iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ အသက္ ၃၀ ဆိုတဲ့ ကာလအပိုင္းအျခားဟာ သင့္ဘဝရဲ႕ အေကာင္းဆံုးအခ်ိန္ပါပဲ။ တည္ၿငိမ္တ့ဲ အသက္ေမြးဝမ္းေက်ာင္းတစ္ခု ကို လုပ္ကိုင္ေနၿပီး သင့္အေနနဲ႔လည္း ရင့္က်က္သင့္သေလာက္ ရင့္က်က္ေနၿပီလို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့ေၾကာင့္ အသားအေရကိုလည္း ပိုၿပီးဂရုစိုက္ၿပီး သက္ရွည္က်န္းမာေအာင္ ေနထိုင္သင့္ပါတယ္။

၁။ က်န္းမာတဲ့ လူေနမႈဘဝ


သင့္ရဲ႕ ေန႔စဥ္ လူေနမႈ ပံုစံဟာ သိပ္ကိုအေရးႀကီးပါတယ္ေနာ္။ မက်န္းမာဘူးဆိုရင္ေတာ့ သင့္ရဲ႕ အသားအေရလည္း လွပမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မနက္ေစာေစာထပါ။ ညေစာေစာအိပ္ပါ။ အိပ္ေရးဝဝအိပ္ပါ။ ေကာင္းေကာင္းစားပါ။ ေလ့က်င့္ခန္းလုပ္ပါ။

၂။ အသားအေရကို စိုေျပေအာင္ထိန္းပါ

သင့္ရဲ႕ ခႏၶာကိုယ္အသားအေရ၊ ေျခေထာက္၊ လက္ စတဲ့ အသားအေရေတြကို ဂရုစိုက္ပါ။ ထိုက္သင့္တဲ့ အေရးေၾကာင္းေလးေတြ ရွိလာၿပီဆိုေပမယ့္ အသားအရကို ေရဓာတ္ျဖည့္ေပးဖို႔လိုပါတယ္။ ေန႔စဥ္ Body Lotion လိမ္းေပးပါ။ မ်က္ႏွာကို ေသခ်ာသစ္ပါ။ မ်က္ႏွာကိုလည္း Moisturizer လိမ္းေပးပါ။

၃။ ေရဓာတ္ျဖည့္ပါ

အသားအေရလွဖို႔ဆိုတာ ခႏၶာကိုယ္ အျပင္ပိုင္းကသာမက အတြင္းပိုင္းကလည္း ေရဓာတ္ျဖည့္တင္းေပးဖို႕လိုအပ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ရင္ အသားအေရေျခာက္ေသြ႕ႏိုင္လို႔ ေန႔စဥ္ေရမ်ားမ်ားေသာက္ေပးပါ။

၄။ ဖုန္နဲ႔ ေနေရာင္ျခည္ ထိေတြ႕မႈမွ ကာကြယ္ပါ

သင့္အသားအေရကို ဖုန္နဲ႔ ေနေရာင္ျခည္ ထိေတြ႕မႈမွ တတ္ႏိုင္သေလာက္ကာကြယ္ပါ။ UV ပါတဲ့ Lotion ေတြ လိမ္းေပးပါ။

၅။ စိတ္ဖိစီးမႈကင္းၿပီး ေပ်ာ္ေအာင္ေနပါ

စိတ္ပ်ိဳ ကိုယ္ႏုဆိုတဲ့ စကားပံုေတာင္ရွိပါတယ္။ စိတ္ကို အတတ္ႏိုင္ဆံုး ဖိစီးမႈ ကင္းေအာင္ေနၿပီး ေပ်ာ္ေအာင္ေနပါ။ ၿပံဳးပါ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ အသက် ၃၀ ဆိုတဲ့ ကာလအပိုင်းအခြားဟာ သင့်ဘဝရဲ့ အကောင်းဆုံးအချိန်ပါပဲ။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ကို လုပ်ကိုင်နေပြီး သင့်အနေနဲ့လည်း ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီလို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် အသားအရေကိုလည်း ပိုပြီးဂရုစိုက်ပြီး သက်ရှည်ကျန်းမာအောင် နေထိုင်သင့်ပါတယ်။

၁။ ကျန်းမာတဲ့ လူနေမှုဘဝ


သင့်ရဲ့ နေ့စဉ် လူနေမှု ပုံစံဟာ သိပ်ကိုအရေးကြီးပါတယ်နော်။ မကျန်းမာဘူးဆိုရင်တော့ သင့်ရဲ့ အသားအရေလည်း လှပမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မနက်စောစောထပါ။ ညစောစောအိပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကောင်းကောင်းစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

၂။ အသားအရေကို စိုပြေအောင်ထိန်းပါ

သင့်ရဲ့ ခန္ဓာကိုယ်အသားအရေ၊ ခြေထောက်၊ လက် စတဲ့ အသားအရေတွေကို ဂရုစိုက်ပါ။ ထိုက်သင့်တဲ့ အရေးကြောင်းလေးတွေ ရှိလာပြီဆိုပေမယ့် အသားအရကို ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ နေ့စဉ် Body Lotion လိမ်းပေးပါ။ မျက်နှာကို သေချာသစ်ပါ။ မျက်နှာကိုလည်း Moisturizer လိမ်းပေးပါ။

၃။ ရေဓာတ်ဖြည့်ပါ

အသားအရေလှဖို့ဆိုတာ ခန္ဓာကိုယ် အပြင်ပိုင်းကသာမက အတွင်းပိုင်းကလည်း ရေဓာတ်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် အသားအရေခြောက်သွေ့နိုင်လို့ နေ့စဉ်ရေများများသောက်ပေးပါ။

၄။ ဖုန်နဲ့ နေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပါ

သင့်အသားအရေကို ဖုန်နဲ့ နေရောင်ခြည် ထိတွေ့မှုမှ တတ်နိုင်သလောက်ကာကွယ်ပါ။ UV ပါတဲ့ Lotion တွေ လိမ်းပေးပါ။

၅။ စိတ်ဖိစီးမှုကင်းပြီး ပျော်အောင်နေပါ

စိတ်ပျို ကိုယ်နုဆိုတဲ့ စကားပုံတောင်ရှိပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ဖိစီးမှု ကင်းအောင်နေပြီး ပျော်အောင်နေပါ။ ပြုံးပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top