iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ႐ိုးရာယဥ္ေက်းမႈထဲမွာ လူပ်ိဳလွည့္ျခင္း၊ အပ်ိဳေတြ ေရခပ္ဆင္းျခင္း၊ ကာလသားမ်ား ျခင္းလံုးခပ္ျခင္း၊ ကာလသားေတြစုၿပီး ၾကက္ခိုးၿပီး ဗူးသီးနဲ႔ ၾကက္ကာလသားဟင္း ခ်က္စားျခင္းတို႔ ပါဝင္ပါတယ္။ အထူးသျဖင့္ လူငယ္ကာလသားေတြ စည္းစည္းလံုးလံုးနဲ႔ လုပ္ေဆာင္မႈေၾကာင့္ ရ႐ွိလာတဲ့ ၾကက္ကာလသားခ်က္ဟာ စားလို႔ေကာင္းၿပီး ဘာနဲ႔မွ လဲလို႔မရတဲ့ အရသာတစ္မ်ိဳးကို ေပးစြမ္းႏိုင္ပါတယ္။ ၾကက္ကာသသားခ်က္ကို ကိုယ္တိုင္ခ်က္စားလိုသူမ်ားအတြက္ ဟင္းခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါ၀င္ပစၥည္းမ်ား

ၾကက္သား (ဗမာၾကက္) (၅၀) က်ပ္သား၊ ဗူးသီး (၁) စိတ္၊ ၾကက္သြန္နီ (၂) လံုး၊ ၾကက္သြန္ျဖဴ (၅) မႊာ၊ ငရုတ္သီးအစိမ္းမႈန္႔ (၁) ဇြန္း၊ ဂ်င္း လက္တစ္ဆစ္၊ အရသာမႈန္႔ အနည္းငယ္၊ ငံျပာရည္ အနည္းငယ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆံုး ၾကက္သားကို စင္ၾကယ္ေအာင္ ေရနဲ႔ ေဆးေၾကာေပးရပါမယ္။ မ်ားေသာအားျဖင့္ ၾကက္ရင္ပံုသားမွာ ေသြးခဲေတြ၊ ေသြးစေလးေတြ ကပ္ပါေနတတ္တာမို႔ အဲဒါေတြကို ေျပာင္စင္ေအာင္ ေဆးေၾကာေပးရပါမယ္။ေရေဆးျပီးရင္ေတာ့ ၾကက္သားကို အရြယ္ေတာ္ေလးေတြ ခုတ္ထစ္ေပးရပါမယ္။ အတံုးအရြယ္အစား ၾကီးေနရင္ ၾကက္သားႏူးဖို႔ အခ်ိန္ပိုၾကာသလို စားတဲ့အခ်ိန္မွာလည္း သိပ္အဆင္မေျပလွပါဘူး။ ၿပီးရင္ေတာ့ ၾကက္သားတံုးေလးေတြကို အရသာမႈန္႔၊ ငံျပာရည္တို႔နဲ႔ အသားထဲကို စိမ့္၀င္ေစတဲ့အထိ နယ္ေပးရပါမယ္။

ၾကက္သားနယ္ျပီးရင္ေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ငရုတ္သီးအစိမ္းမႈန္႔နဲ႔ ဂ်င္းတို႔ကို ေရာျပီး ညက္ေနေအာင္ေထာင္းေပးပါ။ ဗူးသီးကို ေရစင္ေအာင္ေဆးေၾကာျပီး မထူမပါးေလး လွီးေပးထားရပါမယ္။ ဗူးသီး လွီးတဲ့အခါ မထူမပါးလွီးေပးရပါမယ္။ ၿပီးရင္ေတာ့ ၾကက္ကာလသားဟင္းခ်က္ဖို႔အတြက္ အားလံုးရယ္ဒီျဖစ္ပါျပီ။

