iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးမ်ား ဓမၼတာ မလာခင္အခ်ိန္၊ ကိုယ္၀န္ေဆာင္ခ်ိန္၊ ကေလးငယ္ႏို႕တိုက္ေကၽြးခ်ိန္ႏွင့္ ဓမၼတာျဖစ္ၿပီးအခ်ိန္မ်ားတြင္ ရင္သားတင္းမာမႈကို ခံစားရသည္မွာ ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါ။ အခ်ိဳ႕မိန္းကေလးမ်ားအတြက္ ရင္သားတင္းမာမႈႏွင့္ နာက်င္မႈမွာ အခ်ိန္အတိုင္းအတာတစ္ခုၿပီးလွ်င္ အလိုအေလ်ာက္ေပ်ာက္ကင္းသြားတတ္ေသာ္လည္း ထိုတင္းမာမႈကို ခံစားေနရစဥ္အတြင္း သက္သာမႈရွိေစရန္အတြက္ အလြယ္တကူလုပ္ေဆာင္ႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို MyStyle Myanmar ကေန တင္ဆက္ေပးခ်င္ပါတယ္။

၁။ ညွင္သာစြာႏွိပ္နယ္ေပးျခင္း
ႏွိပ္နယ္ေပးျခင္းသည္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစတာေႀကာင့္ နာက်င္မႈႏွင့္တင္းမာမႈတို႕ကို သက္သာေျပေလ်ာ့ေစပါတယ္။
သံလြင္ဆီ သို႕မဟုတ္ အုန္းဆီကို ရင္သားအေပၚလိမ္းက်ံေပးၿပီး အေပၚပိုင္းကေနစၿပီး စက္၀ိုင္းပံုသ႑ာန္အတိုင္း ညွင္သာစြာ ႏွိပ္္နယ္ေပးပါ။ အျခားတစ္ဖက္ကိုလည္း ပံုစံတူျပဳလုပ္ေပးပါ။ သက္သာလာသည္အထိ တေန႕လွ်င္ ၂ ႀကိမ္မွ သံုးႀကိမ္အထိ လုပ္ေဆာင္ေပးပါ။

၂။ ေရခဲကပ္ေပးျခင္း
ေရခဲကပ္ေပးျခင္းက ရင္သားတင္းမာမႈအတြက္သာမက အျခားထိခိုက္ဒဏ္ရာမ်ားရဲ႕ နာက်င္မႈကိုပါ သက္သာေစႏုိင္ပါတယ္။
ေရခဲတံုးမ်ားကို အ၀တ္တစ္ခုထဲတြင္ထည့္ခ်ည္ၿပီး ရင္သားေအာက္၊ ဘယ္ဖက္၊ ညာဖက္တို႕တြင္ ေရခဲတံုးမ်ားအရည္ေပ်ာ္သြားသည္အထိ ထားရွိေပးပါ။ တေန႕လွ်င္သံုးႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။
မွတ္ခ်က္ – ရင္သားအေပၚသို႕တိုက္ရိုက္မလုပ္ေပးပါႏွင့္။

၃။ အပူကပ္ျခင္း
အပူဓာတ္ေပးျခင္းက ရင္သားအတြင္းရွိ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစရန္ ကူညီေပးႏုိင္တာေႀကာင့္ လက္ကိုင္ပု၀ါတစ္ထည္ကို ေရေႏြးေႏြးထဲထည့္စိမ္ၿပီး ေရညွစ္ထုတ္ပစ္ပါ။ စိုစြတ္ၿပီးအေႏြးဓာတ္ရွိေနသည့္ တဘက္ကို နာက်င္သည့္ေနရာတ၀ိုက္တြင္ အ၀တ္ေျခာက္သြားသည္အထိထားေပးပါ။ တစ္ခါလုပ္လွ်င္ သံုးႀကိမ္မွေလးႀကိမ္အထိ လုပ္ေဆာင္ေပးပါ။

