iMyanmarHouse.com - Best Property Website for Myanmar
×














Credit : cantwait2say

လူတိုင်းကို ကျေးဇူးတင်စကားပြောဖို့ ဝန်မလေးပါနဲ့။တစုံတခုကို ကိုယ့်ဘက်က အကူအညီရတဲ့အခါ ရင်ထဲက လှိုက်လဲတဲ့ ကျေးဇူးတင်မှုမျိုး လုပ်ဖို့ အရေးကြီးပါတယ်။ကိုယ်ကလည်း ကျေးဇူးတုံ့ပြန် ခံရတဲ့အခါ ဒီလိုခံစားမှုဟာ ဘာနဲ့မှ တဘက်သားကိုလဲ မျှဝေပေးပါ။ဒီလို ကျေးဇူးတင်စကား ပြောခံရသူဟာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Warwick တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်ဓာတ်ကျနေမသူတောင် ကျေးဇူးတင်စကား ပြောခံလိုက်ရတဲ့အခါ စိတ်ဓာတ်တွေ အလိုလို ပြန်တက်လာတာတွေ့ရပါတယ်။လူဟာ သူ့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုသူရဲ့ အသိုင်းဝိုင်းထဲဆို ပိုအောင်မြင်လွယ်ပါတယ်။

Kent State တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ကျေးဇူးတင်ကြောင်း ကျေးဇူးရှိကြောင်း အပြောခံလိုက်ရသူဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို တရက်တာလုံး ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။စကားနဲ့ အပြောမခံရပဲ စာနဲ့ ရေးပို့ရင်တောင် ဒီလို ပျော်ရွှင်မှုမျိုးရတာဖြစ်ပါတယ်။

သင်က လူတစ်ယောက်ကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောကြည့်ပါ။သူဟာ အဲ့စကားကို ငြီးငွေ့သွားမှာမဟုတ်ပါဘူး။တခြားသော စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောနေတာနဲ့ အများကြီးကွာကြခားတဲ့ ထူးဆန်းတဲ့ စကားဖြစ်ပါတယ်။

လေ့လာတွေ့ရှီချက်အရ အဖေနဲ့ အမေက သားသမီးကို ကျေးဇူးတင်ကြောင်း ခွန်းတုံ့ပြန်ခံရတဲ့ ကလေးက အစစအရာရာ ဖွံ့ဖြိုးတိုးတက်ကြောင်းတွေ့ရှိရပါတယ်။ကလေးတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တခုလောက် မိသားစုကို ကောင်းကျိုါ်ပြုတိုင်း ကျေးဇူးတင်ကြောင်းပြောသင့်ပါတယ်။

ကျေးဇူးတင်ကြောင်း ပြောခံရတဲ့သူဟာ ဘဝမှာ ဘယ်လို ပစ်စလက်ခတ်နေပါစေ။သူဟာ ဒီစကားကို တစုံတယောက်ကလာပြောရင် သူ့ဘဝကို သူတန်ဖိုးထားရမှန်း သိရှိလာပါတယ်။

ကျေးဇူးတင်ကြောင်း ပြောခံလိုက်ရတဲ့နေ့ဟာ သူ့အတွက် ကောင်းမွန်နှစ်ခြိုက်တဲ့ အိပ်စက်ခြင်းမျိုးရရှိစေပြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုကို ရရှိစေတာဖြစ်ပါတယ်။

ကျေးဇူးတင်စကားပြောလိုက်ခြင်းဖြင့် လူတစ်ယောက်ဟာ အဲ့နေ့အဖို့ အဆီပိုတက်လာမှာမဟုတ်ပါဘူး။ဒါက အဓိပ္ပာယ်မရှိဘူး ထင်စရာရှိပါတယ်။အမှန်က စိတ်ညစ်သူဟာ ပိုမို စားသောက်တတ်ပြီး အပျော်လွန်သူဟာ ဘာမှမစားတော့တဲ့ ပုံစံသာဖြစ်ပါတယ်။

သင့်သားသမီးရဲ့ ပညာရေးမှာ သူ့ရဲ့ ကြိုးစားမှုတခုကို တွေ့ရတိုင်း ကျေးဇူးတင်ကြောင်း ခွန်းတုံ့ပြန်ပေးပါ။ဒါဟာ ကလေးရဲ့ ပညာရေးကို ပိုမိုကြိုးစားလိုစိတ်ဖြစ်စေပြီး သူ့ရဲ့ သင်ကြားရေးကို အကောင်းဆုံးအထောက်အကူပေးနိုင်ပါတယ်။

ကျေးဇူးရှိတယ် အပြောခံလိုက်ရသူဟာ သူ့ကိုယ်သူ ပိုမို ထိန်းချုပ်လာပါတယ်။ကျေးဇူးအတင်ခံရနိုင်တဲ့ အကြောင်းအရာကို အကောင်းဆုံးရှာဖွေလုပ်ကိုင်လာပါတယ်။အချိန်တိုအတွင်း သူဟာ လုပ်ရည်ကိုင်ရည်ကောင်းမွန်လာတတ်ပါတယ်။

ကျေးဇူးတင်စကားပြောခံလိုက်ရတဲ့သူရဲ့ ဦးနှောက်ဟာ အဲ့ဒီနေ့အဖို့ လန်းဆန်းတက်ကြွလာပြီး သူဟာ အကောင်းမြင်စိတ်၊ကောင်းမွန်တဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေနဲ့ နေ့တနေ့ လှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။

သင်ဟာ တစုံတယောက်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့အခါ ဒီလူနဲ့ သင်ဟာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို ရရှိလာပြီး အရင်က ပိုမို နွေးထွေးလာနိုင်ပါတယ်။

ဒါတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ကျန်းမာရေးမှာလဲ အကျိုးသက်ရောက်မှု ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုတိုးတက်လာပြီး သွေးဖိအားအတက်အကျလဲ မှန်လာစေပါတယ်။

Credit : cantwait2say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top