iMyanmarHouse.com - Best Property Website for Myanmar
×












***စနေ***


Credit : Felling

စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပီဆိုကတည်းက
စိတ်ကြီးတတ်ကြပါတယ် ဒေါသဖြစ်ပီဆိုရင်လည်း
အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်

ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲ
တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါ
အစွဲအလန်းကြီးတယ် အမှတ်တရတွေကိုသတိရနေတတ်တယ်
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး

ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ
စိတ်ကြီးတယ်မဟုတ်မခံတတ်ဘူး အချိန်ခနလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့
ဟုန်းခနဲထတောက်တဲ့မီးလိုပဲ ဒေါသတွေကခနပဲ ကြာကြာတော့စိတ်ထဲမထားတတ်ဘူး
ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်
သနားတတ်တဲ့စိတ်ထားရှိကြတယ်

မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထားစနေမှာအပြည့်အဝရှိတယ်
အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာစနေပါ

သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ်
မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ

စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်
ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပါဘဲ

ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပီးမခေါ်ကြရင်
ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး မာနအိုးတွေပါ
သူ့ဘက်ကစခေါ်ပီဆိုရင်လည်း သူ့ထက်2ဆခင်မင်ပြတတ်တာစနေ

ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး
အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်

ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကိုလက်ကြောတင်းအောင်
အကောင်းဆုံး လုပ်ကြပါတယ် ကိုယ်လုပ်ထားတဲ့အရာတွေကို
အကောင်းပြောတာဘဲ ခံချင်ကြတာလည်းစနေပဲ

သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ်
တခါတလေ တယောက်ထဲရှိရင်သီချင်းတွေညည်းနေတတ်တယ်
အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ်

အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်
စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ

***စနေ***

အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့
ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ် ...!!

Credit : Felling

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top