ္တဲ႔တစ္ေနရာမွာ စာအုပ္ထိုင္ဖတ္ေနရတာကို ႏွစ္သက္တတ္ၾကသူေတြပါ။ အျပင္ေလာကႀကီးနဲ႔ ထိပ္တိုက္တိုးမယ္႔အစား စာအုပ္ထဲမွာေမြ႕ေလ်ာ္တတ္ၾကသူေတြျဖစ္ပါတယ္။ ဒါေပမယ္႔ နည္းနည္းေတာ႔ေခါင္းမာတတ္ၾကပါတယ္။ ေနာက္တစ္ခုက ဂႏၱဝင္ပစၥည္းေတြကိုလည္း ျမတ္ႏိုုးၾကပါတယ္။ ဒီလိုလူမ်ိဳးဟာ တီထြင္ဖန္တီးမႈနဲ႔ ဆိုင္တဲ႔ အႏုပညာအလုပ္ေတြမွာ ေအာင္ျမင္တတ္ၾကပါတယ္။ ခင္ဗ်ားဟာ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အလုပ္ႀကိဳးစားတတ္သူတစ္ဦးလည္း ျဖစ္ပါတယ္။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စီးပွားရေးလောကမှာ စကားပုံတစ်ခုကို ရှိပါတယ်။ "လူတိုင်းကို ပျော်စေချင်ရင် ရေခဲမုန့်ရောင်းပါ" တဲ့။ ဆိုလိုချင်တာကတော့ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးဖို့မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ လူတိုင်းကို ပျော်ရွှင်စေချင်သူတစ်ဦးဆိုရင် ရေခဲမုန့်ပဲ သွားရောင်းလိုက်ပါတဲ့။ တစ်နည်းအားဖြင့် ရေခဲမုန့်ဟာ လူတွေကို ပျော်ရွှင်စေတယ်လို့လည်း အဓိပ္ပာယ်ကောက်လို့ရတာပေါ့။ တကယ်တော့ စိတ်ပညာ သဘောတရားအရ ရေခဲမုန့်စားခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ လျော့ကျစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ လူတစ်ယောက် အနှစ်သက်ဆုံး ရေခဲမုန့်အရသာကိုလိုက်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ လူစားအများဆုံး ရေခဲမုန့် (၄) မျိုးနဲ့ သုတေသန ပြုလုပ်ထားတဲ့ ရေခဲမုန့်နဲ့ စိတ်နေစိတ်ထားကြားက ဆက်နွယ်မှုလေးတွေပါ။ ဖတ်ကြည့်ပြီး မိမိအနှစ်သက်ဆုံး ရေခဲမုန့်နဲ့ မိမိစိတ်နေစိတ်ထား ကိုက်မကိုက် တိုက်ကြည့်ကြပါဦး။

၁။ ဗနီလာရေခဲမုန့်

ဗနီလာရေခဲမုန့်ကို နှစ်သက်သူတွေကတော့ ယေဘုယျအားဖြင့် ရိုးရှင်းပြီး တည်ငြိမ်ပါတယ်။ အဲဒီလိုလူမျိုးက တကယ်ရှားပါတယ်။ ခင်ဗျားဟာ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့လူတစ်ဦးဖြစ်ပါတယ်။ လူတချို့ကတော့ ခင်ဗျားကို မာနကြီးတယ်လို့ ယူဆကြပေမယ့် တကယ်တမ်းကတော့ အတွင်းစိတ်က သိမ်မွေ့ဖော်ရွေပါတယ်။

၂။ ချောကလက်ရေခဲမုန့်

ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တာ၊ အတ္တကြီးတတ်တာက ထင်သလောက်လည်း မဆိုးပါဘူး။ ချောကလက်ရေခဲမုန့်နှစ်သက်သူတွေကတော့ အတ္တနည်းနည်းကြီးပါတယ်။ ဒါပေမယ့် ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာသလို တချို့အခြေအနေတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အမြင်တွေလည်းရှိပါတယ်။ တောင်တန်းတွေဆီကို ခရီးသွားရတာကို သဘောကျပြီး လေပြည်လေညှင်းလေးတွေကိုလည်း ချစ်ခင်နှစ်သက်ပါတယ်။ ခင်ဗျားဟာ သူများနဲ့မတူ၊ တမူထူးခြားနေပါလိမ့်မယ်။

၃။ စတော်ဘယ်ရီရေခဲမုန့်

ချစ်စရာကောင်းခြင်းက ခင်ဗျားရဲ့အထူးအရည်အသွေးဖြစ်နေပါလိမ့်မယ်။ ချစ်စရာကောင်းတယ်။ ပျော့ပြောင်းနူးညံ့တယ်ဆိုတာတွေက ခင်ဗျားရဲ့အထူးအရည်အချင်းတွေပါပဲ။ တစ်ခုခုကို ဘယ်တော့မှ ဒေါသနဲ့ မဖြေရှင်းတတ်သလို အမုန်းတရားတွေလည်း မထားတတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦးဖြစ်တဲ့အတွက် သူငယ်ချင်းအုပ်စုကြားထဲမှာလည်း ဖျန်ဖြေရေးသမားတစ်ဦးအဖြစ် ထင်ရှားပါတယ်။

၄။ ကော်ဖီရေခဲမုန့်

ကော်ဖီရေခဲမုန့်ကို နှစ်သက်သူတွေက ကော်ဖီချစ်သူတွေလိုပါပဲ။ ဆိတ်ငြိမ်တဲ့တစ်နေရာမှာ စာအုပ်ထိုင်ဖတ်နေရတာကို နှစ်သက်တတ်ကြသူတွေပါ။ အပြင်လောကကြီးနဲ့ ထိပ်တိုက်တိုးမယ့်အစား စာအုပ်ထဲမှာမွေ့လျော်တတ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ခေါင်းမာတတ်ကြပါတယ်။ နောက်တစ်ခုက ဂန္တဝင်ပစ္စည်းတွေကိုလည်း မြတ်နိုုးကြပါတယ်။ ဒီလိုလူမျိုးဟာ တီထွင်ဖန်တီးမှုနဲ့ ဆိုင်တဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်တတ်ကြပါတယ်။ ခင်ဗျားဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်ကြိုးစားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top