iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလမွာ ေသးငယ္တယ္လို႔ထင္ရတဲ့အရာေလးေတြ သတိမမူမိတဲ့ အမူအက်င့္ ေလးေတြက ကြၽန္ေတာ္တို႔ခံစားခ်က္ေတြကို ဖ်က္စီးႏိုင္ပါတယ္။ ဒီလိုအရာေလးေတြကို သိရွိျခင္းျဖင့္ အမွားေသးေသးေလးေတြကေန မလိုအပ္တဲ့ အက်ိဳးဆက္ေတြကို တားဆီးႏိုင္ပါလိမ့္မယ္။

၁။ ေသးငယ္တဲ့အရာေလးေတြကို လိမ္တတ္တဲ့ အမူအက်င့္
ကြၽန္ေတာ္ တို႔ေတြဟာ အေကာင္းေတြကိုပဲ အၿမဲလိုခ်င္တတ္ပါတယ္။ ဒီလိုလိုခ်င္တဲ့အရာေတြကို ရရွိေအာင္မစြမ္းေဆာင္ႏိုင္တဲ့အခါ အခ်ိဳ႕လူေတြက အထင္ႀကီးခံခ်င္တဲ့စိတ္နဲ႔ လိမ္ညာတတ္ၾကပါတယ္။ ဘယ္လိုပဲ လိမ္ညာပါေစ အမွန္တရားဆိုတာဟာ အေႏွးနဲ႔အျမန္ဆိုသလို ေပၚေပါက္လာတတ္တာေၾကာင့္ ၾကာလာရင္လူေတြက သင့္စကားကိုမယုံးၾကေတာ့သလို သင့္ကိုယ္သင္တန္ဖိုးထားမႈလည္း
ေလ်ာ့က်လာတတ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္ေျပာတဲ့အရာေတြဟာ လိမ္လည္မႈ ေတြဆိုတာကို သင့္ကိုယ္သင္သိေနလို႔ပါပဲ။

၂။ အျခားသူေတြကို အျပစ္ ပုံခ်တတ္တဲ့အမူအက်င့္
အျခားသူေတြကို အျပစ္ ပုံခ်တတ္ျခင္းဟာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ရဲ႕ တာဝန္ခံမႈမရွိေၾကာင္းကို ဝန္ခံသလိုပါပဲ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ လုပ္ေဆာင္ခ်က္ေတြကို တာဝန္ခံမႈမရွိျခင္းဟာ ေရရွည္မွာကြၽန္ေတာ္တို႔ကို ထိခိုက္ေစႏိုင္ပါတယ္။

၃။ ခံစားခ်က္ အစစ္ေတြကို ဖုံးကြယ္တတ္တဲ့ အမူအက်င့္
ခံစားခ်က္ ေတြကို ဖုံးကြယ္တတ္ျခင္းဟာ တနည္းအားျဖင့္ အျခားသူေတြကို ျပသရမွာ စိုး႐ြံ႕ျခင္းျဖစ္ပါတယ္။ ကိုယ္ရဲ႕ခံစားခ်က္ေတြကို ဖုံးကြယ္ျခင္း ဟာ တခ်ိန္မွာကိုယ့္အတြက္ ဆုံးရႈံးမႈေတြကို ျဖစ္ေစတတ္ပါတယ္။

၄။အရမ္းေနာက္က်မွ ဒုက ၡကိုဂ႐ုစိုက္တတ္ျခင္း
ကိုယ္အတြက္ မေကာင္းတာေတြကို ႀကဳံမွာသိသိရက္နဲ႔ အေလးမထားျခင္း စိတ္မျပတ္သားျခင္းတို႔ေၾကာင့္ ၾကာလာတဲ့အခါ ဆိုး႐ြားတဲ့အေျခအေနေတြကို ရင္ဆိုင္ရႏိုင္ပါတယ္။