ေထာင္းထားပီးသား ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီနဲ႔ ဂ်င္းတို႔ကို အရင္ဆီသတ္ေပးပါ။ ငရုတ္သီးအစိမ္းမႈန္႔နံ႔ ေပ်ာက္သည္အထိ ဆီပူပူနဲ႔ ဆီသတ္ျပီးရင္ေတာ့ ၾကက္သားေတြကို ထည့္လို႔ရပါျပီ။ ၾကက္သားထည့္ျပီး ငါးမိနစ္ခန္႔အထိ အဆက္မျပတ္ ေမႊေပးဖို႔ေတာ့ လိုပါလိမ့္မယ္။ ဒါမွ ၾကက္သား ျမန္ျမန္က်က္မွာပါ။ ငါးမိနစ္ျပည့္ျပီဆိုရင္ေတာ့ သင့္ေတာ္တဲ့ေရပမာဏ ထည့္ျပီးေတာ့ မီးျပင္းျပင္းေလးနဲ႕ ၾကက္သားႏူးအိသည္အထိ ထားေပးလိုက္ပါ။

ၾကက္သားႏူးအိသြားျပီဆိုရင္ေတာ့ ဗူးသီးေလးေတြကို ထည့္လို႔ရပါၿပီ။ သတိျပဳရမွာက ၾကက္သားႏူးအိျပီဆိုမွ ဗူးသီးထည့္ေပးဖို႔ပါပဲ။ ဗူးသီးထည့္တာ ေစာသြားရင္ ဗူးသီးအေရာင္ပါ မလွေတာ့ပဲ အႏူးလြန္ျပီး စားလို႕မေကာင္းေတာ့ပါဘူး။ ဒါေၾကာင့္မို႕ ဗူးသီးကို ၾကက္သားႏူးအိျပီဆိုမွ ထည့္ေပးဖို႕ လိုပါလိမ့္မယ္။ ဗူးသီးထည့္ျပီးရင္ေတာ့ မီးအရွိန္ နည္းနည္းေလွ်ာ့ေပးလိုက္ပါ။ မီးမွ်င္းမွ်င္းေလးေၾကာင့္ ဗူးသီးက ပံုစံမပ်က္ပဲ နဂိုအေရာင္အတိုင္းေလး ရွိေနပါလိမ့္မယ္။

ဗူးသီးႏူးျပီဆိုရင္ေတာ့ ၾကက္ဗူးသီး (ေခၚ) ၾကက္ကာလသားဟင္းကို သံုးေဆာင္လို႕ရပါျပီ။ မဆလာနံ႔ သင္းသင္းေလးနဲ႕ စားခ်င္တယ္ဆိုရင္ေတာ့ မဆလာဇြန္း၀က္ခန္႔ကို ဗူးသီးထည့္ပီးတာနဲ႕ ထည့္ေပးလို႕ရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှုထဲမှာ လူပျိုလှည့်ခြင်း၊ အပျိုတွေ ရေခပ်ဆင်းခြင်း၊ ကာလသားများ ခြင်းလုံးခပ်ခြင်း၊ ကာလသားတွေစုပြီး ကြက်ခိုးပြီး ဗူးသီးနဲ့ ကြက်ကာလသားဟင်း ချက်စားခြင်းတို့ ပါဝင်ပါတယ်။ အထူးသဖြင့် လူငယ်ကာလသားတွေ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်မှုကြောင့် ရရှိလာတဲ့ ကြက်ကာလသားချက်ဟာ စားလို့ကောင်းပြီး ဘာနဲ့မှ လဲလို့မရတဲ့ အရသာတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ကြက်ကာသသားချက်ကို ကိုယ်တိုင်ချက်စားလိုသူများအတွက် ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ကြက်သား (ဗမာကြက်) (၅၀) ကျပ်သား၊ ဗူးသီး (၁) စိတ်၊ ကြက်သွန်နီ (၂) လုံး၊ ကြက်သွန်ဖြူ (၅) မွှာ၊ ငရုတ်သီးအစိမ်းမှုန့် (၁) ဇွန်း၊ ဂျင်း လက်တစ်ဆစ်၊ အရသာမှုန့် အနည်းငယ်၊ ငံပြာရည် အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို စင်ကြယ်အောင် ရေနဲ့ ဆေးကြောပေးရပါမယ်။ များသောအားဖြင့် ကြက်ရင်ပုံသားမှာ သွေးခဲတွေ၊ သွေးစလေးတွေ ကပ်ပါနေတတ်တာမို့ အဲဒါတွေကို ပြောင်စင်အောင် ဆေးကြောပေးရပါမယ်။ရေဆေးပြီးရင်တော့ ကြက်သားကို အရွယ်တော်လေးတွေ ခုတ်ထစ်ပေးရပါမယ်။ အတုံးအရွယ်အစား ကြီးနေရင် ကြက်သားနူးဖို့ အချိန်ပိုကြာသလို စားတဲ့အချိန်မှာလည်း သိပ်အဆင်မပြေလှပါဘူး။ ပြီးရင်တော့ ကြက်သားတုံးလေးတွေကို အရသာမှုန့်၊ ငံပြာရည်တို့နဲ့ အသားထဲကို စိမ့်ဝင်စေတဲ့အထိ နယ်ပေးရပါမယ်။

