iMyanmarHouse.com - Best Property Website for Myanmar
×

အရြဲ႕တိုက္တယ္ဆိုတာ မလုပ္သင့္ဆံုးအရာပါ။ သူလုပ္သလို ငါျပန္လုပ္မယ္၊ ငါခံစားရတဲ့အတိုင္း ျပန္ခံစားေစရမယ္ဆိုတဲ့စိတ္ေၾကာင့္၊ ကလဲ့စားေခ်ခ်င္တဲ့စိတ္ေၾကာင့္ အရြဲ႕တိုက္မိၾကတယ္။

တခ်ိဴ႕က အရြဲ႕တိုက္တယ္ဆိုတာ မေကာင္းမွန္းသိပါတယ္။ ဒါေပမဲ့ သူတို႕မရပ္တန္႕ႏိုင္ၾကဘူး။ အရြဲ႕တိုက္တဲ့စိတ္ဟာ သင့္ရဲ႕ အသိစိတ္၊စဥ္းစားဆင္ျခင္ဥာဏ္ကို မဲ့ေစတယ္။

သင့္ကို ဆိုးသြမ္းေစပါတယ္။ တကယ္ေတာ့ အရြဲ႕တိုက္တယ္ဆိုတာ ျပသနာကို ပိုၾကီးေအာင္လုပ္တာပါပဲ။ ႏွစ္ဦးႏွစ္ဖက္ ပိုအမုန္းပြားလာေစပါတယ္။ အရြဲ႕တိုက္မယ္ဆိုရင္ အရင္ဆံုးထိခိုက္မယ့္သူက သင္ကိုယ္တိုင္ပါ။

သင္ဘယ္လိုအရြဲ႕တိုက္ရမလဲစဥ္းစားတဲ့အခါ သင့္ႏွလံုးသားရဲ႕နက္ရွိဳင္းတဲ့ေနရာကေန အမုန္းမီးေတြ ေလာင္ကြ်မ္းျပီး သင္ကိုယ္တိုင္ ပူေလာင္ေနရပါတယ္။
သင္ခ်စ္တဲ့သူကိုဆို ပိုလို႕ေတာင္ အရြဲ႕မတိုက္သင့္ပါဘူး။ ဒါဟာ သင္တို႕ရဲ႕RSကို ပ်က္စီးေစတဲ့အထိေတာင္ ျဖစ္ေစနိုင္ပါတယ္။

ေပ်ာ္ရႊင္စရာေကာင္းတဲ့ Relationship ကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ အရြဲ႕တိုက္ျခင္းကို အထူးဆင္ျခင္သင့္ပါတယ္။ သင့္ခ်စ္သူကပါ အရြဲ႕တိုက္တတ္တဲ့သူဆိုရင္ သူကအရြဲ႕တိုက္လိုက္ ကိုယ္ကအရြဲ႕တိုက္လိုက္နဲ႕ အပ်က္ပ်က္နဲ႕ ႏွာေခါင္းေသြးထြက္ပါလိမ့္မယ္။

ျပန္အဆင္ေျပသြားၾကတယ္ဆိုရင္ေတာင္ ရင္ထဲမွာ ဘယ္ေတာ့မွေပ်ာက္မသြားမယ့္ ဒဏ္ရာျဖစ္သြားပါလိမ့္မယ္။ အရြဲ႕တိုက္တယ္ဆိုတာ ျပသနာေျဖရွင္းနည္းမဟုတ္ပါဘူး။ သူမ်ားအမွားကို ကိုယ့္အမွားျဖစ္ေအာင္လုပ္ျခင္းသာျဖစ္တယ္။
အရြဲ႕တိုက္တတ္တဲ့စိတ္ကို ဘယ္လိုေျဖေဖ်ာက္ရမလဲဆိုရင္

– သင္အရင္ပူေလာင္ေနရမယ္ဆိုတာကို သတိရပါ။

အရြဲ႕တိုက္လိုက္လို႕ သင့္ခ်စ္သူထိခိုက္သြားတဲ့အခါ သင္တကယ္ပဲေက်နပ္ေနနိုင္မလားဆိုတာ ျပန္စဥ္းစားပါ။ သင္ခ်စ္တဲ့သူ ခံစားနာက်င္ရတဲ့အခါ သင္ေကာ ေပ်ာ္ေနနိုင္မွာတဲ့လား?

– ခြင့္လြတ္ႏိုင္ဖို႕ၾကိ္ဳးစားပါ။

ခြင့္လြတ္လိုက္မယ္ဆို သင္လဲ ေအးခ်မ္းသြားမယ္။ ဘယ္သူမွလဲ ထိခိုက္မွာမဟုတ္ေတာ့ဘူး။ ျပသနာက အဆံုးသတ္သြားမွာပါ။ ခြင့္မလြတ္နိုင္တဲ့အခါ စြန္႕လြတ္လိုက္ပါ။

အရြဲ႕တိုက္မယ္ဆို ၂ဦး၂ဖက္လံုး ထိခိုက္တာပဲ အဖက္တင္မွာပါ။ ဘာေကာင္းက်ိဴးမွျဖစ္မလာတဲ့အျပင္ သင္အရြဲ႕တိုက္လိုက္လို႔ ျဖစ္လာတဲ့အက်ိဴးရလာဒ္ေၾကာင့္ သင္ေနာင္တရမယ့္အျဖစ္မ်ိဴး ၾကံဳလာရႏိုင္ပါတယ္။

