iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ ရည္းစားျဖစ္ၾကျပီဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလို ေလးစားသမွုေလးေတာ့ ထားသင့္ပါတယ္။ ဒီလိုနားလည္မွုေပးႏိုင္မွလည္းတစ္ေယာက္နဲ႔ တစ္ေယာက္ ဘဝကို ဝင္စြက္ဖက္ခြင့္ျပဳတာအေကာင္းဆံုးပါ။

ဖုန္းမအားတာ/ဖုန္းမကိုင္တာ

ခ်စ္သူရည္းစားျဖစ္ျပီဆိုတာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္တိုင္းဖုန္းေျပာခ်င္တာ သဘာဝပါ။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ဟာ အခ်ိန္တိုင္းအျမဲခ်စ္ေနလို႔မရပါ။ သူမအားတဲ့အခ်ိန္ရွိသလို ကိုယ္မအားတဲ့အခ်ိန္လည္းရွိမယ္။ ကိုယ့္ဖုန္းကို သူမကိုင္တဲ့အခါမ်ိဳးမွာ ကိုယ္ကေတာ့ ေဒါသထြက္ ေလ်ွာက္ေတြးေနမိပါလိမ့္မယ္။ တကယ္ဆိုရင္ ကုိယ္တခါေခၚလိုက္လို႔ သူမအားဘူး/မကိုင္ဘူးဆိုရင္ ကိုယ္ကအလိုက္တသိနဲ႔ ဆက္မေခၚတာ အေကာင္းဆံုးနားလည္ေပးမွုျဖစ္ပါလိမ့္မယ္။

Facebook

ခ်စ္သူရည္းစားျဖစ္ျပီဆိုတာနဲ႔ ေဖ့ဘုတ္ေပၚမွာ Relationship ခ်ိတ္ရမယ္။ ကိုယ့္နဲ႔စံုတြဲပံုတင္ထားေပးရမယ္။ Password ေပးထားရမယ္။ ဒါေတြဟာ သာမန္ရည္းစားေတြအေနနဲ႔ ေတာင္းဆိုေနက်အရာေတြပါ။ သို႔ေပမယ့္ ကိုယ့္ရည္းစားက လုပ္ငန္းခြင္ဝင္ေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ သူ႔အေကာင့္ထဲမွာ လုပ္ငန္းထဲက လုပ္ေဖာ္ကိုင္ဖက္ေတြရွိေကာင္းရွိေနပါလိမ့္မယ္။ သူ႕အေနနဲ႔ Relationship တို႔ စံုတြဲပံုတို႔ကို ခ်ိန္းခိုင္းျပီး ကေလးဆန္ျပဖို႔ဆိုတာ တခါတရံက်ေတာ့ ခက္ခဲတတ္ပါတယ္။ ဒီလိုအရာမ်ိဳးေတြမွာ သူ႔ကိုအတင္းအက်ပ္မေစခိုင္းတာကလည္း သူ႔ကိုနားလည္ေပးျခင္းတစ္မ်ိဳးပါပဲ။

ေရြးခ်ယ္ေပါင္းသင္းေစျခင္း
ဒါဟာလည္း လူတစ္ေယာက္ကိုေခ်ာင္ပိတ္ရိုက္သလိုပါပဲ။ မိမိကိုယ္တိုင္လည္း ငယ္ငယ္ေလးတည္းကေပါင္းလာတဲ့သူငယ္ခ်င္းပဲျဖစ္ျဖစ္ ေကာင္းေကာင္း မေကာင္းေကာင္း ေပါင္းမွာပဲ။ ေယာက္က်ားေလးျဖစ္လို႔ မိန္းကေလးျဖစ္လို႔ မေပါင္းရဘူး။ စကားမေျပာရဘူး ဆုိတာေတြဟာ ေျပာတဲ့သူကိုယ္တိုင္ လူမွုေရးေခါင္ပါးတဲ့အေနအထားကိုေရာက္သြားပါျပီ။ ဒါေတြဟာလည္း ကိုယ့္ကို စိတ္ပ်က္သြားေစတဲ့ စိတ္ထားေတြျဖစ္တတ္ပါတယ္။ အဓိက သူနဲ႔ကိုယ္ယံုၾကည္မွုရွိေနရင္ နားလည္မွုဆိုတာ အလိုလိုျဖစ္လာမွာပါ။

