iMyanmarHouse.com - Best Property Website for Myanmar
×









Credit : My Food

ဆား (သို့) ဆိုဒီယမ်ဟာ သွားကျန်းမာရေးအတွက် အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်လို့ ဆိုကြလေ့ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ဆိုဒီယမ်စားသုံးမှုများရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမယ့် ခံတွင်းကျန်းမာရေး ခံတွင်းသန့်ရှင်းရေးအတွက်တော့ ဆားနဲ့ ခံတွင်းကို ဆေးကြပါတယ်။

ဒါကြောင့် ဆားဆိုတာ သင့်သွားကျန်းမာရေးအတွက် ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ မျှဝေပေးသွားပါမယ်။

ဆားက သင့်သွားအတွက် ဘာလို့ကောင်းသလဲ

ဆိုဒီယမ်ဓာတ်ဟာ သွားအတွက် ကောင်းမွန်တယ်ဆိုတာကို နည်းလမ်းတစ်ချို့အားဖြင့် သက်သေပြနေပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းလိုက်တဲ့အခါ သင့်ခံတွင်းက အနံ့ဆိုးတွေကို သန့်စင်ပေးတယ်ဆိုတာ လက်တွေ့ပါပဲ။ သွားဖုံးရောင်တာမျိုး ဖြစ်ရင်လည်း ဆားရည်နဲ့ ပလုတ်ကျင်းလိုက်ရင် သက်သာလာတာတွေ့ရမှာပါ။

ဒါ့အပြင် ဆားဟာ ခံတွင်းက pH ပမာဏကို မြင့်လာစေတာကြောင့် ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ခံတွင်းရနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့ကြောင့် ဆစ်ဂနယ်မှ အသစ်မိတ်ဆက်လိုက်တဲ့ ဆား၊ ကွမ်းရွက်၊ သံပရာတို့ ပါဝင်တဲ့ ဆစ်ဂနယ်သဘာဝဆေးဘက်ဝင် သွားတိုက်ဆေးလိုမျိုး သွားတိုက်ဆေးကို သုံးခြင်းအားဖြင့် မိသားစုဝင်အားလုံးလည်း သွားများကျန်းမာခိုင်ခံ့ပြီး ခံတွင်းရနံ့ကို လန်းဆန်းစေနိုင်မှာပါ။

ဆားကို လွန်ကဲစွာ စားသုံးခြင်း၏ ဆိုးကျိုး

ဆားက ဒီအတိုင်းတော့ သင့်ရဲ့ သွားကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အသင့်စား အစားအစာတွေမှာ ထည့်သွင်းထားတဲ့ ဆိုဒီယမ်နဲ့ ကာဘွန်ဟိုက်ဒရိတ်တွေကို မကြာခဏ စားသုံးပေးရင်တော့ မကောင်းပါဘူး။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top