iMyanmarHouse.com - Best Property Website for Myanmar
×








Photos : ပိုင်တံခွန် FB

Credit : Duwun

ပိုင်တံခွန်တစ်ယောက် ချစ်သူရှိနေပြီလို့ ပရိသတ်တွေကို စနောက်လိုက်တဲ့အတွက် သူ့ပရိသတ်တချို့ စိတ်ဆိုးတာကို ခံလိုက်ရပုံပါပဲ။

"ကိုယ့်မှာ ရည်းစားလေး 3 ရက်ကျော်လောက် ရှိချင်ယောင်ဆောင်လိုက်တာ တန်းblock ကြရော/ တကယ်ရက်စက်တာ ကိုယ်မဟုတ်ဘူး ခင်ဗျားလေးတို့ပါ" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဒီနေ့(ဖေဖော်ဝါရီလ ၂၃ရက်) မနက်မှာ ရေးသားလိုက်ပါတယ်။

ပိုင်တံခွန်ဟာ အလှမယ် အိန်ဂျယ်လမုန်နဲ့ ချစ်သူတွေဖြစ်နေပြီလို့ ထင်အောင် လွန်ခဲ့တဲ့ ၃ ရက်ကစလို့ နှစ်ယောက်တွဲ ပုံတွေတင်၊ comment တွေ အပြန်အလှန်ပေး၊ Tag တွေတွဲ လုပ်ခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့တာပါ။

ဒါပေမဲ့ မနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်နေ့) ကတော့ Cele 7 မှာ နှစ်ယောက်အတူ အင်တာဗျူးဖြေဆိုပြီး ပရိသတ်ကို စလိုက်တာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

အစကြမ်းတဲ့ ပိုင်တံခွန်တစ်ယောက် အခုတော့ ခံစားနေရပါပြီ။

ပိုင်တံခွန်ဟာ ပရိသတ်တွေအတွက် ထူးထူးဆန်းဆန်း ဗီဒီယိုဖိုင်လေးတွေ တင်တတ်ပြီး ပရိသတ်တွေကိုလည်း စနောက်တတ်သူ ဖြစ်ပါတယ်။

သူ့ရဲ့ အားလပ်ချိန်တိုင်းကို ပရိသတ်တွေနဲ့ Live ပြောပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မော်ဒယ်လောက ကနေ သရုပ်ဆောင်ပိုင်းကို ဝင်ရောက်လာတဲ့ ပိုင်တံခွန်ကတော့ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

Photos : ပိုင်တံခွန် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top