ရည္းစားေဟာင္းနဲ႔ျပသနာရွာျခင္း

အဆိုးဆံုးျပသနာတစ္ရပ္ပါ။ ခ်စ္သူသဘာဝအရ နင္အရင္က ဘယ္ႏွစ္ေယာက္ထားခဲ့လဲ။ ငါအရင္ကဘယ္ႏွစ္ေယာက္ထားခဲ့တယ္ ဆိုတာေတြဟာ ႏွစ္ဦးၾကားမွာ ပြင့္ပြင့္လင္းလင္းဆက္ဆံမွုမ်ိဳးကိုလိုခ်င္လို႔ ေျပာျပခဲ့ၾကတာပါ။ ႏွစ္ဦးၾကားမွာ အဖုအထစ္ေတြျဖစ္လာဖို႔အတြက္မဟုတ္ပါ။ ရည္းစားေဟာင္းနဲ႔ပတ္သက္ျပီး တစ္ဦးနဲ႔တစ္ဦး အတတ္ႏိုင္ဆံုးနားလည္မွုထားတာ အေကာင္းဆံုးပါ။

လူၾကားထဲမွာ ႏိုင္ထက္ကလူမျပဳပါနဲ႔

လူတိုင္းလူတိုင္းဟာ ရွက္တတ္ၾကပါတယ္။ ေနာက္ကြယ္မွာ ဘယ္လိုပဲ ေအာ္ေအာ္ သတ္သတ္ လူေတြေရွ႕ေရာက္ရင္ ကိုယ့္ရည္းစားက ကုိယ့္ကို ဘယ္ေလာက္ခ်စ္၊ ဂရုစိုက္ေၾကာင္းကိုပဲ ပံုေဖာ္ခ်င္ၾကတာပါ။ အဲ့ဒါကို ကိုယ္ကိုတုိင္က လူေတြေရွ႕ေရာက္ရင္ hero ၾကီးလုပ္ျပီး ေအာ္တာတို႔ ၊ လက္ပါတာတုိ႔ မလုပ္ပါနဲ႔။ တစ္ေယာက္နဲ႔ တစ္ေယာက္ေလးစားပါ။ စည္းရွိပါ။ ကိုယ့္အတြဲကို သူမ်ားေတြအထင္ေသးသြားတဲ့အခါ စီးပြားေရး၊ လူမွုေရး ပတ္ဝန္းက်င္မွာ ႏွိမ္တဲ့မ်က္လံုးေတြနဲ႔ၾကည့္ပါလိမ့္မယ္

Credit : millionlike
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူ ရည်းစားဖြစ်ကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဒီလို လေးစားသမှုလေးတော့ ထားသင့်ပါတယ်။ ဒီလိုနားလည်မှုပေးနိုင်မှလည်းတစ်ယောက်နဲ့ တစ်ယောက် ဘဝကို ဝင်စွက်ဖက်ခွင့်ပြုတာအကောင်းဆုံးပါ။

ဖုန်းမအားတာ/ဖုန်းမကိုင်တာ

ချစ်သူရည်းစားဖြစ်ပြီဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အချိန်တိုင်းဖုန်းပြောချင်တာ သဘာဝပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ဟာ အချိန်တိုင်းအမြဲချစ်နေလို့မရပါ။ သူမအားတဲ့အချိန်ရှိသလို ကိုယ်မအားတဲ့အချိန်လည်းရှိမယ်။ ကိုယ့်ဖုန်းကို သူမကိုင်တဲ့အခါမျိုးမှာ ကိုယ်ကတော့ ဒေါသထွက် လျှောက်တွေးနေမိပါလိမ့်မယ်။ တကယ်ဆိုရင် ကိုယ်တခါခေါ်လိုက်လို့ သူမအားဘူး/မကိုင်ဘူးဆိုရင် ကိုယ်ကအလိုက်တသိနဲ့ ဆက်မခေါ်တာ အကောင်းဆုံးနားလည်ပေးမှုဖြစ်ပါလိမ့်မယ်။