အရြဲ႕တိုက္မယ့္အစား ေပ်ာ္ရႊင္စရာအမွတ္တရမ်ား ဖန္တီးႏိုင္ၾကပါေစ။

Credit : Love shop
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရွဲ့တိုက်တယ်ဆိုတာ မလုပ်သင့်ဆုံးအရာပါ။ သူလုပ်သလို ငါပြန်လုပ်မယ်၊ ငါခံစားရတဲ့အတိုင်း ပြန်ခံစားစေရမယ်ဆိုတဲ့စိတ်ကြောင့်၊ ကလဲ့စားချေချင်တဲ့စိတ်ကြောင့် အရွဲ့တိုက်မိကြတယ်။

တချိူ့က အရွဲ့တိုက်တယ်ဆိုတာ မကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ သူတို့မရပ်တန့်နိုင်ကြဘူး။ အရွဲ့တိုက်တဲ့စိတ်ဟာ သင့်ရဲ့ အသိစိတ်၊စဉ်းစားဆင်ခြင်ဉာဏ်ကို မဲ့စေတယ်။

သင့်ကို ဆိုးသွမ်းစေပါတယ်။ တကယ်တော့ အရွဲ့တိုက်တယ်ဆိုတာ ပြသနာကို ပိုကြီးအောင်လုပ်တာပါပဲ။ နှစ်ဦးနှစ်ဖက် ပိုအမုန်းပွားလာစေပါတယ်။ အရွဲ့တိုက်မယ်ဆိုရင် အရင်ဆုံးထိခိုက်မယ့်သူက သင်ကိုယ်တိုင်ပါ။

သင်ဘယ်လိုအရွဲ့တိုက်ရမလဲစဉ်းစားတဲ့အခါ သင့်နှလုံးသားရဲ့နက်ရှိုင်းတဲ့နေရာကနေ အမုန်းမီးတွေ လောင်ကျွမ်းပြီး သင်ကိုယ်တိုင် ပူလောင်နေရပါတယ်။
သင်ချစ်တဲ့သူကိုဆို ပိုလို့တောင် အရွဲ့မတိုက်သင့်ပါဘူး။ ဒါဟာ သင်တို့ရဲ့RSကို ပျက်စီးစေတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ Relationship ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အရွဲ့တိုက်ခြင်းကို အထူးဆင်ခြင်သင့်ပါတယ်။ သင့်ချစ်သူကပါ အရွဲ့တိုက်တတ်တဲ့သူဆိုရင် သူကအရွဲ့တိုက်လိုက် ကိုယ်ကအရွဲ့တိုက်လိုက်နဲ့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပါလိမ့်မယ်။

ပြန်အဆင်ပြေသွားကြတယ်ဆိုရင်တောင် ရင်ထဲမှာ ဘယ်တော့မှပျောက်မသွားမယ့် ဒဏ်ရာဖြစ်သွားပါလိမ့်မယ်။ အရွဲ့တိုက်တယ်ဆိုတာ ပြသနာဖြေရှင်းနည်းမဟုတ်ပါဘူး။ သူများအမှားကို ကိုယ့်အမှားဖြစ်အောင်လုပ်ခြင်းသာဖြစ်တယ်။
အရွဲ့တိုက်တတ်တဲ့စိတ်ကို ဘယ်လိုဖြေဖျောက်ရမလဲဆိုရင်

– သင်အရင်ပူလောင်နေရမယ်ဆိုတာကို သတိရပါ။

အရွဲ့တိုက်လိုက်လို့ သင့်ချစ်သူထိခိုက်သွားတဲ့အခါ သင်တကယ်ပဲကျေနပ်နေနိုင်မလားဆိုတာ ပြန်စဉ်းစားပါ။ သင်ချစ်တဲ့သူ ခံစားနာကျင်ရတဲ့အခါ သင်ကော ပျော်နေနိုင်မှာတဲ့လား?

– ခွင့်လွတ်နိုင်ဖို့ကြိုးစားပါ။

ခွင့်လွတ်လိုက်မယ်ဆို သင်လဲ အေးချမ်းသွားမယ်။ ဘယ်သူမှလဲ ထိခိုက်မှာမဟုတ်တော့ဘူး။ ပြသနာက အဆုံးသတ်သွားမှာပါ။ ခွင့်မလွတ်နိုင်တဲ့အခါ စွန့်လွတ်လိုက်ပါ။

အရွဲ့တိုက်မယ်ဆို ၂ဦး၂ဖက်လုံး ထိခိုက်တာပဲ အဖက်တင်မှာပါ။ ဘာကောင်းကျိူးမှဖြစ်မလာတဲ့အပြင် သင်အရွဲ့တိုက်လိုက်လို့ ဖြစ်လာတဲ့အကျိူးရလာဒ်ကြောင့် သင်နောင်တရမယ့်အဖြစ်မျိူး ကြုံလာရနိုင်ပါတယ်။

အရွဲ့တိုက်မယ့်အစား ပျော်ရွှင်စရာအမှတ်တရများ ဖန်တီးနိုင်ကြပါစေ။

Credit : Love shop

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top