၅။ ျပစ္တင္တိုင္ေတာတတ္ျခင္း
တခ်ိဳ႕လူေတြဟာ သူတို႔ရဲ႕ပတ္ဝန္းက်င္ မွာရွိတဲ့ အရာေတြအေပၚ အၿမဲမေက်နပ္ျဖစ္ေနတတ္ၾကပါတယ္။ ဒီလိုမေက်နပ္မႈေတြကိုလည္း အျခားသူေတြကိုရင္ဖြင့္တတ္တဲ့အတြက္လည္း အျခားသူေတြရဲ႕စိတ္ၿငိဳျငင္မႈကို ခံရႏိုင္ပါတယ္။ ဒီလိုအမူအက်င္ဟာ သင့္ရဲကယုံၾကည္မႈကိုလည္း ေပ်ာက္ဆုံးေစတ္ၿပီး မေကာင္းျမင္သူတစ္ေယာက္ျဖစ္ေစပါလိမ့္မယ္။

၆။ သင္ရဲ႕ႂကြယ္ဝမႈထက္ ေက်ာ္လြန္ေအာင္ ေနထိုင္ျခင္း
ကြၽန္ေတာ္တို႔ အားထုတ္ႏိုင္တာထက္ပိုၿပီး ေငြးေၾကးကိုသုံးစြဲျခင္းဟာ ကိုယ့္ကိုကိုယ္အဆိုးသံသရာထဲ ဆြဲသြင္းသလိုပါပဲ။ ဒါေၾကာင့္ ကိုယ္ဝယ္ခ်င္တဲ့အရာေတြကို ကိုယ္ရဲ႕ဝင္ေငြနဲ႔ ျပန္လည္ခ်ိန္ညႇိၿပီးမွသာ ဝယ္ယူသင့္ၿပီး အျခားသူေတြဆီက မၾကာခဏေခ်းငွားျခင္းမ်ိဳးကို ေရွာင္က်ဥ္သင့္ပါတယ္။

၇။ တစ္ခုခုကို အၿမဲ သက္ေသျပ ခ်င္တဲ့ အမူအက်င့္
တကယ္လို႔သင္ဟာ အၿမဲတမ္းအျခားသူေတြရဲ႕ အျမင္ေတြကို သေဘာမတူတဲ့အခါ အေႏွးနဲ႔အျမန္ဆိုသလို လူေတြနဲ႔ကင္းကြာလာပါလိမ့္မယ္။ သင္ကအၿမဲမွန္ေနရင္ေတာင္မွ အျခားသူေတြလည္း သူတို႔ရဲ႕အျမင္အေပၚ မွန္တယ္လို႔ယူဆၾကမွာပါပဲ။ တခါတစ္ေလေတြမွာ တခ်ိဳ႕အရာေတြဟာ တျခားတစ္ဖက္ကေန ပိုေကာင္းေနတတ္ပါတယ္။

၈။ အရာရာတိုင္းကို ၿပီးျပည့္စုံမွ လက္ခံတတ္တဲ့အယူအဆ
အရာအားလုံးကို ၿပီးျပည့္စုံေအာင္ ေစ့ေစ့စပ္စပ္သုံးသပ္တတ္ျခင္းဟာ အံ့ၾသစရာေကာင္းပါတယ္။ ဒါေပမယ့္ ဒါဟာလည္း စိတ္မူမမွန္ျခင္းတစ္မ်ိဳးလို႔ ပညာရွင္ေတြက သုံးသပ္ၾကပါတယ္။ ဖန္တီးမႈအရာရာတိုင္းဟာ ပုဂၢလအယူအဆျဖစ္တာေၾကာင့္ လူတိုင္းခံစားပုံမတူညီၾကျခင္းကို နားလည္ရင္ အဆိုပါအယူအဆကို ေျဖေဖ်ာက္ႏိုင္ပါလိမ့္မယ္။

၉။ အေရးမႀကီးတာေတြကို ဦးစားေပး တတ္ျခင္း
ဘဝမွာအေရးမႀကီးတာေတြကို ေရွ႕တန္းတင္တာေၾကာင့္ ေနာင္တခ်ိန္မွာ ေနာင္တရစရာေတြ ႀကဳံေတြရတတ္ပါတယ္။