Facebook

ချစ်သူရည်းစားဖြစ်ပြီဆိုတာနဲ့ ဖေ့ဘုတ်ပေါ်မှာ Relationship ချိတ်ရမယ်။ ကိုယ့်နဲ့စုံတွဲပုံတင်ထားပေးရမယ်။ Password ပေးထားရမယ်။ ဒါတွေဟာ သာမန်ရည်းစားတွေအနေနဲ့ တောင်းဆိုနေကျအရာတွေပါ။ သို့ပေမယ့် ကိုယ့်ရည်းစားက လုပ်ငန်းခွင်ဝင်နေတဲ့သူတစ်ယောက်ဆိုရင်တော့ သူ့အကောင့်ထဲမှာ လုပ်ငန်းထဲက လုပ်ဖော်ကိုင်ဖက်တွေရှိကောင်းရှိနေပါလိမ့်မယ်။ သူ့အနေနဲ့ Relationship တို့ စုံတွဲပုံတို့ကို ချိန်းခိုင်းပြီး ကလေးဆန်ပြဖို့ဆိုတာ တခါတရံကျတော့ ခက်ခဲတတ်ပါတယ်။ ဒီလိုအရာမျိုးတွေမှာ သူ့ကိုအတင်းအကျပ်မစေခိုင်းတာကလည်း သူ့ကိုနားလည်ပေးခြင်းတစ်မျိုးပါပဲ။

ရွေးချယ်ပေါင်းသင်းစေခြင်း
ဒါဟာလည်း လူတစ်ယောက်ကိုချောင်ပိတ်ရိုက်သလိုပါပဲ။ မိမိကိုယ်တိုင်လည်း ငယ်ငယ်လေးတည်းကပေါင်းလာတဲ့သူငယ်ချင်းပဲဖြစ်ဖြစ် ကောင်းကောင်း မကောင်းကောင်း ပေါင်းမှာပဲ။ ယောက်ကျားလေးဖြစ်လို့ မိန်းကလေးဖြစ်လို့ မပေါင်းရဘူး။ စကားမပြောရဘူး ဆိုတာတွေဟာ ပြောတဲ့သူကိုယ်တိုင် လူမှုရေးခေါင်ပါးတဲ့အနေအထားကိုရောက်သွားပါပြီ။ ဒါတွေဟာလည်း ကိုယ့်ကို စိတ်ပျက်သွားစေတဲ့ စိတ်ထားတွေဖြစ်တတ်ပါတယ်။ အဓိက သူနဲ့ကိုယ်ယုံကြည်မှုရှိနေရင် နားလည်မှုဆိုတာ အလိုလိုဖြစ်လာမှာပါ။

ရည်းစားဟောင်းနဲ့ပြသနာရှာခြင်း

အဆိုးဆုံးပြသနာတစ်ရပ်ပါ။ ချစ်သူသဘာဝအရ နင်အရင်က ဘယ်နှစ်ယောက်ထားခဲ့လဲ။ ငါအရင်ကဘယ်နှစ်ယောက်ထားခဲ့တယ် ဆိုတာတွေဟာ နှစ်ဦးကြားမှာ ပွင့်ပွင့်လင်းလင်းဆက်ဆံမှုမျိုးကိုလိုချင်လို့ ပြောပြခဲ့ကြတာပါ။ နှစ်ဦးကြားမှာ အဖုအထစ်တွေဖြစ်လာဖို့အတွက်မဟုတ်ပါ။ ရည်းစားဟောင်းနဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အတတ်နိုင်ဆုံးနားလည်မှုထားတာ အကောင်းဆုံးပါ။

လူကြားထဲမှာ နိုင်ထက်ကလူမပြုပါနဲ့

လူတိုင်းလူတိုင်းဟာ ရှက်တတ်ကြပါတယ်။ နောက်ကွယ်မှာ ဘယ်လိုပဲ အော်အော် သတ်သတ် လူတွေရှေ့ရောက်ရင် ကိုယ့်ရည်းစားက ကိုယ့်ကို ဘယ်လောက်ချစ်၊ ဂရုစိုက်ကြောင်းကိုပဲ ပုံဖော်ချင်ကြတာပါ။ အဲ့ဒါကို ကိုယ်ကိုတိုင်က လူတွေရှေ့ရောက်ရင် hero ကြီးလုပ်ပြီး အော်တာတို့ ၊ လက်ပါတာတို့ မလုပ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်လေးစားပါ။ စည်းရှိပါ။ ကိုယ့်အတွဲကို သူများတွေအထင်သေးသွားတဲ့အခါ စီးပွားရေး၊ လူမှုရေး ပတ်ဝန်းကျင်မှာ နှိမ်တဲ့မျက်လုံးတွေနဲ့ကြည့်ပါလိမ့်မယ်

Credit : millionlike

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top