iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာသီးက က်န္းမာေရးအတြက္လည္း အစြမ္းထက္တယ္ဆုိတာေတာ့ သိထားၿပီး ျဖစ္မွာပါ။ တကယ္ေတာ့ သံပုရာသီးက က်န္းမာေရးအျပင္ အလွအပ ေရးရာမွာလည္း ေတာ္ေတာ္ေလး အသံုးဝင္တဲ့ အစြမ္းထက္ အသီးတစ္မ်ိဳးပါပဲ။ ပ်ိဳမဒီေလးတို႔ရဲ႕ ဆံပင္၊ မ်က္ႏွာက ဝက္ျခံေတြနဲ႔ ခ်ိဳင္း(ဂ်ိဳင္း) က အမည္းေတြကို ဖယ္ရွားခ်င္တယ္္ေတာ့ ဆိုရင္ေတာ့ သံပုရာသီးကို ခ်က္ခ်င္း သတိရလိုက္ေနာ္။

သံပုရာသီး တစ္ေအာင္စမွာ ဗီတာမင္စီဓါတ္ (၉.၂) မီလီဂရမ္ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ေအ၊ ဗီတာမင္E၊ ဗီတာမင္ေက၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္ေတြလည္း ပါဝင္ပါေသးတယ္။ သံပုရာသီးက အမည္းစက္ေတြကို ကင္းေစၿပီး အသက္အရြယ္ႀကီးရင့္ျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ လကၡဏာ အေရးအေၾကာင္းေတြ ျဖစ္တာကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။ UV ေတြေၾကာင့္ အသားအေရ မညီတာကိုလည္း ထိန္းညွိေပးပါတယ္။ မ်က္ႏွာေပၚမွာ ၾကြက္သားေတြ တင္းမာမႈေၾကာင့္ က်ံဳ႔ရခက္တာမ်ိဳးေတြ ရွိႏိုင္ပါတယ္။ ဒါေတြကို ေျဖရွင္းေပးႏိုင္တဲ့ အလွကုန္ေတြထဲမွာ သံပုရာသီးအဆီ ပါဝင္ပါတယ္။ သံပုရာသီးအဆီေလး လိမ္းေပးရင္ ေခၽြးေပါက္က်ယ္တာေတြ သက္သာေစၿပီး မ်က္ႏွာ တင္းတင္းရင္းရင္း မျဖစ္ႏိုင္ေတာ့ပါဘူး။

ခ်ိဳင္း(ဂ်ိဳင္း) က အမည္းေတြ ဖယ္ရွားနည္း

မိန္းကေလးေတြအတြက္ေတာ့ ခ်ိဳင္း(ဂ်ိဳင္း) မွာ အမည္းရွိတာက စိတ္ညစ္စရာပါ။ သံပုရာသီးမွာ ပါဝင္တဲ့ Citric acid ဟာ ဘက္တီးရီးယားေတြကို (၉၉%) ေသေစႏိုင္ပါတယ္။ ဘက္တီးရီးယားေတြ ကင္းစင္သြားရင္ ျဖဴသြားမွာေနာ္။ သံပုရာသီးကို ထက္ျခမ္းျခမ္းၿပီး ခ်ိဳင္းမွာ ပြတ္လိမ္းေပးပါ။ ေျခာက္သြားေအာင္ေတာ့ ထားေပးလိုက္ပါ။ ၿပီးမွ ေရနဲ႔ေဆးၿပီးဖယ္ရွားပါ။ ခ်ိဳင္းေလး ျဖဴလာမွာ ျဖစ္သလို ေခၽြးနံ႔ ရတာေတြပါ ေပ်ာက္သြားမွာပါ။

ဦးေရျပားေျခာက္တာနဲ႔ ေဘာက္ေတြ ဖယ္ရွားနည္း

အုန္းဆီ လက္ဖက္စားဇြန္း (၄) ဇြန္းကို မီးအပူေလး နည္းနည္း ေပးလိုက္ပါ။ ၿပီးရင္ေတာ့ သံပုရာရည္ လက္ဖက္စားဇြန္း(၂) ဇြန္းနဲ႔ ႏွံ႔သြားေအာင္ ေရာေမႊလိုက္ပါ။ ဆံပင္နဲ႔ ဦးေရျပားမွာ လိမ္းၿပီး (၁၅) မိနစ္ေလာက္ထားပါ။ ေနာက္မွ ေခါင္းေလွ်ာ္ရည္ေလးနဲ႔ ေလွ်ာ္ပါေနာ္။ တပတ္ကို (၃) ႀကိမ္ေလာက္လုပ္မယ္ဆိုရင္ ဦးေရျပားေျခာက္ေသြ႕တာေတြ ကင္းၿပီး ေဘာက္လည္း ရွင္းမွာပါ။

