iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ကိုယ်သတိထားမိတယ်
၎။ ဘယ်လိုနေလဲ
၅။ မင်းအရမ်းလှတယ်
၇။ လွမ်းတယ်
Credit : My Style
မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။
၁။ ကိုယ်သတိထားမိတယ်
တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။
၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်
ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။
၃။ ဒီအရာက မင်းကို သတိရသွားစေတယ်
ဥပမာ သင်ကြိုက်တတ်တဲ့ ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် သင့်ကို သတိရတာမျိုး၊ အကောင်းတက အကောင်းဆုံးတွေ တွေ့ရင် သင့်ကို သတိရတာမျိုးပါ။
၄။ ဘယ်လိုနေလဲ
သင်နဲ့တွေ့ရင်ဖြစ်ဖြစ်၊ ဖုန်းပြောရင်ဖြစ်ဖြစ် ဘယ်လိုနေလဲ ၊ ဒီနေ့အဆင်ပြေရဲ့လား စသဖြင့် တစ်နေ့တာလုံးရဲ့ အခြေအနေကို မေးမြန်တတ်မှာဖြစ်ပါတယ်။
၅။ မင်းအရမ်းလှတယ်
သင့်ကို ချစ်တဲ့သူတွေက သင့်ရဲ့ အလှစစ်ကိုလည်း လက်ခံမှာဖြစ်သလို သင်ဘယ်လိုနေနေ သူ့မျက်လုံးထဲမှာ လှနေမှာပါ။
၆။ ကိုယ်မင်းအတွက် အဆင်သင့်ရှိနေမယ်
အချစ်စစ်ဆိုတာ သင်လိုအပ်တဲ့အချိန်အတိုင်း အနားမှာအဆင်သင့်ရှိနေတာမျိုးပါ။
၇။ လွမ်းတယ်
ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သင့်ကို လွမ်းတာမျိုး သူခံစားရမှာပါ။ သင့်ကိုလည်း လွမ်းတယ်လို့ ပြောမှာဖြစ်ပါတယ်။
၈။ မင်းအမေကို ကိုယ်အဆင်ပြေအောင်ပြောလိုက်ပါမယ်
သင့်ကိုတကယ်ချစ်တဲ့ ချစ်သူဟာ သင့်မိသားစုနဲ့ အဆင်ပြေအောင်နေမှာပါ။ သင့်မိခင်အပေါ်မှာလည်း အမြဲတမ်း လေးစားမှာဖြစ်ပါတယ်။
၉။ သင့်ကို ချစ်စနိုးနာမည်လေးတစ်ခုပေးမယ်
သင့်ကို ချစ်စရာကောင်းတဲ့ (သို့) ရယ်စရာကောင်းတဲ့ နာမည်ပြောင်တစ်ခု သူပေးထားပြီး သင့်ကိုလည်း အဲဒီနာမည်ပြောင်ကို ခေါ်မှာဖြစ်ပါတယ်။
သင့်ချစ်သူရော ဘယ်လိုစကားတွေကို ပြောဖူးပါသလဲ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top