iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ အခုလက္ရွိအႏုပညာလႈပ္ရွားမႈေတြ န႔ဲပတ္သက္ၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြရုိက္ကူးေနရပါတယ္။ အႏုပညာအလုပ္ေတြ လုပ္ျဖစ္ေနတဲ့ သူ႔အေနနဲ႔ ခ်စ္သူကုိလြမ္းလုိ႔ နယူးေယာက္ကုိ ျပန္ဦးမယ္လုိ႔ကေနေျပာျပခဲ့ပါတယ္။

” ရည္းစားက ျမန္မာျပည္ကမဟုတ္ဘူး နယူးေယာက္ကပဲ။ႀကိဳက္တာလည္း မၾကာေသးေတာ့ အမွတ္တရ ေထြေထြထူးထူးမရွိေသးဘူး၊ ဒါေပမယ့္ ခ်စ္ပါတယ္ မေျပာတတ္ေသးဘူး ဘာေတြျဖစ္လာဦးမလဲဆိုတာေတာ့။ ဟုိတေလာကလည္း ရည္းစားတစ္ေယာက္ရွိတာပဲ ျပတ္သြားၿပီ။ ျပတ္သြားေတာ့လည္း အသည္းေတြကြဲ၊ အခ်ိန္တန္ေတာ့လည္း ေနာက္တစ္ေယာက္ေပၚလာတာေပါ့။ ေလာေလာဆယ္ေတာ့ ကုိယ္က Long Distance Relationship ကုိ ထိန္းသိမ္းရတာ ေတာ္ေတာ္မလြယ္တဲ့ ကိစၥပါ။ ကၽြန္ေတာ္ကလည္း အရမ္းသဝန္တုိတတ္တဲ့ လူစားမ်ဳိးဆုိေတာ့ ျပႆနာခဏခဏတတ္တယ္။ ဒီတစ္ေယာက္ကုိေတာ့ ကၽြန္ေတာ္ ေတာ္ေတာ္ေလး စိတ္ေလ်ာ့ထားတယ္၊ ကုိယ္လည္း ကုိယ့္အလုပ္ကုိယ္လုပ္ရတယ္ ဒါကုိလည္း သူက နားလည္ေပးပါတယ္” လုိ႔ ဆုိပါတယ္။

ခ်စ္သူက သူ႔အေပၚနားလည္ေပးတတ္မႈေတြကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

” ကၽြန္ေတာ္ တစ္ခါတစ္ေလ အရမ္းအလုပ္ရႈပ္တဲ့အခ်ိန္မ်ဳိးမွာ အခ်ိန္မေပးႏုိင္တာမ်ဳိးေတြရွိတယ္၊ ကၽြန္ေတာ္က နဂုိကတည္းက အရမ္းေမ့တတ္ တဲ့လူစားမ်ဳိးဆိုေတာ့ စာေလးတစ္ေၾကာင္းေလာက္ ေရးဖုိ႔ကုိေတာင္ မေရးျဖစ္လုိက္တာမ်ဳိးရွိတယ္။ ဒီတစ္ေယာက္ကေတာ့ နားလည္ေပးပါ တယ္။ လူတုိင္းကေတာ့ စတြဲၿပီဆုိကတည္းက ေရရွည္မွန္းတာပဲေလ ျပတ္ကာမွသာ ျပတ္ေရာေပါ့။ အခ်စ္ဆုိတာကေတာ့ ကၽြန္ေတာ့္ အသက္ အရြယ္မွာ ျမင္ျမင္ခ်င္း ခ်စ္တာေတြ၊ အသံၾကားရုံနဲ႔ ခ်စ္တာေတြ မရွိဘူး၊ စိတ္ထဲကေန စြဲစြဲျမဲျမဲခ်စ္ဖုိ႔လည္း ကၽြန္ေတာ့္အတြက္ အခ်ိန္ကာလ တစ္ခုလုိတယ္” လုိ႔ သူကဆုိပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ ခ်စ္သူရွိတဲ့အေၾကာင္းကုိ ဖြင့္ဟဝန္ခံလုိက္ေပမယ့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိလည္း ဒီ့ထက္မက ပုိလုိခ်င္တယ္လုိ႔ ဆုိပါတယ္။ ပရိသတ္အခ်စ္ကုိရဖုိ႔ အတြက္ အႏုပညာအလုပ္ေတြကုိ အရင္ကထက္ ပိုႀကိဳးစားသြားမယ္လုိ႔ သူကဆိုပါတယ္။