၄။ အေထာက္အပံ့ပါသည့္အတြင္းခံကို၀တ္ဆင္ေပးပါ။
သက္ေသာင့္သက္သာမရွိသည့္၊ ေသခ်ာဆံ့၀င္မႈမရွိသည့္ အတြင္းခံမ်ားကို ၀တ္ဆင္ျခင္းကေနလည္း ရင္သားတင္းမာမႈႏွင့္ နာက်င္မႈကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ဒါေႀကာင့္ အရမ္းတင္းႀကပ္ေနသည့္ သို႕မဟုတ္ ႀကိဳးပါသည့္၊ ေဟာင္းႏြမ္းေနသည့္ အတြင္းခံမ်ားကို မ၀တ္ဆင္ပါႏွင့္။

၅။ ႀကက္ဆူဆီ
အေႀကာမ်ားကို သက္သာရာရေစရံုသာမက ေသြးလည္ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။ လက္ဖက္ရည္ဇြန္းတစ္ဇြန္းရွိ ႀကက္ဆူဆီကို သံလြင္ဆီ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းျဖင့္ ေရာစပ္ကာ တင္းမာေနေသာရင္သားမ်ားအေပၚ လိမ္းေပးပါ။ ၿပီးလွ်င္ အေႏြးဓာတ္ရွိသည့္အ၀တ္ကို ၅ မိနစ္မွ ၁၀ မိနစ္ခန္႕အထိ ထားေပးၿပီးေနာက္ ႀကက္သီးေႏြးထရံုမွ်ေရျဖင့္ ဆီမ်ားကိုေဆးေႀကာသန္႕စင္ေပးႏိုင္ပါတယ္။
တင္းမာမႈေျပေပ်ာက္သြားသည္အထိ တေန႕လွ်င္တစ္ႀကိမ္လုပ္ေဆာင္ေပးပါ။

၆။ ဗီတာမင္အီး
တေန႕လွ်င္အႀကိမ္အနည္းငယ္ခန္႕ ဗီတာမင္အီးအဆီကို အသံုးျပဳၿပီး ညွင္သာစြာႏွိပ္နယ္ေပးပါ။ ထုိ႕အျပင္ ေနႀကာေစ့၊ အယ္လ္မြန္၊ သံလြင္ဆီ၊ ေဒါက္ခြရြက္၊ ေထာပတ္သီး၊ တရုတ္မုန္လာတုိ႕ကဲ့သို႕ေသာ ဗီတာမင္အီးႀကြယ္၀သည့္အစားအစာမ်ားကို စားသံုးေပးပါ။

Credit : My Health Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးများ ဓမ္မတာ မလာခင်အချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးငယ်နို့တိုက်ကျွေးချိန်နှင့် ဓမ္မတာဖြစ်ပြီးအချိန်များတွင် ရင်သားတင်းမာမှုကို ခံစားရသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ အချို့မိန်းကလေးများအတွက် ရင်သားတင်းမာမှုနှင့် နာကျင်မှုမှာ အချိန်အတိုင်းအတာတစ်ခုပြီးလျှင် အလိုအလျောက်ပျောက်ကင်းသွားတတ်သော်လည်း ထိုတင်းမာမှုကို ခံစားနေရစဉ်အတွင်း သက်သာမှုရှိစေရန်အတွက် အလွယ်တကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို MyStyle Myanmar ကနေ တင်ဆက်ပေးချင်ပါတယ်။

၁။ ညှင်သာစွာနှိပ်နယ်ပေးခြင်း
နှိပ်နယ်ပေးခြင်းသည် သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် နာကျင်မှုနှင့်တင်းမာမှုတို့ကို သက်သာပြေလျော့စေပါတယ်။
သံလွင်ဆီ သို့မဟုတ် အုန်းဆီကို ရင်သားအပေါ်လိမ်းကျံပေးပြီး အပေါ်ပိုင်းကနေစပြီး စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ညှင်သာစွာ နှိပ်နယ်ပေးပါ။ အခြားတစ်ဖက်ကိုလည်း ပုံစံတူပြုလုပ်ပေးပါ။ သက်သာလာသည်အထိ တနေ့လျှင် ၂ ကြိမ်မှ သုံးကြိမ်အထိ လုပ်ဆောင်ပေးပါ။