မ်က္ႏွာအသားအေရၾကည္လင္ၿပီး ဆားဝက္ျခံ ကင္းေစမယ့္နည္းလမ္း

သံပုရည္ရည္နဲ႔ ႏြားႏို႔ အေရာအေႏွာက မ်က္ႏွာက တင္းတိပ္၊ ဆားဝက္ျခံနဲ႔ အသားအေရ မညီတာေတြကို ဖယ္ရွားေပးႏုိင္ပါတယ္။ က်ိဳခ်က္ၿပီးသား ႏြားႏို႔ထဲကို သံပရာရည္ေလး ညွစ္လိုက္ပါ။ ႏြားႏုိ႔က ပူေနတယ္ဆိုရင္ အေအးခံဖို႔ မေမ့ပါနဲ႔။ ဂြမ္းစေလးနဲ႔ ယူၿပီး လိမ္းပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ပါ။ ႏွစ္ရက္ သံုးရက္ေလာက္ဆိုရင္ သိသာလာမွာပါ။

ေခၽြးေပါက္က်ယ္တာေတြ က်ဥ္းေစမယ့္ နည္းလမ္း

ေခၽြးေပါက္ေတြ က်ယ္တာက အရမ္းစိတ္ညစ္ဖို႔ ေကာင္းတယ္ဆိုတာ မိတ္ကပ္လိမ္းတဲ့ မိန္းကေလးတိုင္း သိၾကမွာပါ။ ေခၽြးေပါက္ေတြ ရွိေနရင္ မိတ္ကပ္၊ သနပ္ခါးေတြ မ်က္ႏွာမွာ ၾကာၾကာရွိမေနေတာ့ဘဲ ဟိုတစ္ကြက္ ဒီတစ္ကြက္နဲ႔ ပ်က္ကုန္ေတာ့တာပါပဲ။ ဒါေတြ မျဖစ္ဖို႔တာ့ သံပုရာသီးကို အသံုးျပဳႏိုင္ပါတယ္ေနာ္။ သံပုရာသီးက သဘာဝအတိုင္း ေခၽြးေပါက္ေတြကို က်ဥ္းေစမွာပါ။ သံပုရာရည္ေလးကို ညွစ္ၿပီး ေခၽြးေပါက္ရွိတဲ့ေနရာေလးေတြမွာ ပြတ္လိမ္းေပးပါ။ တစ္လေလာက္ဆိုရင္ ေခၽြးေပါက္ေလးေတြ က်ဥ္းသြားတာကို မ်က္ဝါးထင္ထင္ ေတြ႔ျမင္ရမွာပါ။

အေရးအေၾကာင္းေတြ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း

မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚလာတာက ကိုယ့္ကို အိုမင္းသေယာင္ ျဖစ္ေစပါတယ္။ ဒါေတြကို အလြယ္ဆံုး၊  အသက္သာဆံုးနည္းလမ္းေတြနဲ႔ ျပဳျပင္လို႔ ရေနပါၿပီ။ သံပုရာသီးကို လက္ဖက္စားဇြန္း (၄) ဇြန္းစာ အရည္ရေအာင္ ညွစ္လိုက္ပါ။ ဂ်ံဳမႈန္႔ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ ဒိန္ခ်ဥ္ လက္ဖက္စားဇြန္း (၁) ဇြန္းတို႔ကို ယူပါ။ ေနာက္ေတာ့ (၃) မ်ိဳးေပါင္းၿပီး ေရာေမႊးပါ။ မ်က္ႏွာအေရးအေၾကာင္း ရွိတဲ့ ေနရာေတြမွာ လိမ္းေပးပါ။ ေျခာက္ေအာင္ထားၿပီး ေရေဆးခ်ပါ။ ၿပီးရင္ အစိုဓါတ္ထိန္းခရင္မ္ေလး တစ္ခုခု လိမ္းထားပါ။ တစ္ပတ္ကို (၂) ေလာက္ျပဳလုပ္ႏိုင္ၿပီး စိတ္ေက်နပ္စရာေကာင္းတဲ့ မ်က္ႏွာေလး ပို္င္ဆုိင္ရမွာ အေသအခ်ာပဲေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံပုရာသီးက ကျန်းမာရေးအတွက်လည်း အစွမ်းထက်တယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ သံပုရာသီးက ကျန်းမာရေးအပြင် အလှအပ ရေးရာမှာလည်း တော်တော်လေး အသုံးဝင်တဲ့ အစွမ်းထက် အသီးတစ်မျိုးပါပဲ။ ပျိုမဒီလေးတို့ရဲ့ ဆံပင်၊ မျက်နှာက ဝက်ခြံတွေနဲ့ ချိုင်း(ဂျိုင်း) က အမည်းတွေကို ဖယ်ရှားချင်တယ်တော့ ဆိုရင်တော့ သံပုရာသီးကို ချက်ချင်း သတိရလိုက်နော်။