ကြက်သားနယ်ပြီးရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်နဲ့ ဂျင်းတို့ကို ရောပြီး ညက်နေအောင်ထောင်းပေးပါ။ ဗူးသီးကို ရေစင်အောင်ဆေးကြောပြီး မထူမပါးလေး လှီးပေးထားရပါမယ်။ ဗူးသီး လှီးတဲ့အခါ မထူမပါးလှီးပေးရပါမယ်။ ပြီးရင်တော့ ကြက်ကာလသားဟင်းချက်ဖို့အတွက် အားလုံးရယ်ဒီဖြစ်ပါပြီ။

ထောင်းထားပီးသား ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းတို့ကို အရင်ဆီသတ်ပေးပါ။ ငရုတ်သီးအစိမ်းမှုန့်နံ့ ပျောက်သည်အထိ ဆီပူပူနဲ့ ဆီသတ်ပြီးရင်တော့ ကြက်သားတွေကို ထည့်လို့ရပါပြီ။ ကြက်သားထည့်ပြီး ငါးမိနစ်ခန့်အထိ အဆက်မပြတ် မွှေပေးဖို့တော့ လိုပါလိမ့်မယ်။ ဒါမှ ကြက်သား မြန်မြန်ကျက်မှာပါ။ ငါးမိနစ်ပြည့်ပြီဆိုရင်တော့ သင့်တော်တဲ့ရေပမာဏ ထည့်ပြီးတော့ မီးပြင်းပြင်းလေးနဲ့ ကြက်သားနူးအိသည်အထိ ထားပေးလိုက်ပါ။

ကြက်သားနူးအိသွားပြီဆိုရင်တော့ ဗူးသီးလေးတွေကို ထည့်လို့ရပါပြီ။ သတိပြုရမှာက ကြက်သားနူးအိပြီဆိုမှ ဗူးသီးထည့်ပေးဖို့ပါပဲ။ ဗူးသီးထည့်တာ စောသွားရင် ဗူးသီးအရောင်ပါ မလှတော့ပဲ အနူးလွန်ပြီး စားလို့မကောင်းတော့ပါဘူး။ ဒါကြောင့်မို့ ဗူးသီးကို ကြက်သားနူးအိပြီဆိုမှ ထည့်ပေးဖို့ လိုပါလိမ့်မယ်။ ဗူးသီးထည့်ပြီးရင်တော့ မီးအရှိန် နည်းနည်းလျှော့ပေးလိုက်ပါ။ မီးမျှင်းမျှင်းလေးကြောင့် ဗူးသီးက ပုံစံမပျက်ပဲ နဂိုအရောင်အတိုင်းလေး ရှိနေပါလိမ့်မယ်။

ဗူးသီးနူးပြီဆိုရင်တော့ ကြက်ဗူးသီး (ခေါ်) ကြက်ကာလသားဟင်းကို သုံးဆောင်လို့ရပါပြီ။ မဆလာနံ့ သင်းသင်းလေးနဲ့ စားချင်တယ်ဆိုရင်တော့ မဆလာဇွန်းဝက်ခန့်ကို ဗူးသီးထည့်ပီးတာနဲ့ ထည့်ပေးလို့ရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top