၁၀။ ကိုယ့္ကိုကိုယ္စေတးခံျခင္း

ဒီလိုကိုယ္က်ိဳးကို စြန႔္လႊတ္တတ္ျခင္းမ်ိဳးဆိုရင္ လူ႔အသိုင္းက သူေတာ္ေကာင္းအျဖစ္ခ်ီးက်ဴးတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတြဟာအရိယာသူေတာ္စင္ေတြ မဟုတ္တဲ့အတြက္ ကိုယ္က်ိဳးကိုအၿမဲစြန႔္ျခင္းဟာ ကိုယ့္ကိုကိုယ္ေလးစားခ်စ္ခင္မႈ ေလ်ာ့နည္းေစသလို အျခားသူေတြရဲ႕အခြင့္အေရးယူမႈကို အၿမဲတမ္းခံေနရတတ္ပါတယ္။ဒါေၾကာင့္ ကိုယ့္ကိုကိုယ္အရင္ဆုံး ခ်စ္ေအာင္ႀကိဳးစားၿပီးမွသာ အျခားသူေတြရဲ႕အလိုဆႏၵကို ျဖည့္ဆည္းဖို႔ႀကိဳးစားသင့္ပါတယ္။

Credit : Lifestyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ခါတစ်လေမှာ သေးငယ်တယ်လို့ထင်ရတဲ့အရာလေးတွေ သတိမမူမိတဲ့ အမူအကျင့် လေးတွေက ကျွန်တော်တို့ခံစားချက်တွေကို ဖျက်စီးနိုင်ပါတယ်။ ဒီလိုအရာလေးတွေကို သိရှိခြင်းဖြင့် အမှားသေးသေးလေးတွေကနေ မလိုအပ်တဲ့ အကျိုးဆက်တွေကို တားဆီးနိုင်ပါလိမ့်မယ်။

၁။ သေးငယ်တဲ့အရာလေးတွေကို လိမ်တတ်တဲ့ အမူအကျင့်
ကျွန်တော် တို့တွေဟာ အကောင်းတွေကိုပဲ အမြဲလိုချင်တတ်ပါတယ်။ ဒီလိုလိုချင်တဲ့အရာတွေကို ရရှိအောင်မစွမ်းဆောင်နိုင်တဲ့အခါ အချို့လူတွေက အထင်ကြီးခံချင်တဲ့စိတ်နဲ့ လိမ်ညာတတ်ကြပါတယ်။ ဘယ်လိုပဲ လိမ်ညာပါစေ အမှန်တရားဆိုတာဟာ အနှေးနဲ့အမြန်ဆိုသလို ပေါ်ပေါက်လာတတ်တာကြောင့် ကြာလာရင်လူတွေက သင့်စကားကိုမယုံးကြတော့သလို သင့်ကိုယ်သင်တန်ဖိုးထားမှုလည်း
လျော့ကျလာတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်ပြောတဲ့အရာတွေဟာ လိမ်လည်မှု တွေဆိုတာကို သင့်ကိုယ်သင်သိနေလို့ပါပဲ။

၂။ အခြားသူတွေကို အပြစ် ပုံချတတ်တဲ့အမူအကျင့်
အခြားသူတွေကို အပြစ် ပုံချတတ်ခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တာဝန်ခံမှုမရှိကြောင်းကို ဝန်ခံသလိုပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်ချက်တွေကို တာဝန်ခံမှုမရှိခြင်းဟာ ရေရှည်မှာကျွန်တော်တို့ကို ထိခိုက်စေနိုင်ပါတယ်။

၃။ ခံစားချက် အစစ်တွေကို ဖုံးကွယ်တတ်တဲ့ အမူအကျင့်
ခံစားချက် တွေကို ဖုံးကွယ်တတ်ခြင်းဟာ တနည်းအားဖြင့် အခြားသူတွေကို ပြသရမှာ စိုးရွံ့ခြင်းဖြစ်ပါတယ်။ ကိုယ်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ခြင်း ဟာ တချိန်မှာကိုယ့်အတွက် ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်ပါတယ်။

၄။အရမ်းနောက်ကျမှ ဒုက ္ခကိုဂရုစိုက်တတ်ခြင်း
ကိုယ်အတွက် မကောင်းတာတွေကို ကြုံမှာသိသိရက်နဲ့ အလေးမထားခြင်း စိတ်မပြတ်သားခြင်းတို့ကြောင့် ကြာလာတဲ့အခါ ဆိုးရွားတဲ့အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

