iMyanmarHouse.com - Best Property Website for Myanmar
×

အလွတရားဟာ ႐ုပ္ရည္နဲ႔ တိုင္းတာလို႔မရတဲ့ အရာျဖစ္ပါတယ္။

လူတိုင္းရဲ႕ဘဝမွာ ကုိယ့္ရဲ႕အားနည္းခ်က္အေပၚ အနည္းဆံုး တစ္ႀကိမ္တစ္ခါေလာက္ေတာ့ စိတ္ပ်က္ဖူးၾကမွာပါ။ အထူးသျဖင့္ ကိုယ့္ရဲ႕ခႏၶာကိုယ္၊ ႐ုပ္ရည္နဲ႔ ပတ္သတ္ၿပီး စိုးရိမ္ပူပန္မႈ ျဖစ္တက္ၾကပါတယ္။

အလွတရား အစစ္အမွန္ဟာ စိတ္ထားလို႔လည္း ေျပာၾကပါတယ္။ ကိုယ့္ကိုကိုယ္ မလွဘူးလို႔ ထင္ေနသူေတြအတြက္ ေတြးသင့္တဲ့အေတြး (၈) ခုကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ႐ုပ္ရည္အလွတရားဆိုတာဟာ အျမင္နဲ႔ ခံစားခ်က္ သက္သက္သာျဖစ္ပါတယ္။ သင္ဘယ္လိုပဲ ျဖစ္ေနျဖစ္ေန သင့္ကို လွတယ္လို႔ ထင္ေနသူေတြရွိတာ မေမ့ပါနဲ႔။

၂။ သင့္ကို လူေတြက လွတယ္၊ မလွဘူး ဘယ္လိုပဲ မွတ္ခ်က္ေပးၾကပါေစ ဒါဟာ ဘဝမွာ အေရးအႀကီးဆံုး မဟုတ္ဘူးဆိုတာ သတိရပါ။

၃။ အလွတရားက အစဥ္အၿမဲမရွိဘူးလို႔ လူေတြက ေျပာၾကပါတယ္။ ဒါဟာ မွားပါတယ္။ အစဥ္အၿမဲမရွိႏုိင္တာဟာ ကၽြႏုပ္တို႔ရဲ႕ ခႏၶာကိုယ္၊ ဆံပင္ေတြ၊ အသားအေရေတြသာ ျဖစ္ပါတယ္။ စိတ္ထားအလွတရားကေတာ့ အၿမဲတမ္း ရွိႏုိင္ပါတယ္။

၄။ ဘဝမွာ ေကာင္းတဲ့အရာေတြ လုပ္ခ်င္တဲ့ ျပင္းျပျခင္းဟာလည္း အလွတရား ျဖစ္ပါတယ္။ ကိုယ့္ကိုကုိယ္နဲ႔ အျခားသူေတြကို ကူညီေဖးမႏုိင္ရင္ အလွတရားအစစ္ကို ရပါလိမ့္မယ္။

၅။ လွတယ္လို႔ ထင္ျခင္း၊ မထင္ျခင္းဟာ ကိုယ္ေ႐ြးခ်ယ္ရတဲ့ အရာပါ။ သင့္ရဲ႕ ခႏၶာကုိယ္ကို အခုခ်က္ျခင္း ၾကည့္လုိက္ပါ။ သင္ႏွစ္သက္တဲ့ အစိတ္အပိုင္း အနည္းဆံုး ငါးခုေလာက္ ေတြ႔ပါလိမ့္မယ္။

၆။ ကိုယ့္ကိုကိုယ္ မလွဘူးဆိုတဲ့အေတြး ခဏခဏ ဝင္ေနပါသလား။ ကမၻာမွာ ႐ုပ္ရည္ၾကည့္မေကာင္းေပမယ့္ သက္ဆုိင္ရာ နယ္ပယ္မွာ အားလံုးက ခ်စ္ခင္ႏွစ္သက္ခဲ့ရတဲ့ ေအာင္ျမင္သူေတြ ရွိခဲ့ဖူးပါတယ္။

၇။ လူတစ္ေယာက္ကို သူ႔ရဲ႕ ရုပ္ရည္ ဘယ္ေလာက္လွေၾကာင္း ခ်ီးမြမ္းမယ့္အစား စိတ္ထား ဘယ္လိုေကာင္းေၾကာင္း၊ မြန္ျမတ္ေၾကာင္း မ်ားမ်ားေျပာေပးပါ။ သင္လည္း ဒါကို လိုုက္နာပါ။