၂။ ရေခဲကပ်ပေးခြင်း
ရေခဲကပ်ပေးခြင်းက ရင်သားတင်းမာမှုအတွက်သာမက အခြားထိခိုက်ဒဏ်ရာများရဲ့ နာကျင်မှုကိုပါ သက်သာစေနိုင်ပါတယ်။
ရေခဲတုံးများကို အဝတ်တစ်ခုထဲတွင်ထည့်ချည်ပြီး ရင်သားအောက်၊ ဘယ်ဖက်၊ ညာဖက်တို့တွင် ရေခဲတုံးများအရည်ပျော်သွားသည်အထိ ထားရှိပေးပါ။ တနေ့လျှင်သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
မှတ်ချက် – ရင်သားအပေါ်သို့တိုက်ရိုက်မလုပ်ပေးပါနှင့်။

၃။ အပူကပ်ခြင်း
အပူဓာတ်ပေးခြင်းက ရင်သားအတွင်းရှိ သွေးလည်ပတ်မှုကိုကောင်းမွန်စေရန် ကူညီပေးနိုင်တာကြောင့် လက်ကိုင်ပုဝါတစ်ထည်ကို ရေနွေးနွေးထဲထည့်စိမ်ပြီး ရေညှစ်ထုတ်ပစ်ပါ။ စိုစွတ်ပြီးအနွေးဓာတ်ရှိနေသည့် တဘက်ကို နာကျင်သည့်နေရာတဝိုက်တွင် အဝတ်ခြောက်သွားသည်အထိထားပေးပါ။ တစ်ခါလုပ်လျှင် သုံးကြိမ်မှလေးကြိမ်အထိ လုပ်ဆောင်ပေးပါ။

၄။ အထောက်အပံ့ပါသည့်အတွင်းခံကိုဝတ်ဆင်ပေးပါ။
သက်သောင့်သက်သာမရှိသည့်၊ သေချာဆံ့ဝင်မှုမရှိသည့် အတွင်းခံများကို ဝတ်ဆင်ခြင်းကနေလည်း ရင်သားတင်းမာမှုနှင့် နာကျင်မှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းတင်းကြပ်နေသည့် သို့မဟုတ် ကြိုးပါသည့်၊ ဟောင်းနွမ်းနေသည့် အတွင်းခံများကို မဝတ်ဆင်ပါနှင့်။

၅။ ကြက်ဆူဆီ
အကြောများကို သက်သာရာရစေရုံသာမက သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းရှိ ကြက်ဆူဆီကို သံလွင်ဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းဖြင့် ရောစပ်ကာ တင်းမာနေသောရင်သားများအပေါ် လိမ်းပေးပါ။ ပြီးလျှင် အနွေးဓာတ်ရှိသည့်အဝတ်ကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထားပေးပြီးနောက် ကြက်သီးနွေးထရုံမျှရေဖြင့် ဆီများကိုဆေးကြောသန့်စင်ပေးနိုင်ပါတယ်။
တင်းမာမှုပြေပျောက်သွားသည်အထိ တနေ့လျှင်တစ်ကြိမ်လုပ်ဆောင်ပေးပါ။

၆။ ဗီတာမင်အီး
တနေ့လျှင်အကြိမ်အနည်းငယ်ခန့် ဗီတာမင်အီးအဆီကို အသုံးပြုပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ထို့အပြင် နေကြာစေ့၊ အယ်လ်မွန်၊ သံလွင်ဆီ၊ ဒေါက်ခွရွက်၊ ထောပတ်သီး၊ တရုတ်မုန်လာတို့ကဲ့သို့သော ဗီတာမင်အီးကြွယ်ဝသည့်အစားအစာများကို စားသုံးပေးပါ။

Credit : My Health Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top