Photo: ဥကၠာမင္းေမာင္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ အခုလက်ရှိအနုပညာလှုပ်ရှားမှုတွေ နဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပါတယ်။ အနုပညာအလုပ်တွေ လုပ်ဖြစ်နေတဲ့ သူ့အနေနဲ့ ချစ်သူကိုလွမ်းလို့ နယူးယောက်ကို ပြန်ဦးမယ်လို့ ကနေပြောပြခဲ့ပါတယ်။

” ရည်းစားက မြန်မာပြည်ကမဟုတ်ဘူး နယူးယောက်ကပဲ။ကြိုက်တာလည်း မကြာသေးတော့ အမှတ်တရ ထွေထွေထူးထူးမရှိသေးဘူး၊ ဒါပေမယ့် ချစ်ပါတယ် မပြောတတ်သေးဘူး ဘာတွေဖြစ်လာဦးမလဲဆိုတာတော့။ ဟိုတလောကလည်း ရည်းစားတစ်ယောက်ရှိတာပဲ ပြတ်သွားပြီ။ ပြတ်သွားတော့လည်း အသည်းတွေကွဲ၊ အချိန်တန်တော့လည်း နောက်တစ်ယောက်ပေါ်လာတာပေါ့။ လောလောဆယ်တော့ ကိုယ်က Long Distance Relationship ကို ထိန်းသိမ်းရတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ကျွန်တော်ကလည်း အရမ်းသဝန်တိုတတ်တဲ့ လူစားမျိုးဆိုတော့ ပြဿနာခဏခဏတတ်တယ်။ ဒီတစ်ယောက်ကိုတော့ ကျွန်တော် တော်တော်လေး စိတ်လျော့ထားတယ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ရတယ် ဒါကိုလည်း သူက နားလည်ပေးပါတယ်” လို့ ဆိုပါတယ်။

ချစ်သူက သူ့အပေါ်နားလည်ပေးတတ်မှုတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” ကျွန်တော် တစ်ခါတစ်လေ အရမ်းအလုပ်ရှုပ်တဲ့အချိန်မျိုးမှာ အချိန်မပေးနိုင်တာမျိုးတွေရှိတယ်၊ ကျွန်တော်က နဂိုကတည်းက အရမ်းမေ့တတ် တဲ့လူစားမျိုးဆိုတော့ စာလေးတစ်ကြောင်းလောက် ရေးဖို့ကိုတောင် မရေးဖြစ်လိုက်တာမျိုးရှိတယ်။ ဒီတစ်ယောက်ကတော့ နားလည်ပေးပါ တယ်။ လူတိုင်းကတော့ စတွဲပြီဆိုကတည်းက ရေရှည်မှန်းတာပဲလေ ပြတ်ကာမှသာ ပြတ်ရောပေါ့။ အချစ်ဆိုတာကတော့ ကျွန်တော့် အသက် အရွယ်မှာ မြင်မြင်ချင်း ချစ်တာတွေ၊ အသံကြားရုံနဲ့ ချစ်တာတွေ မရှိဘူး၊ စိတ်ထဲကနေ စွဲစွဲမြဲမြဲချစ်ဖို့လည်း ကျွန်တော့်အတွက် အချိန်ကာလ တစ်ခုလိုတယ်” လို့ သူကဆိုပါတယ်။

ဥက္ကာမင်းမောင်ကတော့ ချစ်သူရှိတဲ့အကြောင်းကို ဖွင့်ဟဝန်ခံလိုက်ပေမယ့် ပရိသတ်တွေရဲ့ အချစ်ကိုလည်း ဒီ့ထက်မက ပိုလိုချင်တယ်လို့ ဆိုပါတယ်။ ပရိသတ်အချစ်ကိုရဖို့ အတွက် အနုပညာအလုပ်တွေကို အရင်ကထက် ပိုကြိုးစားသွားမယ်လို့ သူကဆိုပါတယ်။

Photo: ဥက္ကာမင်းမောင်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top