iMyanmarHouse.com - Best Property Website for Myanmar
×

အသံဝင္တာေတြ သက္သာေစဖို႔ ဘာေတြစားၿပီး ဘာေတြေရွာင္ရမလဲ

အသံကုန္ေအာင္ အာေခါင္ျခစ္ေအာ္ျခင္၊ အပူ အေအးမမွ်တျခင္းနဲ႔ အေအးမိတာေတြေၾကာင့္ အသံဝင္တာေတြ ျဖစ္ႏိိုင္ပါတယ္။ အသံဝင္မယ္ဆိုရင္ စကားေသခ်ာ မေျပာႏိုင္ဘဲ စိတ္ညစ္ရမွာပါ။ ဒီလိုမ်ိဳး စိတ္ညစ္ရတာေတြ မျဖစ္ေစဖို႔အတြက္ အသံဝင္တဲ့အခါ စားရမယ့္ အစားအစာနဲ႔ ေရွာင္ရမယ့္ အစားအစာေတြကို ေဖာ္ျပလိုက္ပါတယ္။
စားသံုးရမယ့္ အစားအစာမ်ား

အသံဝင္ေနၿပီဆိုရင္ေတာ့ ျပန္လည္ေကာင္းလာဖို႔အတြက္ ေရဓါတ္မ်ားမ်ား လိုအပ္ပါတယ္။ တစ္ေန႔ကို ေရ ဖန္ခြက္နဲ႔ ရွစ္ခြက္ေလာက္ ေသာက္ႏိုင္ပါတယ္။ ဒါ့အျပင္ ေရဓါတ္မ်ားတဲ့ အသီးေတြ၊ အရြက္ေတြလည္း စားေပးဖို႔ လိုပါတယ္ေနာ္။ ခရမ္းခ်ဥ္သီး၊ သခြားသီးေတြ အျပင္ ပန္းသီး၊ စပ်စ္သီးေတြကလည္း ေရဓါတ္ပါတာမို႔ အသံဝင္တာကို သက္သာေစပါတယ္။

ဗီတာမင္ ေအ ၾကြယ္ဝတဲ့ အစားအစာေတြ စားမယ္ဆိုရင္လည္း အသံဝင္တာ သက္သာႏိုင္ပါတယ္။ ဗီတာမင္ ေအ ဟာ တစ္ရွဴးေတြကို ေပ်ာ့ေျပာင္းေစတာမို႔ လည္ေခ်ာင္းနာတာေတြ မျဖစ္ေစႏိုင္ပါဘူး။ ဥအမ်ိဳးမ်ိဳးနဲ႔ အသားေတြ စားေပးလို႔ ရတယ္ေနာ္။ လိေမၼာ္သီး၊ မုန္လာဥနီ၊ ဟင္းႏုႏြယ္ရြက္နဲ႔ ကိုက္လန္ေတြ စားဖို႔ မေမ့နဲ႔ေနာ္။

ေဖ်ာ္ရည္အေနနဲ႔ တစ္ခုခုေသာက္ခ်င္တယ္ဆိုရင္ေတာ့ ပန္းသီးေဖ်ာ္ရည္ကိုသာ ေရြးခ်ယ္လိုက္ပါ။ ပန္းသီးေဖ်ာ္ရည္မွာ ေရဓါတ္(၉၀) ရာခိုင္ႏႈန္းေလာက္ ပါဝင္တာမို႔ အသံဝင္တာေတြ သက္သာေစႏိုင္မွာပါ။ ဂ်င္းျပဳတ္ရည္ကေတာ့ အသံဝင္တဲ့လူတိုင္းအတြက္ အေကာင္းဆံုး အစားအစာဆိုတာ သိထားၿပီး ျဖစ္မွာပါေနာ္။ ဂ်င္းကို ေရေသေသခ်ာခ်ာေဆးၿပီး ပါးပါးေလးေတြ လွီးကာ ေရဆူဆူထဲ ထည့္ၿပီး ျပဳတ္ေသာက္တာမ်ိဳး လုပ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ဂ်င္းကို ပါးပါးေလးေတြ လွီးၿပီး ေရေႏြးထဲ ထည့္စိမ္ကာ ေသာက္ႏုိင္ပါတယ္ေနာ္။ ဂ်င္းက ေပးတဲ့ အပူဓါတ္က လည္ေခ်ာင္းရွင္းေစၿပီး အသံဝင္တာေတြ သက္သာေစႏိုင္ပါတယ္။
ေရွာင္စားရမယ့္ အစားအစာမ်ား