၈။ သင့္ရဲ႕ ဘယ္လုပ္ရပ္မ်ိဳးက စိတ္ၾကည္ႏူးေစတာလဲ စဥ္းစားၾကည့္ပါ။ ဒါကို မၾကာခဏ လုပ္ေပးပါ။

Source : Elite

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလှတရားဟာ ရုပ်ရည်နဲ့ တိုင်းတာလို့မရတဲ့ အရာဖြစ်ပါတယ်။

လူတိုင်းရဲ့ဘဝမှာ ကိုယ့်ရဲ့အားနည်းချက်အပေါ် အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ စိတ်ပျက်ဖူးကြမှာပါ။ အထူးသဖြင့် ကိုယ့်ရဲ့ခန္ဓာကိုယ်၊ ရုပ်ရည်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု ဖြစ်တက်ကြပါတယ်။

အလှတရား အစစ်အမှန်ဟာ စိတ်ထားလို့လည်း ပြောကြပါတယ်။ ကိုယ့်ကိုကိုယ် မလှဘူးလို့ ထင်နေသူတွေအတွက် တွေးသင့်တဲ့အတွေး (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရုပ်ရည်အလှတရားဆိုတာဟာ အမြင်နဲ့ ခံစားချက် သက်သက်သာဖြစ်ပါတယ်။ သင်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ သင့်ကို လှတယ်လို့ ထင်နေသူတွေရှိတာ မမေ့ပါနဲ့။

၂။ သင့်ကို လူတွေက လှတယ်၊ မလှဘူး ဘယ်လိုပဲ မှတ်ချက်ပေးကြပါစေ ဒါဟာ ဘဝမှာ အရေးအကြီးဆုံး မဟုတ်ဘူးဆိုတာ သတိရပါ။

၃။ အလှတရားက အစဉ်အမြဲမရှိဘူးလို့ လူတွေက ပြောကြပါတယ်။ ဒါဟာ မှားပါတယ်။ အစဉ်အမြဲမရှိနိုင်တာဟာ ကျွနုပ်တို့ရဲ့ ခန္ဓာကိုယ်၊ ဆံပင်တွေ၊ အသားအရေတွေသာ ဖြစ်ပါတယ်။ စိတ်ထားအလှတရားကတော့ အမြဲတမ်း ရှိနိုင်ပါတယ်။

၄။ ဘဝမှာ ကောင်းတဲ့အရာတွေ လုပ်ချင်တဲ့ ပြင်းပြခြင်းဟာလည်း အလှတရား ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်နဲ့ အခြားသူတွေကို ကူညီဖေးမနိုင်ရင် အလှတရားအစစ်ကို ရပါလိမ့်မယ်။

၅။ လှတယ်လို့ ထင်ခြင်း၊ မထင်ခြင်းဟာ ကိုယ်ရွေးချယ်ရတဲ့ အရာပါ။ သင့်ရဲ့ ခန္ဓာကိုယ်ကို အခုချက်ခြင်း ကြည့်လိုက်ပါ။ သင်နှစ်သက်တဲ့ အစိတ်အပိုင်း အနည်းဆုံး ငါးခုလောက် တွေ့ပါလိမ့်မယ်။

၆။ ကိုယ့်ကိုကိုယ် မလှဘူးဆိုတဲ့အတွေး ခဏခဏ ဝင်နေပါသလား။ ကမ္ဘာမှာ ရုပ်ရည်ကြည့်မကောင်းပေမယ့် သက်ဆိုင်ရာ နယ်ပယ်မှာ အားလုံးက ချစ်ခင်နှစ်သက်ခဲ့ရတဲ့ အောင်မြင်သူတွေ ရှိခဲ့ဖူးပါတယ်။

၇။ လူတစ်ယောက်ကို သူ့ရဲ့ ရုပ်ရည် ဘယ်လောက်လှကြောင်း ချီးမွမ်းမယ့်အစား စိတ်ထား ဘယ်လိုကောင်းကြောင်း၊ မွန်မြတ်ကြောင်း များများပြောပေးပါ။ သင်လည်း ဒါကို လိုုက်နာပါ။

၈။ သင့်ရဲ့ ဘယ်လုပ်ရပ်မျိုးက စိတ်ကြည်နူးစေတာလဲ စဉ်းစားကြည့်ပါ။ ဒါကို မကြာခဏ လုပ်ပေးပါ။

Source : Elite

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top