သံပုရာသီး တစ်အောင်စမှာ ဗီတာမင်စီဓါတ် (၉.၂) မီလီဂရမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်E၊ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ သံပုရာသီးက အမည်းစက်တွေကို ကင်းစေပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာ အရေးအကြောင်းတွေ ဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။ UV တွေကြောင့် အသားအရေ မညီတာကိုလည်း ထိန်းညှိပေးပါတယ်။ မျက်နှာပေါ်မှာ ကြွက်သားတွေ တင်းမာမှုကြောင့် ကျုံ့ရခက်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ အလှကုန်တွေထဲမှာ သံပုရာသီးအဆီ ပါဝင်ပါတယ်။ သံပုရာသီးအဆီလေး လိမ်းပေးရင် ချွေးပေါက်ကျယ်တာတွေ သက်သာစေပြီး မျက်နှာ တင်းတင်းရင်းရင်း မဖြစ်နိုင်တော့ပါဘူး။

ချိုင်း(ဂျိုင်း) က အမည်းတွေ ဖယ်ရှားနည်း

မိန်းကလေးတွေအတွက်တော့ ချိုင်း(ဂျိုင်း) မှာ အမည်းရှိတာက စိတ်ညစ်စရာပါ။ သံပုရာသီးမှာ ပါဝင်တဲ့ Citric acid ဟာ ဘက်တီးရီးယားတွေကို (၉၉%) သေစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ကင်းစင်သွားရင် ဖြူသွားမှာနော်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမှာ ပွတ်လိမ်းပေးပါ။ ခြောက်သွားအောင်တော့ ထားပေးလိုက်ပါ။ ပြီးမှ ရေနဲ့ဆေးပြီးဖယ်ရှားပါ။ ချိုင်းလေး ဖြူလာမှာ ဖြစ်သလို ချွေးနံ့ ရတာတွေပါ ပျောက်သွားမှာပါ။

ဦးရေပြားခြောက်တာနဲ့ ဘောက်တွေ ဖယ်ရှားနည်း

အုန်းဆီ လက်ဖက်စားဇွန်း (၄) ဇွန်းကို မီးအပူလေး နည်းနည်း ပေးလိုက်ပါ။ ပြီးရင်တော့ သံပုရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နှံ့သွားအောင် ရောမွှေလိုက်ပါ။ ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး (၁၅) မိနစ်လောက်ထားပါ။ နောက်မှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပါနော်။ တပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့တာတွေ ကင်းပြီး ဘောက်လည်း ရှင်းမှာပါ။

မျက်နှာအသားအရေကြည်လင်ပြီး ဆားဝက်ခြံ ကင်းစေမယ့်နည်းလမ်း

သံပုရည်ရည်နဲ့ နွားနို့ အရောအနှောက မျက်နှာက တင်းတိပ်၊ ဆားဝက်ခြံနဲ့ အသားအရေ မညီတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကျိုချက်ပြီးသား နွားနို့ထဲကို သံပရာရည်လေး ညှစ်လိုက်ပါ။ နွားနို့က ပူနေတယ်ဆိုရင် အအေးခံဖို့ မမေ့ပါနဲ့။ ဂွမ်းစလေးနဲ့ ယူပြီး လိမ်းပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နှစ်ရက် သုံးရက်လောက်ဆိုရင် သိသာလာမှာပါ။

ချွေးပေါက်ကျယ်တာတွေ ကျဉ်းစေမယ့် နည်းလမ်း

ချွေးပေါက်တွေ ကျယ်တာက အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်း သိကြမှာပါ။ ချွေးပေါက်တွေ ရှိနေရင် မိတ်ကပ်၊ သနပ်ခါးတွေ မျက်နှာမှာ ကြာကြာရှိမနေတော့ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပျက်ကုန်တော့တာပါပဲ။ ဒါတွေ မဖြစ်ဖို့တာ့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ သံပုရာသီးက သဘာဝအတိုင်း ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ သံပုရာရည်လေးကို ညှစ်ပြီး ချွေးပေါက်ရှိတဲ့နေရာလေးတွေမှာ ပွတ်လိမ်းပေးပါ။ တစ်လလောက်ဆိုရင် ချွေးပေါက်လေးတွေ ကျဉ်းသွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။

အရေးအကြောင်းတွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာက ကိုယ့်ကို အိုမင်းသယောင် ဖြစ်စေပါတယ်။ ဒါတွေကို အလွယ်ဆုံး၊  အသက်သာဆုံးနည်းလမ်းတွေနဲ့ ပြုပြင်လို့ ရနေပါပြီ။ သံပုရာသီးကို လက်ဖက်စားဇွန်း (၄) ဇွန်းစာ အရည်ရအောင် ညှစ်လိုက်ပါ။ ဂျုံမှုန့် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ယူပါ။ နောက်တော့ (၃) မျိုးပေါင်းပြီး ရောမွှေးပါ။ မျက်နှာအရေးအကြောင်း ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။ ပြီးရင် အစိုဓါတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းထားပါ။ တစ်ပတ်ကို (၂) လောက်ပြုလုပ်နိုင်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ အသေအချာပဲနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top