၅။ ပြစ်တင်တိုင်တောတတ်ခြင်း
တချို့လူတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင် မှာရှိတဲ့ အရာတွေအပေါ် အမြဲမကျေနပ်ဖြစ်နေတတ်ကြပါတယ်။ ဒီလိုမကျေနပ်မှုတွေကိုလည်း အခြားသူတွေကိုရင်ဖွင့်တတ်တဲ့အတွက်လည်း အခြားသူတွေရဲ့စိတ်ငြိုငြင်မှုကို ခံရနိုင်ပါတယ်။ ဒီလိုအမူအကျင်ဟာ သင့်ရဲကယုံကြည်မှုကိုလည်း ပျောက်ဆုံးစေတ်ပြီး မကောင်းမြင်သူတစ်ယောက်ဖြစ်စေပါလိမ့်မယ်။

၆။ သင်ရဲ့ကြွယ်ဝမှုထက် ကျော်လွန်အောင် နေထိုင်ခြင်း
ကျွန်တော်တို့ အားထုတ်နိုင်တာထက်ပိုပြီး ငွေးကြေးကိုသုံးစွဲခြင်းဟာ ကိုယ့်ကိုကိုယ်အဆိုးသံသရာထဲ ဆွဲသွင်းသလိုပါပဲ။ ဒါကြောင့် ကိုယ်ဝယ်ချင်တဲ့အရာတွေကို ကိုယ်ရဲ့ဝင်ငွေနဲ့ ပြန်လည်ချိန်ညှိပြီးမှသာ ဝယ်ယူသင့်ပြီး အခြားသူတွေဆီက မကြာခဏချေးငှားခြင်းမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

၇။ တစ်ခုခုကို အမြဲ သက်သေပြ ချင်တဲ့ အမူအကျင့်
တကယ်လို့သင်ဟာ အမြဲတမ်းအခြားသူတွေရဲ့ အမြင်တွေကို သဘောမတူတဲ့အခါ အနှေးနဲ့အမြန်ဆိုသလို လူတွေနဲ့ကင်းကွာလာပါလိမ့်မယ်။ သင်ကအမြဲမှန်နေရင်တောင်မှ အခြားသူတွေလည်း သူတို့ရဲ့အမြင်အပေါ် မှန်တယ်လို့ယူဆကြမှာပါပဲ။ တခါတစ်လေတွေမှာ တချို့အရာတွေဟာ တခြားတစ်ဖက်ကနေ ပိုကောင်းနေတတ်ပါတယ်။

၈။ အရာရာတိုင်းကို ပြီးပြည့်စုံမှ လက်ခံတတ်တဲ့အယူအဆ
အရာအားလုံးကို ပြီးပြည့်စုံအောင် စေ့စေ့စပ်စပ်သုံးသပ်တတ်ခြင်းဟာ အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် ဒါဟာလည်း စိတ်မူမမှန်ခြင်းတစ်မျိုးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဖန်တီးမှုအရာရာတိုင်းဟာ ပုဂ္ဂလအယူအဆဖြစ်တာကြောင့် လူတိုင်းခံစားပုံမတူညီကြခြင်းကို နားလည်ရင် အဆိုပါအယူအဆကို ဖြေဖျောက်နိုင်ပါလိမ့်မယ်။

၉။ အရေးမကြီးတာတွေကို ဦးစားပေး တတ်ခြင်း
ဘဝမှာအရေးမကြီးတာတွေကို ရှေ့တန်းတင်တာကြောင့် နောင်တချိန်မှာ နောင်တရစရာတွေ ကြုံတွေရတတ်ပါတယ်။

၁၀။ ကိုယ့်ကိုကိုယ်စတေးခံခြင်း

ဒီလိုကိုယ်ကျိုးကို စွန့်လွှတ်တတ်ခြင်းမျိုးဆိုရင် လူ့အသိုင်းက သူတော်ကောင်းအဖြစ်ချီးကျူးတတ်ကြပါတယ်။ ဒါပေမယ့် လူတွေဟာအရိယာသူတော်စင်တွေ မဟုတ်တဲ့အတွက် ကိုယ်ကျိုးကိုအမြဲစွန့်ခြင်းဟာ ကိုယ့်ကိုကိုယ်လေးစားချစ်ခင်မှု လျော့နည်းစေသလို အခြားသူတွေရဲ့အခွင့်အရေးယူမှုကို အမြဲတမ်းခံနေရတတ်ပါတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်အရင်ဆုံး ချစ်အောင်ကြိုးစားပြီးမှသာ အခြားသူတွေရဲ့အလိုဆန္ဒကို ဖြည့်ဆည်းဖို့ကြိုးစားသင့်ပါတယ်။

Credit : Lifestyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top