အသံဝင္ေနတဲ့အခ်ိန္မွာေတာ့ ေရခဲမုန္႔စားတာကို ေရွာင္လိုက္ပါ။ ေရခဲမုန႔္မွာ သၾကားနဲ႔ Lactose ပမာဏ မ်ားမ်ား ပါဝင္တာေၾကာင့္ အသံကို ပိုဝင္ေစႏိုင္ပါတယ္။ ဝက္သားေျခာက္ႀကိဳက္တဲ့ သူေတြကေတာ့ စိတ္ညစ္ရမွာပါ။ အသံဝင္ေနခ်ိန္မွာေတာ့ ဝက္သားေျခာက္ကို ေရွာင္ရမယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ ဝက္သားေျခာက္မွာ ဆားမ်ားမ်ား ပါဝင္ၿပီး ေရဓါတ္ဆံုးရွံဳးတာေတြ ျဖစ္ေစတာေၾကာင့္ပါ။ အကယ္လို႔ ဝက္သားေျခာက္ စားခ်င္တယ္ဆိုရင္ေတာ့ ဆားေလွ်ာ့ရမွာပါ။ ႏြားႏို႔ အပါအဝင္ ႏို႔ထြက္ ပစၥည္းေတြက လည္ေခ်ာင္းကို ခၽြဲေတြပိုထေစတာမို႔ အသံဝင္တာ သက္သာခ်င္ရင္ေတာ့ မစားပါနဲ႔ဦး။ Citrus အက္ဆစ္မ်ားတဲ့ အသီးေတြလည္း မစားပါနဲ႔ဦ။ ဒီအသီးအႏွံေတြဟာ ေျခာက္ေသြ႕ေစတာမို႔ အသံဝင္ျခင္းကို မသက္သာေစႏိုင္ပါဘူး။ ကဖင္းနဲ႔ အရက္လည္း ဘယ္ေလာက္ပဲ ႀကိဳက္ႀကိဳက္ အသံဝင္ေနခ်ိန္မွာေတာ့ ေရွာင္ရပါမယ္။ ကဖင္းဓါတ္မ်ားတဲ့ အစားအစာေတြဟာ အသံကို ထိခိုက္ေစၿပီး လည္ေခ်ာင္းၾကြက္သားေတြ တင္းမာျခင္းနဲ႔ ေရဓါတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒီအခါမွာ ၾကြက္သားေတြ တင္းမာေနၿပီး အသံထြက္မရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အသံဝင္တာေတြ ျမန္ျမန္ေပ်ာက္ဖို႔ဆိုရင္ေတာ့ စားရမယ့္ အစားအစာေလးေတြပဲ ေရြးစားပါေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

အသံကုန်အောင် အာခေါင်ခြစ်အော်ခြင်၊ အပူ အအေးမမျှတခြင်းနဲ့ အအေးမိတာတွေကြောင့် အသံဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အသံဝင်မယ်ဆိုရင် စကားသေချာ မပြောနိုင်ဘဲ စိတ်ညစ်ရမှာပါ။ ဒီလိုမျိုး စိတ်ညစ်ရတာတွေ မဖြစ်စေဖို့အတွက် အသံဝင်တဲ့အခါ စားရမယ့် အစားအစာနဲ့ ရှောင်ရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
စားသုံးရမယ့် အစားအစာများ

အသံဝင်နေပြီဆိုရင်တော့ ပြန်လည်ကောင်းလာဖို့အတွက် ရေဓါတ်များများ လိုအပ်ပါတယ်။ တစ်နေ့ကို ရေ ဖန်ခွက်နဲ့ ရှစ်ခွက်လောက် သောက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓါတ်များတဲ့ အသီးတွေ၊ အရွက်တွေလည်း စားပေးဖို့ လိုပါတယ်နော်။ ခရမ်းချဉ်သီး၊ သခွားသီးတွေ အပြင် ပန်းသီး၊ စပျစ်သီးတွေကလည်း ရေဓါတ်ပါတာမို့ အသံဝင်တာကို သက်သာစေပါတယ်။

ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း အသံဝင်တာ သက်သာနိုင်ပါတယ်။ ဗီတာမင် အေ ဟာ တစ်ရှူးတွေကို ပျော့ပြောင်းစေတာမို့ လည်ချောင်းနာတာတွေ မဖြစ်စေနိုင်ပါဘူး။ ဥအမျိုးမျိုးနဲ့ အသားတွေ စားပေးလို့ ရတယ်နော်။ လိမ္မော်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တွေ စားဖို့ မမေ့နဲ့နော်။

ဖျော်ရည်အနေနဲ့ တစ်ခုခုသောက်ချင်တယ်ဆိုရင်တော့ ပန်းသီးဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပါ။ ပန်းသီးဖျော်ရည်မှာ ရေဓါတ်(၉၀) ရာခိုင်နှုန်းလောက် ပါဝင်တာမို့ အသံဝင်တာတွေ သက်သာစေနိုင်မှာပါ။ ဂျင်းပြုတ်ရည်ကတော့ အသံဝင်တဲ့လူတိုင်းအတွက် အကောင်းဆုံး အစားအစာဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ဂျင်းကို ရေသေသေချာချာဆေးပြီး ပါးပါးလေးတွေ လှီးကာ ရေဆူဆူထဲ ထည့်ပြီး ပြုတ်သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်းကို ပါးပါးလေးတွေ လှီးပြီး ရေနွေးထဲ ထည့်စိမ်ကာ သောက်နိုင်ပါတယ်နော်။ ဂျင်းက ပေးတဲ့ အပူဓါတ်က လည်ချောင်းရှင်းစေပြီး အသံဝင်တာတွေ သက်သာစေနိုင်ပါတယ်။
ရှောင်စားရမယ့် အစားအစာများ

အသံဝင်နေတဲ့အချိန်မှာတော့ ရေခဲမုန့်စားတာကို ရှောင်လိုက်ပါ။ ရေခဲမုန့်မှာ သကြားနဲ့ Lactose ပမာဏ များများ ပါဝင်တာကြောင့် အသံကို ပိုဝင်စေနိုင်ပါတယ်။ ဝက်သားခြောက်ကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ရမှာပါ။ အသံဝင်နေချိန်မှာတော့ ဝက်သားခြောက်ကို ရှောင်ရမယ်နော်။ ဘာလို့လဲဆိုတော့ ဝက်သားခြောက်မှာ ဆားများများ ပါဝင်ပြီး ရေဓါတ်ဆုံးရှုံးတာတွေ ဖြစ်စေတာကြောင့်ပါ။ အကယ်လို့ ဝက်သားခြောက် စားချင်တယ်ဆိုရင်တော့ ဆားလျှော့ရမှာပါ။ နွားနို့ အပါအဝင် နို့ထွက် ပစ္စည်းတွေက လည်ချောင်းကို ချွဲတွေပိုထစေတာမို့ အသံဝင်တာ သက်သာချင်ရင်တော့ မစားပါနဲ့ဦး။ Citrus အက်ဆစ်များတဲ့ အသီးတွေလည်း မစားပါနဲ့ဦ။ ဒီအသီးအနှံတွေဟာ ခြောက်သွေ့စေတာမို့ အသံဝင်ခြင်းကို မသက်သာစေနိုင်ပါဘူး။ ကဖင်းနဲ့ အရက်လည်း ဘယ်လောက်ပဲ ကြိုက်ကြိုက် အသံဝင်နေချိန်မှာတော့ ရှောင်ရပါမယ်။ ကဖင်းဓါတ်များတဲ့ အစားအစာတွေဟာ အသံကို ထိခိုက်စေပြီး လည်ချောင်းကြွက်သားတွေ တင်းမာခြင်းနဲ့ ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ ကြွက်သားတွေ တင်းမာနေပြီး အသံထွက်မရတာမျိုး ဖြစ်နိုင်ပါတယ်။ အသံဝင်တာတွေ မြန်မြန်ပျောက်ဖို့ဆိုရင်တော့ စားရမယ့် အစားအစာလေးတွေပဲ ရွေးစားပါနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top